ရန်ကုန်- မန္တလေးအမြန် လမ်းမဘေးရှိ မှော်ယောကြီး ဆင်စခန်း
မြန်မာနိုင်ငံတွင် ဆင်ခရီးသွားလုပ်ငန်းများ တွင်ကျယ်လာအောင် အစိုးရအနေဖြင့် လုပ်ဆောင်နေပြီဖြစ်ကြောင်း မှော်ယောကြီးဆင်စခန်းမှ တာဝန်ခံ ဦးတင်ကျော်မိုး ကပြောသည်။
မြန်မာနိုင်ငံရှိ ဆင်ခရီးသွားလုပ်ငန်း ကို ထိုင်းနိုင်ငံ ရှိ ဆင်လုပ်ငန်းများနှင့်မတူသည့် စိတ်ဝင်စားဖွယ် အစီအစဉ်များ ဆောင်ရွက်ရန်ရှိကြောင်း တာဝန်ခံဦးတင်ကျော်မိုး ကပြောသည်။
ယင်းအစီအစဉ်တွင် ဆင်များနှင့်အတူ ရေဆော့ကစား နိုင်ရန် ရေကူးကန် ထားရှိခြင်း၊ ရာသီဥတုကိုလိုက်၍ စက်ဘီးများဖြင့် တောတွင်းခရီးကြမ်းစီးခြင်း၊ တောင်မြင့်ပေါ်မှ အရှေ့ရိုးမတောင်တန်း ရှုခင်းဆည်းဆာ မြင်တွေ့နိုင်မည့် မျှော်စင်ထားရှိခြင်း နှင့် pre_wedding များအတွက် နေရာထားရှိခြင်း စသည့်အရာများပါဝင်သည် ဟု ၄င်းကပြောသည်။
"ကားတွေ ဆိုင်ကယ်တွေဘဲစီးရတာလေ၊ ဆင်စီးရတာဆိုတော့ ခံစားချက်က မတူဘူးလေ၊ ပျော်တာပေါ့" ဟု ရန်ကုန် မှလာရောက်လည်ပတ်သည့် ခရီးသည်တစ်ဦးကပြောသည်။
မြန်မာနိုင်ငံတွင် ဆင်စခန်းစုစုပေါင်း ၁၈ ခုရှိသည့်အနက် မှော်ယောကြီးဆင်စခန်း အပါအဝင် ဆင်စခန်း ၈ ခုမှာ မကြာသေးမီ နှစ်ကပင် စတင်ခဲ့ပြီး အစိုးရအနေဖြင့် ဌာန တစ်ခုအဖြစ် ထားရှိကာ ကြိုးစားဆောင်ရွက်နေသည် ဟု မှော်ယောကြီးဆင်စခန်း မှ တာဝန်ခံ ဦးတင်ကျော်မိုး ကပြောသည်။
မှော်ယောကြီး ဆင်စခန်း သည်ရန်ကုန်-မန္တလေး အမြန်လမ်းမဘေး မိုင်တိုင်အမှတ် ၁၀၅ မိုင်၊ လေးဖာလုံနဲ့ ငါးဖာလုံကြားတွင်တည်ရှိသည်။
ခေါင်နုတ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment