မြောင်းမြမြို့ ကသိန်း(၈၀)လုသည့်တရားခံဖော်ထုပ်ဖမ်းဆီးခဲ့ရာအမျိုးသ္မီးတဦးပါဝင်နေပြီး(၃)ဖမ်းဆီးရမိ
----------------------------------------------------------------------------------------------------------ဧရာဝတီ တိုင်းဒေသကြီး မြောင်းမြမြို့မှနေ့ခင်းအချိန် ငွေသားသိန်း ၈၀ ခန့်နှင့်လက်ကိုင်ဖုန်း ၂ လုံးတို့အားအိပ်ပေါ်တက်ပြီးဓားထောက်လုသော အမျိုးသ္မီး တဦးပါဝင်သောလုယက်မှုကြီးအား ပြည်သူတို့ရဲ့ကူညီမှုများရယူပြီး ဧရာဝတီ တိုင်းရဲတပ်ဖွဲ့က(၁၀)ရက်ကြာခက်ခဲစွာဖော်ထုပ်ဖမ်းဆီးခဲ့ရကြောင်းသိ့ရသည်။
ဖြစ်စဉ်အကျင်းမှာ ၄.၈.၂၀၁၇.ရက်နေ့နံနက် ၁၁ နာရီကျော် အချိန်ခန့် မနှင်းဝင့်အောင် အသက် ၂၁ နှစ်သည် မိမိနေအိမ်ပေါ် တယောက်တည်းအိပ်ရင်းစာဖတ်နေချိန် အိမ်ရှေ့မှလူရိပ်မြင်တွေ့ရသဖြင့် အမျိုးသားလူငယ်နှစ်ဦး အပြေးဝင်လာပြီး တယောက်က မျက်နှာအားအစိမ်းရောင်ပုဝါနှင့်ပိတ်စီးလိုက်ပြီး လည်ပင်းအားစတီးဓားဦးချွန်ထောက်ထားလိုက်ပြီး မအော်ရန်ဟန့်တားပြီး အိမ်ရှေ့သေတ္တာအတွင်းမှ အများသုံးငွေ စက္ကူ ရောနှော သိန်း ၈၀ ခန့်နှင့် အိမ်နောက်ဘက်ရှိ အိုပို လက်ကိုင်ဖုန်း နှစ်လုံးတို့ယူဆောင်သွားသဖြင့် မြောင်းမြမြို့မရဲစခန်းသို့မနှင်းဝင့်အောင်ကတရားလိုပြုတိုင်ကြား၍မြောင်းမြမြို့မရဲစခန်း(ပ)၃၅၆/၂၀၁၇. ရာဇသတ်ကြီးပုဒ်မ ၃၉၄/၁၄၄ ဖြင့်အမှုဖွင့်၍ အမှုအား စခန်းမှူးဒုရဲမှူးအောင်ဇော်မင်း စစ်ဆေးသောအမှုဖြစ်သည်။
စခန်းမှူးကအဆင့်ဆင့်တင်ပြခြင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှု/ကူဌာနစုမှ ဒုရဲမှူးစန်းမြင့် က ရဲအုပ်ရာဇာမြငြိမ်း နှင့်ရဲတပ်ကြပ်ထွန်းထွန်းဝင်း တို့အား မြောင်းမြရဲစခန်းမှူးနှင့်အတူပူးပေါင်းပြီး တရားခံများအားအမြန်ဆုံးဖော်ထုပ်ဖမ်းဆီးနိုင်ရန်အတွက် အထူးတာဝန်ပေးအပ်ခဲ့သည်။
မြောင်းမြရဲခန်းသို့ရောက်ရှိပြီး ခရိုင်ရဲတပ်ဖွဲ့ရုံး မှု/ကူ ဌာနစုမှ ရဲအုပ်အောင်ထွန်းဝင်း ခေါင်းဆောင်သောအဖွဲ့ မြောင်းမြမြို့ရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဆွေမြင့် ခေါင်းဆောင်သောအဖွဲ့ ဒုရဲအုပ်မောင်သူ ခေါင်းဆောင်သောအဖွဲ့ ငယ်ဖွဲစည်းကြပြီးပြိုင်တူလှူပ်ရှားပူးပေါင်းဆောင်ရွက်ကြသည်။
ရဲအုပ်ရာဇာမြငြိမ်း နှင့်အဖွဲ့သည် ၅.၈.၂၀၁၇. ရက်နေ့မှာ တရားလိုနှင့်နေအိမ်ပတ်ဝန်းကျင်အား ထပ်မံစစ်ဆေးဆောင်ရွက်ကြရာ တရားခံ၏ ပုံသဏ္ဍန်အရပ်မောင်း နားတဖက်တွက်တွင်ကြယ်ပုံ နားကပ် ပန်ဆင်ထားကြောင်းနှင့်အရပ်အနိတ်အမြင့်တို့သိ့ခဲ့သည်။
ပူးပေါင်းအဖွဲ့တို့သည် ၆.၈.၂၀၁၇. ရက်နေ့မှာ ပြည်သူတို့ထံမှ ရရှိခဲ့သောသတင်းများအား စုစည်းအတည်ပြုကြရာ ၁၀ ရပ်ကွက်မှ ထင်ရသော အမျိုးသားနှစ်ဦးနှင့်အမျိုးသ္မီးတဦးတို့သည် မြို့ပတ်လမ်းရှိ ပန်းစွယ်တော် စားသောက်ဆိုင်မှာ ယ္ခုရက်ပိုင်းအတွင်း တသောင်းတန် ငါးထောင် များအထပ်လိုက်ကိုင် ပြီးစားကောင်းသောက်ဖွယ် ကောင်းကောင်းစားသောက်သုံးဖြုံးနေကြောင်းသတင်းရရှိအတည်ပြုနိုင်ခဲ့သည်။
ရဲအုပ်ရာဇာမြငြိမ်း နှင့်အဖွဲ့ကအသွင်ယူပြီး ၎င်းစားသောက်ဆိုင်သွားရောက်စားပြီးလေ့လာစောင့်ကြည့်ခဲ့ရာ သိ့ရှိထားသောတရားခံတို့ရဲ့ပုံသဏ္ဍန်နှင့်တူနေသောကြောင့်အတည်ပြုနိုင်ရန်အတွက် နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ဆွေမြင့် နှင့်အတူ ၁၀ ရပ်ကွက်ရာအိမ်မှူးဦးကျော်ဝင်ထံ သွားရောက်ပြီးစုံစမ်းကြရာ ထောင်ရောင်နေလမ်းက မင်းထက်(ခ)ဟာကင်း. အသက် ၁၉ နှစ်(ဘ)ဦးဇော်ခင်ဦး ဒိန်းဒေါင်း မောင်း ဇနီး နှင်းရည်မွန် အသက် ၁၉ နှစ်(ဘ)ဦးသန့်ဇင် နောက်တယောက်ကတလမ်းတည်းအတူနေ ဇင်ကို(ခ)ဇင်ကြီး(ခ)ဘာဘူလေး(ဘ)ဦးဇော်မင်း တို့ဖြစ်ကြောင်း ယ္ခုရက်ပိုင်းအတွင်း မှာ ငွေများအလျှံပယ်သုံးနေကြပြီး အင်္ကျီ အဝတ်စားသစ်များနှင့်လန်းနေကြကြောင်းသိ့ခဲ့ရသည်။
ပူးပေါင်းအဖွဲ့က ဆက်လက်ပြီး အသေးစိတ်စုံစမ်းကြပြီး ၁၃.၈.၂၀၁၇. ရက်နေ့မှာ၎င်းတို့အား စခန်းသို့ခေါ်ဆောင်ထိန်းသိမ်း ချုပ်ရီမာန်တောင်းခံပြီး မှုစစ်အဖွဲ့ကသီးခြားစီထားစစ်ဆေးခဲ့ကြရာ တရားခံများတူညီစွာထွက်ဆိုသည်မှာ ၄.၈.၂၀၁၇. နေ့နံနက် ၁၁ နာရီ ကျော်အချိန်ခန့် အရင်ရက်ကကြိုတင်လေ့လာတိုင်ပင်ထားသော တယောက်တည်းနေတတ်သော မနှင်းဝင့်အောင် နေအိမ်သို့ ဆိုင်ကယ် တစီး ၃ ယောက်အတူစီးခဲ့ကြပြီး ကြိုတင်ဇာတ်တိုက်ထားသည့်အတိုင်း မင်းထက်(ခ)ဟာကင်းရဲ့ဇနီးနှင်းရည်မွန် ကအိမ်ရှေ့မှလူစောင့်ကြည့်ရင်းဆိုင်ကယ်နှင့်အတူစောင့်နေပြီး နှစ်ဦးအတူအိမ်အတွင်းပြေးဝင်ကြပြီးအိပ်စာဖတ်နေသောအမျိုးသ္မီးအား ဇင်ကို(ခ)ဇင်ကြီး(ဘ)ဘာဘူလေးက အသင့်ယူဆောင်လာသော စတီးဓားဦးချွန် နှင့်လည်ပင်းအားထောက်ထားလိုက်ပြီး မအော်ရန်ပြော၍ပါးစပ်အားပုဝါနင့်ပိတ်ထားလိုက်သည် ဆက်တိုက်အလျှင်အမြန် မင်းထက်(ခ)ဟာကင်းကအိမ်ရှေ့ရှိသေတ္တာအတွင်းမှအများသုံးငွေစက္ကူနှောအထုပ်များအား မည်မျှရှိမည်မသိ့အိပ်အတွင်းတည့်လိုက်ပြီးအိမ်နောက်ဘက်ခုံပေါ်မှ အဖြူရောင်လက်ကိုင်ဖုန်းနှစ်လုံးအားယူဆောင်ပြီးသည်နှင့်အိမ်ရှေ့ပြေးထွက်အသင့်စောင့်နေသောဆိုင်ကယ်နှင့်သုံးဦးအတူမောင်းနှင်ထွက်ပြေးခဲ့ကြပါသည်။
ရွှေဂုံတိုင် ၃ လမ်းရောက်မှာ ရပ်၍တိုင်ပင်ကြပြီးဖုန်းနှင့်ဓားတို့အားရေမြောင်းအတွင်းလွင့်ပစ်ခဲ့ပြီး အိမ်ရောက်သည်နှင့်သုံးရန်ပိုက်ဆံအနည်းငယ်စီခွဲယူကြပြီး နေအိမ်လှေကားအောက်မှာကျွပ်ကျွပ်အိပ်နှင့်ထည့် မြေမှာတူးမြုတ်ဝှက်ထား လိုက်ကြသည်။
နောက်တနေ့ မှာပိုက်ဆံများထပ်မံထုပ်ကြပြီး ရွှေတည်ပစ္စည်းများအတူလုပ်ကြတယ် ပေါင်ထားသော ဆိုင်ကယ်အား ၂ သိန်း ၃ သောင်းနှင့်ပြန်ရွေးခဲ့ကြကြောင်း ကျန်ရှိသောငွေများမှာ နေအိမ်လှေခါးအောက်မှာရှိကြောင်းဆိုခဲ့သဖြင့် ဥပဒေနှင့်အညီ သွားရောက်သိမ်းဆည်းကြရာ ၅၃ သိန်းနှင့်ဝယ်ယူထားသောရွှေထည်များသိမ်းဆည်းနိုင်ခဲ့ နောက်ဆိုင်ကယ်ရွေးငွေ ၂၃၀၀၀၀ ထပ်မံသိမ်းဆည်းပေါင်းလျှင် ၅၅ သိန်း ၃ သောင်းသိမ်းဆည်းနိုင်ခဲ့၏
ဆက်လက်၍ဓားနှင့်လက်ကိုင်ဖုန်းပစ်ခဲ့သောနေရာအားသက်သေများနှင့်အတူသွားရောက်ရှာဖွေကြရာဖုန်းများပြန်လည်ရရှိပြီးဓားရှာမတွေ့ခဲ့ ရ အမှုစစ်မှရဲလုပ်ငန်းများ အမြန်းပြီးပြတ်အောင်ဆောင်ရွက်ပြီး သက်ဆိုင်ရာတရားရုံးမှာတရားစွဲတင်သွားမည်ဖြစ်ကြောင်းသိ့ရပါသည်။
ရွှေဘိုဝဠာ
https://www.facebook.com/shwebowalarcrimenews/posts/1425423900868231
No comments:
Post a Comment