Latest News

Tuesday, August 8, 2017

ရဲတပ္သားက ေနအိမ္ထဲ ေသနတ္နဲ႔ဝင္ပစ္လို႔ ၂ ဦး ေသဆံုး


ရဲတပ္သားက ေနအိမ္ထဲ ေသနတ္နဲ႔ဝင္ပစ္လို႔ ၂ ဦး ေသဆံုး

ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕နယ္၊ အမွတ္(၃)ရပ္ကြက္မွာ အခု လ ၆ ရက္ေန႔ညက ရဲတပ္သားတစ္ဦး က ေနအိမ္ထဲ၀င္ၿပီး ေသနတ္နဲ႔ပစ္ခတ္တာေၾကာင့္ အမ်ိဳးသား ႏွစ္ဦး ေသဆံုးၿပီး သံုးဦးကေတာ့ ဒဏ္ရာရရွိသြား ပါတယ္။

ေသနတ္နဲ႔ပစ္ခတ္တဲ့ ရဲတပ္သားဟာ ကြတ္ခိုင္ၿမိဳ႕မရဲစခန္းကျဖစ္ၿပီး လက္ရွိမွာ အဲဒီရဲတပ္သားကို အမႈဖြင့္အေရး ယူထားၿပီး စစ္ေဆးမႈေတြျပဳလုပ္ေနတယ္လို႔ မူဆယ္ခရိုင္ရဲတပ္ဖြဲ ့က ဒုရဲမွဴးမိ္ုးညႊန္႔က RFA ကိုေျပာပါတယ္။


ဒဏ္ရာရရွိထားတဲ့ အမ်ိဳးသား ၃ ဦးကို လားရႈိးေဆးရံုမွာ ကုသေပးေနၿပီး အဲဒီအထဲက တစ္ဦးဟာ ဒဏ္ရာျပင္းထန္ ၿပီး အသက္အႏၱရာယ္ စိုးရိမ္ရတဲ့ အေျခအေနရွိေနပါတယ္။

ဒီအမႈဟာ မူယစ္ေဆး၀ါး သံုးစြဲမႈေတြနဲ႔ ဆက္စပ္ေနႏိုင္တယ္လို ့ ကြတ္ခိုင္ၿမိဳ ႔ခံေတြၾကားမွာ ေဝဖန္မႈေတြရွိေန ပါတယ္။

ရဲတပ္သားအေနနဲ႔ ဘာေၾကာင့္ ဒီလိုေသနတ္နဲ႔ ပစ္ခတ္ရတယ္ဆိုတာကိုေတာ့ အတိအက် မသိရေသးေၾကာင္းနဲ႔ လက္ရွိမွာျဖစ္စဥ္ကိုစံုစမ္းေနဆဲျဖစ္ၿပီး အေသးစိတ္အခ်က္အလက္ကို သိရွိရရင္ သတင္းထုတ္ျပန္ေပးသြား မွာျဖစ္တယ္လို႔ မူဆယ္ခရိုင္ရဲတပ္ဖြဲ ့မွဴး ရဲမွဴးမိုးညႊန္႔ ကေျပာပါတယ္။

RFA Burmese

Unicode

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်မှာ အခု လ ၆ ရက်နေ့ညက ရဲတပ်သားတစ်ဦး က နေအိမ်ထဲဝင်ပြီး သေနတ်နဲ့ပစ်ခတ်တာကြောင့် အမျိုးသား နှစ်ဦး သေဆုံးပြီး သုံးဦးကတော့ ဒဏ်ရာရရှိသွား ပါတယ်။

သေနတ်နဲ့ပစ်ခတ်တဲ့ ရဲတပ်သားဟာ ကွတ်ခိုင်မြို့မရဲစခန်းကဖြစ်ပြီး လက်ရှိမှာ အဲဒီရဲတပ်သားကို အမှုဖွင့်အရေး ယူထားပြီး စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ ့က ဒုရဲမှူးမိ်ုးညွှန့်က RFA ကိုပြောပါတယ်။

ဒဏ်ရာရရှိထားတဲ့ အမျိုးသား ၃ ဦးကို လားရှိုးဆေးရုံမှာ ကုသပေးနေပြီး အဲဒီအထဲက တစ်ဦးဟာ ဒဏ်ရာပြင်းထန် ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေရှိနေပါတယ်။

ဒီအမှုဟာ မူယစ်ဆေးဝါး သုံးစွဲမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်လို ့ ကွတ်ခိုင်မြို ့ခံတွေကြားမှာ ဝေဖန်မှုတွေရှိနေ ပါတယ်။

ရဲတပ်သားအနေနဲ့ ဘာကြောင့် ဒီလိုသေနတ်နဲ့ ပစ်ခတ်ရတယ်ဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းနဲ့ လက်ရှိမှာဖြစ်စဉ်ကိုစုံစမ်းနေဆဲဖြစ်ပြီး အသေးစိတ်အချက်အလက်ကို သိရှိရရင် သတင်းထုတ်ပြန်ပေးသွား မှာဖြစ်တယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ ့မှူး ရဲမှူးမိုးညွှန့် ကပြောပါတယ်။

RFA Burmese

No comments:

Post a Comment