မောင်တောတွင် တစ်ရက်အတွင်း အဆောက်အဦ ၂၀၀ကျော်
မီးလောင်ပျက်စီး
ရန်ကုန်၊ သြဂုတ် ၂၆
စိုးသူအောင်
လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်ခံနေရသည့် မောင်တောဒေသတွင် မီးလောင်မှုကြောင့် ယနေ့ တစ်ရက်အတွင်း အဆောက်အဦ ၂၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု အတိုင်ပင်ရုံးထုတ်ပြန်ချက်အရ သိရသည်။
တပ်မတော်၏ ပစ်ခတ်မှုကြောင့် မဟုတ်ဘဲ ရွာသားများကိုယ်တိုင် (သြဂုတ် ၂၆) ရက် နံနက်၅ ခန့်က မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု အစိုးရဘက်က ထုတ်ပြန်သည်။
မီးလောင်မှုကြောင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ အရှေ့ပိုင်းရပ်ကွက်မှ အိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၂ ခု၊ အာရဗီကျောင်း ၈ ကျောင်း စုစုပေါင်း အဆောက်အဦး ၂၀၃ ခုပျက်ဆီးခဲ့ရသည်။
ထို့အပြင် ကား ၉ စီး နှင့် ဆိုင်ကယ် ၄ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီမှသိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များတိုက်ခိုက်သူများဘက်မှ နွားရုံတောင်ကျေးရွာအနီး တွင် ၁၅၀ ဦးခန့်၊ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းစခန်းအား ၃၀၀ ဦးခန့်နှင့် တပ်မတော်နှင့်ရဲ ပူးပေါင်းအဖွဲ့တို့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းသိရသည်။
မြို့သူကြီးကျေးရွာအတွင်း ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ဆွဲမိုင်းများဖြင့် အဝေးမှ မိုင်းထောင်ဖောက်ခွဲ ခြင်းများ ပြုလုပ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သောကြောင့် အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ သည်။
သြဂုတ် ၂၆ ရက်တစ်ရက်တည်းတွင် စုစုပေါင်း မိုင်း ၁၄ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။
ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု ဆင်အိုးကျေးရွာအတွင်းသို့ သြဂုတ်လ ၂၅ ရက် ည ၁၁နာရီ ခန့်က အင်အား ၅၀၀ ခန့် ဝင်ရောက်ရန် ပြုလုပ်သဖြင့် ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခဲ့ကြာင်း သိရသည်။
လက်ရှိအချိန်ထိ မောင်တောဒေသ ဒုတိယအကြိမ်တိုက်ခိုက်ခံရမှုဖြစ်စဉ်ကြောင့် တိုက်ခိုက်သူများနှင့် အစိုးရလုံခြုံရေးတပ်ဖွဲ့နှစ်ဖက်လုံးမှ သေဆုံးသူ ၁၀၀ ခန့်ရှိနေပြီ ဖြစ်သည်။
ဓာတ်ပုံ- အတိုင်ပင်ခံရုံး
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment