ဧရာဝတီတိုင်းရှိ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲ
ဧရာဝတီတိုင်းမှ ကျေး ရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးတစ် ဦးကို မြေအရောင်းအ၀ယ်ကိစ္စ တွင် လုပ်ပိုင်ခွင့်အာဏာကို အလွဲ သုံးစားပြုလုပ်သဖြင့် ကော်မရှင်က တရားစွဲဆိုထားသည်။
ငပုတောမြို့နယ် ငရုတ် ကောင်းမြို့ သဲဖြူကျေးရွာနေ နစ်နာသူများက အုပ်ချုပ်ရေးမှူး ဦးသန်းဌေးနှင့် စာရေးဦးတင်ဝင်း တို့ကို အမျိုးသားလွှတ်တော်သို့ တိုင်ကြားခဲ့သည်။ အမျိုးသား လွှတ်တော်က လွှဲပြောင်းပေးသ ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်က သြဂုတ် ၂၅ ရက်တွင် တရားစွဲဆိုအရေးယူခဲ့ခြင်းဖြစ်သည်။
အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်၏ စုံစမ်းစစ် ဆေးမှုအရ ကျေးရွာအုပ်ချုပ်ရေး မှူးသည် မြေလွတ်၊ မြေရိုင်း အ ရောင်းအ၀ယ်ကိစ္စတွင် ထောက်ခံ လက်မှတ်ရေးထိုးပြီး မြေရောင်း သူ ရှစ်ဦးနှင့် မြေပွဲစားထံမှ ငွေ ကြေး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်၌ တရားစွဲဆိုအရေးယူခဲ့ကြောင်း ကော်မရှင်က ထုတ်ပြန်သည်။
ထို့အပြင် အုပ်ချုပ်ရေးမှူး ရုံးစာရေးဦးတင်ဝင်းသည်လည်း အစည်းအဝေးများတက်ရောက် ရန် ပျက်ကွက်ခဲ့ကြောင်းနှင့် ၎င်း၏ လုပ်ငန်းတာဝန်များကို မထမ်း ဆောင်ဘဲ လစဉ် ထောက်ပံ့ငွေပေး ၍ လူစားထိုးတာဝန်ထမ်းဆောင် စေခဲ့ကြောင်း၊ မြေအရောင်းအ၀ယ်ပြုလုပ်ရာတွင် သက်သေအဖြစ် ကိုယ်တိုင်ပါဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ) အရ အရေးယူရန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားကြောင်း ကော်မရှင်က ထုတ်ပြန်သည်။
‘‘ဥပဒေအရ သက်ဆိုင်ရာ ၀န်ကြီးဌာနက အရေးယူဖို့ ပို့ရတယ်’’ဟု အဂတိလိုက်စားမှု ကော်မရှင်အဖွဲ့ဝင် ဦးသင်းမောင်က ပြောသည်။
ထို့အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးသည့် အမှု ၃၁ မှုတွင် ၂၁ မှုအထိ တရားစွဲနိုင်ခဲ့ပြီး အဆိုပါ ၂၁ မှုအနက် ထက်ဝက်ကျော်သည် အစိုးရသစ်လက်ထက်၌ စွဲဆိုခဲ့သော အမှုများဖြစ်သည်။
အဂတိလိုက်စားမှုတိုက် ဖျက်ရေးဥပဒေပုဒ်မ ၃၀ (ခ)တွင် ကော်မရှင်သည် စုံစမ်းစစ်ဆေး ချက်အရ စွပ်စွဲခံရသူအပေါ် ၀န် ထမ်းစည်းကမ်းအရသာ အရေး ယူသင့်သည်ဟု ယူဆပါက ယင်း ၏ ၀န်ထမ်းအကြီးအကဲထံ အ ကြောင်းကြားရမည်ဟုပါရှိသည်။
အဂတိလိုက်စားမှု တိုက် ဖျက်ရေးဥပဒေ၏ ပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ၁၀ နှစ်ထက်မပိုသော ထောင် ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ် လည်းချမှတ်နိုင်ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ တွင် ဖော်ပြထားသည်။
7Day News
Sunday, August 27, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment