ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းကို ကန်ဒေါ်လာ သန်း ၃၀၀ ကျော်သုံးစွဲအဆင့်မြှင့်တင်မည်
ရန်ကုန်မြို့ပတ်ရထား လမ်းပိုင်းကို ကန်ဒေါ်လာ သန်း ၃၀၀ ကျော်သုံးစွဲ၍ အောက်တို ဘာကစတင်ကာ အဆင့်မြှင့်တင် မည်ဟု မြန်မာ့မီးရထား ဦးဆောင် ညွှန်ကြားရေးမှူး ဦးသူရိန်ဝင်းက ပြောသည်။
အဆိုပါလမ်းပိုင်းကို ဂျပန် အစိုးရ၏ ချေးငွေ ကန်ဒေါ်လာ ၂၀၆ သန်းကျော်နှင့် နိုင်ငံတော် ဘတ်ဂျက်ငွေ ကန်ဒေါ်လာ ၉၄ သန်းကျော်ဖြင့် အဆင့်မြှင့်တင် မည်ဖြစ်သည်။
ဂျပန်နိုင်ငံမှ ချေးငွေကို ရထားဝယ်ယူခြင်း၊ အချက်ပြစနစ်ပစ္စည်းများ ဝယ်ယူခြင်းတို့အတွက် သုံးစွဲမည်ဖြစ်ပြီး နိုင်ငံတော်ဘတ်ဂျက်ငွေကို လမ်းပိုင်း ပြုပြင်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများတွင် အသုံးပြုမည်ဟု ဦးသူရိန်ဝင်းက ပြောသည်။
မြို့ပတ်ရထားလမ်းပိုင်းကို အရှေ့ခြမ်းနှင့်အနောက်ခြမ်းဟူ၍ အပိုင်းနှစ်ပိုင်းဖြင့် စတင် အဆင့် မြှင့်တင်မည်ဖြစ်ပြီး အရှေ့ခြမ်းကို အောက်တိုဘာမှ ၂၀၁၈ မေလအထိလည်းကောင်း၊ အနောက်ခြမ်းကို ၂၀၁၈ အောက်တိုဘာ ၂၀၁၉ မေလအထိလည်းကောင်း စီမံကိန်းကာလ သတ်မှတ်လုပ်ဆောင်မည်ဟု မြန်မာ့မီးရထားက သြဂုတ် ၂၅ ရက်တွင် သတင်းထုတ်ပြန်သည်။
စီမံကိန်းအပိုင်းလိုက် လုပ် ဆောင်နေစဉ်အတွင်း အသွား/အပြန် နှစ်လမ်းရှိသည့် လမ်းအား တစ်လမ်းကိုသာ ခုတ်မောင်းပြေး ဆွဲစေပြီး ကျန်တစ်လမ်းကိုဖြုတ် ၍ အဆင့်မြှင့်မည်ဟု သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထိုသို့ လမ်းပိုင်းအဆင့်မြှင့် တင်မှု ဆောင်ရွက်နေစဉ်အတွင်း ဂျပန်နိုင်ငံမှ ရထားတွဲဆိုင်း ၁၁ ဆိုင်း(၁၁စီး) ဝယ်ယူမည်ဖြစ်ပြီး ၂၀၂၀ တွင် စတင်ရောက်မည် ဖြစ်ကြောင်း မြန်မာ့မီးရထားအထွေထွေမန်နေဂျာ (စစ်ဆေးရေး)ဦးဘမြင့်က ပြောသည်။
‘‘အရင်က ငွေကြေးအခက် အခဲကြောင့် တစ်ပတ်ရစ်၊ သူများ နိုင်ငံက အကျရထားတွဲတွေကို ဝယ်ပြီး ပြန်သုံးနေခဲ့ရတာပါ။ အခု ဝယ်မှာက လေအိတ်ပါတဲ့တွဲ အသစ်တွေဖြစ်ပါတယ်။ လမ်းပိုင်း လည်း ပြင်ပြီးပြီဆိုတဲ့အခါမှာ လက်ရှိ ကြုံတွေ့နေရသလို ရထားစီးတဲ့အခါမှာ ခါယမ်းတာမျိုးတွေရှိတော့မှာမဟုတ်ဘူး’’ဟု ၎င်းက ပြောသည်။
အဆိုပါလမ်းပိုင်း အဆင့် မြှင့်တင်ခြင်း၊ ရထားတွဲအသစ် များ ထည့်သွင်းပြေးဆွဲခြင်းများ ပြုလုပ်ပါက မြို့ပတ်ရထား ခုတ် မောင်းပြေးဆွဲသည့် မြန်နှုန်းကို၁ နာရီလျှော့ချနိုင်မည်ဟု ဦးဘမြင့်က ပြောသည်။
လက်ရှိ မြို့ပတ်ရထားလမ်း ပိုင်းသည် ၂၉ မိုင်ခန့်ရှည်လျားပြီး တစ်ပတ်ခုတ်မောင်းချိန် ၂ နာရီ ၅၀ မိနစ်ခန့်ကြာမြင့်ရာမှ ယင်း စီမံကိန်း ပြီးစီးပါက ၁ နာရီ ၅၀ မိနစ်ခန့်သာ ကြာတော့မည်ဖြစ် သည်ဟု ၎င်းကဆိုသည်။
မြန်မာ့မီးရထားသည် လက် ရှိ၌ တစ်ရက်လျှင် ရထား ၂၂ စီးဖြင့် နေ့စဉ် အခေါက်ရေ ၂၂၀ ပြေးဆွဲနေသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment