Latest News

Friday, August 11, 2017

ပုသိမ်တွင် မူးယစ်ဆေး ရောင်းချသူနှစ်ဦး ဖမ်းမိ

ပုသိမ်တွင် မူးယစ်ဆေး ရောင်းချသူနှစ်ဦး ဖမ်းမိ

ပုသိမ်၊ သြဂုတ် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မူးယစ်ဆေး လက်ဝယ်ထားရှိ ရောင်းချသူနှစ်ဦးကို သက်သေခံ မူးယစ်ဆေးများနှင့်အတူ သြဂုတ်လ ၁၀ ရက်နေ့ညက ဖမ်းဆီးရမိကြောင်း ပုသိမ်မြို့ နယ်မြေရဲစခန်းမှ သိရှိရသည်။

ပုသိမ်မြို့ရှိ မူးယစ်ဆေးတိုက်ဖျက်ရေးတပ်ဖွဲ့စု အမှတ် ၄၉ မှ ရဲအုပ် သင်းအောင်အောင်မျိုး ဦးဆောင်သော တပ်ဖွဲ့ဝင်များက သတင်းအရ ပုသိမ်မြို့ အမှတ် ၅ ရပ်ကွက် ရှင်ပင်ဘုန်းပွင့်လမ်း မော်တင်စွန်း မုန့်ဆိုင်အနီး စောင့်ဆိုင်းနေစဉ် ဆိုင်ကယ်မောင်းနှင်လာသော အသက် ၃၁ နှစ်ရှိ အောင်ကိုကိုဦး (ခ) ရှရက်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ၄င်းထံမှ WYစာတန်းပါ လိမ္မော်ရောင် မူးယစ်ပြား ၂၇ ပြား ကို စတင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း ပုသိမ်နယ်မြေ ရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိက ပြောသည်။

အောင်ကိုကိုဦး (ခ) ရှရက်က အသက် ၃၇ နှစ်ရှိ မင်းမင်း (ခ) ဗလထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ပုသိမ်မြို့ အမှတ် ၃ ရပ်ကွက် မြကျွန်းသာလမ်း မီးပွိုင့်အနီး ချိန်းဆို၍ ထိုဆေးပြား တစ်ပြားလျှင် ၁၉၀၀ ကျပ်ဖြင့် ဝယ်သူခဲ့ကြောင်း ထွက်ဆိုသဖြင့် မင်းမင်း (ခ) ဗလအား လိုက်လံစုံစမ်းရှာဖွေရာ ပုသိမ်မြို့ အမှတ် ၂ ရပ်ကွက် ကမ်းနားလမ်း ရေပေါ်ညဈေးတွင် တွေ့ရှိစစ်ဆေးရာ မှ WYစာ တန်းပါ လမ္မော်ရောင် မူးယစ်ဆေးပြား ၄၉ ပြားနှင့် အတူ ငွေ ၅၆၀၀၀ ကျပ်ကို သိမ်းဆည်းရမိကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ထို့အပြင် မူးယစ်ဆေး ချိန်းဆိုရောင်းဝယ်ရာတွင် အသုံးပြု ခဲ့သော အောင်ကိုကိုဦး (ခ) ရရှက်၏ ဆိုင်ကယ် (၅၁ ယ) ၁၆၈၅၈ KANBO 110 တစ်စီး နှင့် OPPO အမျိုးအစား အနက်ရောင် လက်ကိုင်ဖုန်း တစ်လုံး၊ မင်းမင်း (ခ) ဗလ၏ ဆိုင်ကယ် (၂၉ ယ) ၅၂၅၄၂ HONDA WAVE 110 တစ်စီး နှင့် Lenovo အနက်ရောင် ဆန်းဒရိုက် လက်ကိုင်ဖုန်း တစ်လုံးတို့အား သက်သေခံပစ္စည်းအနေနှင့် သိမ်းဆည်းသည်။

သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် ပုသိမ်မြို့အမှတ် ၆ ရပ်ကွက် မြို့ပတ်လမ်းနေ အောင်ကိုကိုဦး (ခ) ရှရက် ၃၁ နှစ် နှင့် အင်္ဂပူမြို့နယ် ကွင်းကောက်မြို့ သာပေါင်းရပ်ကွက်နေ မင်းမင့်း (ခ) ဗလ ၃၇ နှစ်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅၊ ၁၆(ဂ)၊ ၂၁ တို့နှင့် အမှုရေးဖွင့်ကာ အရေးယူ ဆောင်ရွက်ထားကြောင်း ပုသိမ်နယ်မြေ ရဲစခန်းမှ သိရှိရသည်။

The Voice

No comments:

Post a Comment