Latest News

Monday, August 28, 2017

မြန်မာ့စီးပွားရေး ဘာကြောင့်မဖွံ့ဖြိုးမတိုးတက်သေးတာလဲ

မြန်မာ့စီးပွားရေး ဘာကြောင့်မဖွံ့ဖြိုးမတိုးတက်သေးတာလဲ

မြန်မာနိုင်ငံစီးပွားရေးတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်လာဖို့ ဆိုတာဟာ ပြည်ပက လာရောက်ရင်းနှီးမြှုပ်နှံတာတွေကို စောင့်ပြီးအားကိုးနေရုံနဲ့ မရဘဲ ပြည်တွင်းကလုပ်ငန်းရှင်၊ ပြည်သူနဲ့ အစိုးရတို့ ပွင့်လင်းမြင်သာစွာနဲ့ ယုံကြည်မှု တည်ဆောက်လုပ်ကိုင်ကြရမှာ ဖြစ်တယ်လို့ စီးပွားရေးပညာရှင် အချို့က သုံးသပ်ပါတယ်။

စီးပွားရေးကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာအောင်ကိုကိုက “လက်ရှိမြန်မာ့ စီးပွားရေးကို တုံ့ဆိုင်းနေတယ်၊ ကျဆင်းနေတယ်လို့ သုံးသပ်ကြတယ်၊ အဲဒါက နံပါတ်(၁)အနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုဥပဒေနဲ့ သက်ဆိုင်နေတယ်၊ ဥပဒေထွက်ရှိတာက လေးငါးလလောက်ပဲ ရှိပါ သေးတယ်၊ ဥပဒေထွက်ထွက်ချင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရိုးထုံးစံမရှိပါဘူး၊  အဲဒီအတွက် နောက်ထပ် အချိန် ခြောက်လလောက် ယူရဦးမှာဖြစ်တယ်” လို့ ဆိုပါတယ်။

ပည်ပလုပ်ငန်းရှင်တွေအတွက်တော့ ဥပဒေကို ပြန်လည်သုံးသပ်လေ့လာရမှာ ပါ။ ပြည်တွင်းက စီးပွားရေးအခြေအနေတွေကိုလည်း အချိန်ယူလေ့လာဖို့ လိုအပ်နေမှာပါ။ အဲသည်လို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ချက်ချင်းဝင်ရောက်မလာ နိုင်သေးတဲ့အတွက်လည်း မြန်မာ့စီးပွားရေးက ရပ်တန့်သလို ဖြစ်နေပါတယ်။

နံပါတ်(၂)အချက်ကတော့ မြေဈေးနှုန်းတွေ ကြီးမြင့်နေတာပါ။ လျှပ်စစ်ဓာတ်အားတွေ မလုံလောက်တာပါ။ ကြီး မားတဲ့ စက်မှုလုပ်ငန်းကြီးတွေ ရင်းနှီးမြှုပ်နှံဖို့ရာ မြေနေရာ အကျယ်အဝန်းနဲ့ လုံလောက်တဲ့ စွမ်းအင်ရရှိဖို့ လိုအပ်နေပါ တယ်။ အဲဒါကလည်း ချက်ချင်းဖြေရှင်းလို့မရနိုင်တဲ့ အချက်တစ်ချက်ပါ။

နံပါတ်(၃) အချက်ကတော့ ကမ္ဘာ့စီးပွားရေးကို ပြန်ကြည့်မယ်ဆိုရင် နိုင်ငံတကာဟာ ရင်းနှီးမြှုပ်နှံမှုတွေကို မိခင်နိုင်ငံမှာသာ ပြန်လည်မြှုပ်နှံစေဖို့ ဆောင်ရွက်နေကြတာ များပါတယ်။ ဥပမာ အမေရိကန်ဆိုရင်လည်း နိုင်ငံတကာမှာ ရင်းနှီး မြှုပ်နှံထားတာတွေကို သူတို့နိုင်ငံမှာ ပြန်ခေါ်နေတာ တွေ့ရမှာပါ။ အဲဒါတွေက ပြည်ပက ရင်းနှီးမြှုပ်နှံမှုတွေ ချက်ချင်း ဝင်ရောက်မလာနိုင်တဲ့ အဓိကအချက်တွေပါ။

နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ ပြည်တွင်းက လုပ်ငန်းရှင်ကြီးတွေရဲ့ ရင်းနှီးမြှုပ်နှံမှုကိုလည်း အားကိုးရမှာပါ။ ပြည်တွင်းက သယံဇာတတွေထုတ်ပြီး ကြီးပွားလာကြတာ များပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် ရရှိထားတဲ့ ငွေကြးအရင်းအနှီးတွေ၊ အတွေ့အကြုံတွေနဲ့ ပေးဆပ်လုပ်ကိုင်ကြဖို့ လိုအပ်ပါ တယ်။ အဲဒါမှလည်း သူတို့ရဲ့သားသမီး၊ မြေး၊ မြစ်တွေအထိ အကျိုးရှိနိုင်တယ်ဆိုတာကို နားလည်သဘောပေါက်ရမှာပါ။

သွင်းကုန်တွေ

ပြည်တွင်းမှာ စားသောက်ကုန်ပစ္စည်းတွေဟာ ဝယ်လိုအား အများဆုံးဖြစ်နေပါ တယ်။ အရင်က တရုတ်၊ ထိုင်း၊ အိန္ဒိယ လောက်က စားသောက်ကုန်တွေသာ   အဝင်များပါတယ်။ လက်ရှိမှာ ဂျာမနီ၊ ပြင်သစ်က အစား အစာတွေ၊ ဂျပန်က ထုတ်လုပ်တဲ့ အစားအစာတွေအထိ ပြည်တွင်းဈေးကွက်မှာ နေရာရနေပါတယ်။ အခြေခံ စားသောက်ကုန်ပစ္စည်းလောက်ကစပြီး ပြည်တွင်းဈေးကွက်အတွက် ထုတ်လုပ်နိုင်ရမှာဖြစ်သလို ပြည်ပဈေးကွက်ကို ထိုးဖောက်တင်ပို့နိုင် အောင် အားပေးရမှာ ဖြစ် ပါတယ်။ နိုင်ငံစီးပွားရေး ဖွံ့ဖြိုးဖို့ဆိုတာမှာ သွင်းကုန်အစား ထိုးလုပ်ငန်းတွေ တွင်ကျယ်ရမှာဖြစ်သလို ပြည်ပပို့ကုန်လုပ်ငန်းတွေလည်း တွင်ကျယ်လာဖို့ လိုအပ်ပါတယ်။

ကုန်သွယ်ရေးလိုငွေ၊ ဘဏ္ဍာရေးလို ငွေပြနေတာတွေကလည်း စီးပွားရေးကျဆင်းတာကို ညွှန်ပြနေတာပါ။ အဲသည် အတွက် မလိုအပ်တဲ့ ပြည်ပက သွင်းကုန်တွေကို လျှော့ချရမှာဖြစ်တယ်။ ပြည်ပပို့ကုန်တွေကို ဒေသအလိုက် မြှင့်တင်ရမှာပါ။ ပို့ကုန်ဆိုတဲ့ နေရာမှာ ကုန်ပစ္စည်းတစ်မျိုးတည်းကိုသာ မမြင်ဘဲ ဝန်ဆောင်မှု ပို့ကုန်တွေကိုလည်း မြင်ရပါမယ်။ ချင်းပြည်နယ်လို၊ ကချင်ပြည်နယ်လို နေရာတွေကို နိုင်ငံခြားသားတွေ စိတ်ဝင်စားတဲ့အတွက် ခရီးသွားဝန်ဆောင်မှုတွေ တိုးချဲ့ လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ အရှေ့တောင် အာရှမှာ ရေခဲတောင်တွေရှိတဲ့ အရပ်ဟာ ကချင်ပြည်နယ်ပဲ ရှိပါတယ်။

အများပိုင် ထူထောင်ပါ

အစိုးရအဆက်ဆက်က အရှုံးပေါ် လာတဲ့ နိုင်ငံပိုင်လုပ်ငန်းတွေ ရှိပါတယ်။ အဲဒါတွေကို ပုဂ္ဂလိက လက်ထဲထိုးအပ်မယ့် အစား အများပိုင်ကုမဏီတွေ ထူထောင်နိုင်ရင် အရင်းအနှီးနည်းတဲ့ ပြည်သူတွေပါ အစုရှယ်ယာတွေ ထည့်ဝင်လုပ် ကိုင်လာနိုင်မှာဖြစ်တယ်။ နိုင်ငံရဲ့ လုံခြုံရေး ကို ထိခိုက်စေတဲ့ လုပ်ငန်းတွေကအပ ဘယ်လုပ်ငန်းမဆို အစုရှယ်ယာတွေ ထည့်ဝင် လုပ်ကိုင်စေရမှာဖြစ်တယ်။ ဥပမာ မီးရထား လမ်းပန်းဆက်သွယ်ရေးလိုမျိုးက အများပိုင်ကုမဏီဖြစ်လာဖို့ လိုအပ်ပါတယ်။

ဘဏ်လုပ်ငန်းအရေးပါ

နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးဟာ ဘဏ်စနစ်အတွင်း ငွေကြေးလည်ပတ်စီးဆင်း မှုကလည်း အရေးပါနေပါတယ်။ နိုင်ငံ တော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ဟာ ဘဏ်လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံဆွေးေ
နွါးတယ်။ ကိုယ်တိုင်ဆုံးဖြတ်ချက်ချနိုင်တဲ့ လုပ်ငန်းရှင်တွေနဲ့ သာ သီးသန့်တွေ့ဆုံတာဖြစ်တယ်။ အဲ သည်တွေ့ဆုံပွဲမှာ ဘာတွေဆုံးဖြတ်တယ်ဆိုတာ မသိရပါ ဘူး။ ဒါပေမဲ့ မြန်မာ့စီးပွားရေးအတွက် ဘဏ်လုပ်ငန်းကနေ ငွေကြေးစီးဆင်းမှု လွယ်ကူစေမှာ ဖြစ်တယ်။ ပြည် တွင်းမှာတော့ ဘဏ်လုပ်ငန်းအပြင် အခြားစီးပွားရေးလုပ်ငန်းတွေနဲ့ တွဲဖက် လုပ်ကိုင် ကြတာများပါတယ်။ ပြည်တွင်းက ဘဏ်တိုးနှုန်းတွေက အိမ်နီး ချင်း နိုင်ငံတွေထက် မြင့်နေတော့ လျှော့ချ ဖို့ လိုအပ်ပါတယ်။ အတိုးနှုန်းနည်းမှ ကုန် ထုတ် လုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက် အ ရင်းအနှီးလုပ်ဖို့ အဆင်ပြေနိုင် မှာပါ။

နိုင်ငံတော်ရဲ့ ရေရှည်စီးပွားရေးအတွက် ကျောက်စိမ်း၊ ကျွန်းသစ်၊ ရေနံစတဲ့ သယံဇာတပစ္စည်းတွေအပေါ်မှာ မှီခိုလို့ မရတော့ပါဘူး။ လူ့စွမ်းအား အရင်းအ မြစ်အပေါ်မှာ အမှီပြုရတော့မှာပါ။ အဲ သည်အတွက် လိုအပ်တဲ့  စွမ်းအင်တွေကို ဘယ်လိုထုတ်လုပ်မလဲ၊ ပြည်တွင်းငွေကြေးတန်ဖိုးကို အတိုင်းအတာတစ်ခုအထိ တည်ငြိမ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတာက အရေးပါလာတယ်။ ဒါတွေ ပြည့်စုံရင် ကုန်ထုတ်လုပ်ငန်းတွေ တိုးတက်လာပြီး လုပ်သားအင်အားတွေ ပိုမို လိုအပ်လာမယ်။ ပြည်ပကို စီးဆင်းနေတဲ့ လူ့စွမ်းအား  အရင်းအမြစ်တွေ တားဆီးနိုင် ရုံမက ပြည်တွင်းကို ပြန်လည်ရောက်ရှိလာ နိုင်မှာ ဖြစ်တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို စီးပွားရေးကော်မတီရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးရဲမင်းဦးကတော့ “နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုတာကတော့ အစိုးရက ဦးဆောင်လုပ်ကိုင်ရမှာပါ၊ ကျွန်တော်တို့ က ဘေးကနေ ကြည့် ပြောနေရတာ၊ သူတို့ တွေ့ကြုံရတဲ့ အခက်အခဲတွေ အသေးစိတ် မသိနိုင်ပါဘူး၊ သူတို့လက်ထဲမှာ ငွေဘယ်လောက်နဲ့ လည်ပတ်နေတယ်ဆိုတာ မသိ နိုင်ဘူး၊ ဒါပေမဲ့ နိုင်ငံ့အတွက် အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်နေကြ တယ်လို့ မြင်တယ်” လို့ ဆိုပါတယ်။

အခက်အခဲ

တစ်နှစ်ကျော် ကာလအတွင်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေ ပြန်ကြည့်ရင် စီးပွားရေး ပြုပြင် ပြောင်းလဲရေးအတွက် ပထမဆုံး မြန်မာနိုင်ငံကို ပြည်ပရင်း နှီး မြှုပ်နှံမှုတွေ ဖိတ်ခေါ်နိုင်ဖို့ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ပြည်ပနိုင်ငံ ခြား သား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်မျိုးကို တစ်မျိုးတည်းပေါင်းပြီး ထုတ်ပြန်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေအရ နိုင်ငံခြားသားလုပ်ငန်းရှင်နဲ့ ပြည်တွင်း လုပ်ငန်းရှင်တွေဟာ အခွင့်အရေး၊ အကာအကွယ် တန်းတူရရှိကြမှာ ဖြစ်တယ်။ မြန် မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှာလည်း လုပ်ငန်းအတွက် ပြင်ဆင်တာတွေ၊ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဝန်ကြီးတွေရဲ့ လုပ်ပိုင်ခွင့်တွေ ပြန်ချိန်ညှိနိုင်တာတွေကိုသည်တစ်နှစ်အတွင်းမှာ လုပ်ကိုင်နိုင် ခဲ့တယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ အစိုးရအဖွဲ့မှာ နေရာအားလုံး မယူခဲ့ပါဘူး။ ပညာရှင်တွေကို ခေါ်ယူခဲ့သလို ဝန်ကြီးဟောင်းအချို့ကိုလည်း နေရာပြန်ပေးခဲ့တာပါ။ အစိုးရဖွဲ့စည်းပုံဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးထား တာဖြစ် ပါတယ်။ အဲဒါကြောင့် အင်န် အယ်လ်ဒီက ကြိုတင်ရေးဆွဲထားတဲ့ စီးပွားရေးမူဝါဒကို အစိုးရအဖွဲ့ဝင်အားလုံး ပြန်လည်ညှိနှိုင်း ရေးဆွဲရပါတယ်။ အဲဒါကြောင့် စီးပွားရေး မူဝါဒ ၁၂ ချက်ဟာ နောက်ကျမှ ထွက်လာ ပါတယ်။ အဲသည်နောက် ရင်းနှီးမြှုပ်နှံမှု မူဝါဒထွက်ရှိလာတယ်။

လုပ်ငန်းတွေ ရေရှည်ရပ်တည်နိုင်ဖို့ အစိုးရကို ယုံကြည်ရမှဖြစ်ပါမယ်။ အရှုံးအမြတ်မကြည့်ဘဲ နိုင်ငံချစ်စိတ်နဲ့ အနစ်နာခံ ဆောင်ရွက်တာတွေလည်း လိုအပ်မှာပါ။ အစိုးရ၊ လုပ်ငန်းရှင်တွေနဲ့ ပြည်သူတွေဟာ ပွင့်လင်းမြင်သာမှုရှိပြီး ယုံ ယုံကြည်ကြည်နဲ့ ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် အနာဂတ်မှာ မြန်မာ့စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်အချို့က သုံးသပ်ပါတယ်။

အောင်ထွန်းဦး(Kumudra)

No comments:

Post a Comment