ပြည်သူတွေရဲ့ အဓီကလိုအပ်ချက်တွေ အစိုးရမဖြည့်ဆည်းနိုင်သေး
ဟံသာနွန်
မွန်ပြည်နယ် သထုံခရိုင်အတွင်း ဒေသဖွံ့ဖြိုးတိုးတတ်ရေးအတွက် စီမံကိန်း ရေးဆွဲရာတွင် ပြည်သူများရဲ့  အဓီကလို အပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတား၊ ရေရှိရေးနှင့် လျှပ်စစ်မီးရရှိရေး ကဏ္ဍ ၅ ရပ်မှာ အများဆုံးလိုအပ်နေဆဲဖြစ်သည်။
“သထုံခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းရေးဆွဲရာမှာ ဒီကဏ္ဍ ၅ ရပ် က လိုအပ်ချက်အများဆုံးဖြစ် နေတယ်”လို့  သထုံခရိုင်စီမံကိန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ချိုက ပြောသည်။
အဆိုပါလိုအပ်ချက်များနှင့်ပတ်သတ်၍ စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုလည်း သြဂုတ် ၂၅ရက်နေ့က သထုံမြို့ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ သည်။
လက်တလေ ပြည်သူတွေရဲ့  အဓီကလိုအပ်ချက်များကို ပြည်ထောင်စုအဆင့်တာဝန်ရှိသူများကို ဦးစားပေးတင်ပြသွားရန်လည်း စီမံကိန်းရေးဆွဲရေးနှင့် အကောင်အထည်ဖော်ရေးကော်မတီကစီစဉ်နေသည်။
အခြေခံကျဆုံး သော ပြည်သူတွေရဲ့  အဓီကလိုအပ်ချက်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ဖြည့်ဆည်းပေးဖို့ လိုအပ်ပြီးအဆိုပါ ကဏ္ဍ ငါးရပ် မပြည်စုံပဲဒေသဖွံ့ ဖြိုးတိုးတက်မှုမရှိနိုင်ကြောင်းအမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်လင်းထွဋ် ကပြောသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment