‘‘ဘာတွေဆက်ဖြစ်မလဲဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး’’
မောင်တောမြို့ပေါ်ရပ်ကွက်မှ ကယ်ဆယ်ရေးစခန်းသို့ တိမ်းရှောင်လာသူ ဒေါ်မသိန်းဖြူနှင့် တွေ့ဆုံခြင်း
၂၀၁၇ ဩဂုတ် ၂၄ ရက်က စတင်ကာ ဘင်္ဂါလီအကြမ်းဖက် သမားများက ရဲကင်းစခန်းများကို တိုက်ခိုက်နေသည့်ဖြစ်စဉ်ကြောင့် မြို့ပေါ်ရပ်ကွက်၌ပင် မနေရဲဘဲ ဘေးလွတ်မည်ဟု ထင်သည့် သာသနာ့ဗိမာန်သို့ ဩဂုတ် ၂၅ ရက်က စတင်ပြောင်းရွှေ့နေသူ မောင်တောမြို့ပေါ် မြို့မမြောက်ရပ်ကွက်နေ ဒေါ်မသိန်းဖြူ နှင့် 7Day Daily က မေးမြန်းချက်များကို ဖော်ပြလိုက်ပါသည်။
ကယ်ဆယ်ရေးစခန်းကို ဘယ်လို ရောက်လာရတာပါလဲ။
မောင်တောမြို့ပေါ် မြို့မ မြောက်ရပ်ကွက် မြို့ဦးရွာကဖြစ် ပါတယ်။ ဩဂုတ် ၂၄ ရက်ညက နေ ပစ်ခတ်မှုတွေဖြစ်တယ်။ မ နက်မိုးလင်းတဲ့အထိ ပစ်ခတ်သံ တွေက မစဲခဲ့ဘူး။ ကျွန်မတို့နေတဲ့ မြို့ဦးရွာက ဘင်္ဂါလီတွေနေထိုင် တဲ့ရပ်ကွက်(၅)နဲ့ အနီးဆုံးမှာရှိပါ တယ်။ ဘင်္ဂါလီရွာတွေက သေ နတ်ဖောက်ပြီးတော့ ခဏခဏ ခြောက်လန့်နေပါတယ်။ လုံခြုံ ရေးတပ်ဖွဲ့ဝင်တွေကလည်း သေ နတ်ဖောက်နေတဲ့နေရာကို သွား ပြီးရှင်းလင်းတာတွေ မလုပ်ဘူး။ တချို့နေအိမ်တွေကို ကျည်ဆန် တွေကျတဲ့အတွက် ဘေးကင်း မယ်လို့ထင်တဲ့ မြို့ထဲက သာသ နာ့ဗိမာန်ကို ပြောင်းရွှေ့ခဲ့တာဖြစ် ပါတယ်။
လက်ရှိဖြစ်စဉ်မျိုးလို ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံကို ရှင်းပြပေးပါ။
အခုလိုမောင်တောမှာ အ ကြီးအကျယ်ဖြစ်တာ သုံးကြိမ်ကြုံ ဖူးပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၂ တုန်းက နေ့လယ်ဘက်မှာပဲ ထွက်ပြေးခဲ့ရ တယ်။ ကျွန်မတို့နေတဲ့ မြို့ဦးရွာက ဘင်္ဂါလီတွေနေတဲ့ရပ်ကွက် (၅)နဲ့ နီးနီးကပ်ကပ်ရှိတာလေ။ အဲဒီ တုန်းကလည်း ဘင်္ဂါလီတွေတုတ် တွေ၊ ဓားတွေကိုင်ပြီး ရန်ပြုဖို့လာ ခဲ့ကြတယ်။ ရွာကလူကြီးတွေ ဟန့်တားခဲ့တယ်။ ကာကွယ်ခဲ့ တယ်။ ကာကွယ်နိုင်ခဲ့တယ်။
၂၀၁၆ အောက်တိုဘာ ၉ ရက်က နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်ခံရတုန်းကဆိုရင် အိမ် ကတောင် ထွက်မပြေးလိုက်ဘူး။ ကြောက်လည်း မကြောက်မိခဲ့ ဘူး။ အဲဒီတုန်းက အခြေအနေ တည်ငြိမ်မှုက မြန်မြန်ရရှိခဲ့တယ်။ လူကြီးတွေ ချက်ချင်းရောက် လာတယ်။ အားပေးစကားပြော တယ်။ သူတို့ဆောင်ရွက်ထားတာ တွေပြောပြတယ်။ အားရစရာ ကောင်းခဲ့တယ်။
အရင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်နဲ့ အခုဖြစ်စဉ်နဲ့ ဘယ်ဟာကပိုပြီး ကြောက်စရာကောင်းသလဲ။
ဒီတစ်ခေါက်က အဆိုးဆုံး အခြေအနေလို့ ပြောလို့ရတယ်။ ပေါက်ကွဲသံတွေ၊ သေနတ်ပစ်သံ တွေက နာရီပေါင်းရှစ်နာရီ လောက်ကြာခဲ့တယ်။ ညအချိန် ပစ်ခတ်သံတွေကြောင့် ပိုပြီး စိုး ရိမ်ခဲ့ရတယ်။ ဘင်္ဂါလီတွေလက် ထဲမှာ အခုက တုတ်တွေ၊ ဓားတွေ မဟုတ်တော့ဘဲ သေနတ်တွေ၊ လက်လုပ်မိုင်းတွေ ဖြစ်ကုန်ပြီ လေ။
အခုလက်ရှိ မောင်တောမြို့ပေါ် အခြေအနေ ပြောပါဦး။
အခုလက်ရှိလည်း အခြေအ နေက မကောင်းသေးဘူး။ မိုင်း ပေါက်ကွဲမှုတွေ အရပ်သားပြည် သူတွေ အသတ်ခံရမှုတွေက ဆက်ရှိနေတယ်။ ရွာတွေမှာတော့ ရဲစခန်းနဲ့ရွာသားတွေ ကာကွယ် နေကြတယ်။ ဘာတွေဆက်ဖြစ် မလဲဆိုတာ ဘယ်သူမှ မခန့်မှန်း နိုင်ဘူး။ ဘာတွေဆက်လုပ်ရမလဲ မပြောတတ်တော့ဘူး။ မောင် တောကထွက်ခွာသွားဖို့ပဲ တွေး နေမိတယ်။ မီးလောင်မှုတွေက မြို့ပေါ်မှာပါ ဖြစ်လာတယ်။ တ ဖြည်းဖြည်းအန္တရာယ်ဖြစ်လာတာ ပါ။
အကြမ်းဖက်မှုတွေဖြစ်ပြီးနောက် တာဝန်ရှိအကြီးအကဲတွေ လာ တာတွေ့ရသေးလား။
အစိုးရတာဝန်ရှိသူတွေက ဘာတွေဆောင်ရွက်နေတယ်။ ဒေသခံတွေကို ကာကွယ်ဖို့ဘယ် လိုပုံစံလုပ်နေတယ်ဆိုတာတွေကို ဘယ်သူမှမပြောပြဘူး။ ပြည် ထောင်စုအဆင့်မပြောနဲ့ ပြည် နယ်အဆင့်လူကြီးတွေတောင် ရောက်မလာသေးဘူး။ တစ်ရက် လာရင် ဘာဖြစ်မလဲ၊ ဘာဖြစ်မ လဲနဲ့ တစ်နေကုန်တယ်။ ပစ် ခတ်သံတွေကြောင့် ကလေးတွေ ဆို အမြဲကြောက်လန့်နေရတယ်။
လက်ရှိစားသောက်ရေးက ဘယ် လိုရှိလဲ။
စားရေးသောက်ရေးက နေ အိမ်တွေကို ပြန်ပြီးချက်ကြပါ တယ်။ ဈေးတွေမရောင်းတော့ အခက်အခဲရှိလာတယ်။ လော လောဆယ် လိုအပ်တာတချို့ကို အရေးပေါ်ကူညီရေးအဖွဲ့က ဆောင်ရွက်ပေးနေတယ်။ အိမ် သာအခက်အခဲရှိပါတယ်။ တခြား အခက်အခဲတွေလည်း အများကြီး ပါ။
နောက်ထပ်အခုလိုဖြစ်စဉ်တွေ မဖြစ်ရအောင် တာဝန်ရှိသူတွေကို ဘာတွေတောင်းဆိုချင်လဲ။
အကြမ်းဖက်သမားတွေရှိ နေသမျှ ဒီလိုတိုက်ခိုက်မှုတွေက ဆက်ရှိနေမှာပဲ။ ဒါကြောင့် တာ ၀န်ရှိသူတွေအနေနဲ့ အကြမ်းဖက် သမားချေမှုန်းရေးကို ပြတ်ပြတ် သားသားဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ နောက် တစ်ခုက အခုလမ်းတွေပိတ်ပြီး ဈေးဆိုင်တွေလည်း ပိတ်ထား တော့ စားသောက်ရေးက ရက် ကြာလာတာနဲ့အမျှ ဒုက္ခဖြစ်လာ တယ်။ စားသောက်ရေးတွေလို အပ်လာပါမယ်။
ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment