Latest News

Sunday, August 13, 2017

ခေါင်း​လောင်း​ချောင်း၌ ​ကျောင်းသားလူငယ်​အင်​အား ၃၀၀ ခန့်​ကလမ်းေ​လျှာက်​ဆန္ဒပြပွဲပြုလုပ်​ကာ အစိုးရအားအချက်​ ၄ချက်​တောင်းဆို


ခေါင်း​လောင်း​ချောင်း၌ ​ကျောင်းသားလူငယ်​အင်​အား ၃၀၀ ခန့်​ကလမ်းေ​လျှာက်​ဆန္ဒပြပွဲပြုလုပ်​ကာ အစိုးရအားအချက်​ ၄ချက်​တောင်းဆို
------------------------------------------------------------------------
ခေါင်း​လောင်း​ချောင်း သြဂုတ်​ ၁၃

ရခိုင်​ပြည်​၊ ​မြောက်​ဦးခရိုင်​၊ မင်းပြားမြို့နယ်​၊ ​ခေါင်း​​​လောင်း​ချောင်းအုပ်​စု ​ခေါင်း​လောင်း​ချောင်းရွာ၌ ယ​နေ့ (13-Aug-2017)​နေ့ ​နေ့လည်​ ၁း၂၀ ခန့်​အချိန်​တွင်ေ​ဒသခံကျောင်းသားလူငယ်​အင်​အား ၃၀၀ခန့်​က ​ကျေးရွာတွင်းစီတန်း​လှည့်​လည်​၍ လမ်း​လျှောက်​ဆန္ဒပြပွဲတစ်​ရပ်​ပြုလုပ်​ကာ အစိုးရအားအချက်​ ၄ချက်​​တောင်းဆိုလိုက်​သည်​။

ဆန္ဒပြ​ကျောင်းသားလူငယ်​များသည်​ ဆိပ်ကမ်းသာရပ်ကွက်ရှိ ​​​​အလက ​ခေါင်း​လောင်း​ချောင်း ကျောင်း​ရှေ့မှစတင်​တာထွက်​ကာ ရွာတွင်းလမ်းများအနှံ့တစ်​ပတ်​ပြည့်​​အောင်​ လမ်း​လျှောက်​ကြွေး​ကြော်​လျက်​ စီတန်းဆန္ဒပြခဲ့ကြ​ကြောင်းလည်းသိရသည်​။

ဆန္ဒပြ​ကျောင်းသားလူငယ်​များ​တောင်းဆို​သော အချက်​၄ချက်​မှာ

(၁) ဘင်္ဂါလီအကြမ်းဖက်​သမားများအား အမြစ်​ပြတ်​​ချေမှုန်း​ပေး​ရေး
(၂)​ ဒေသခံတိုင်းရင်းသားများ၏ လုံခြုံမှုအတွက်​ လက်​နက်​ကိုင်​ပြည်​သူ့စစ်​ဖွဲ့စည်းခွင့်​ပြု​ရေး
(၃) UN လက်​​အောက်​ခံ WFP အပါအဝင်​ နိုင်​ငံတကာ INGO အဖွဲ့အစည်းများအား ရခိုင်​ပြည်​မှ အမြန်​ဆုံးနှင်​ထုတ်​​ပေး​ရေး
(၄)၁၉၈၂ နိုင်​ငံသားဥပ​ဒေကို တိတိကျကျအ​ကောင်​အထည်​​ဖေါ်​ဆောင်​ရွက်​​ပေး​ရေး
တို့ဖြစ်​ကြသည်​။

သတင်းနှင့်​ ဓာတ်​ပုံ- ဇွန်​မင်း​ခိုင်​ (​ခေါင်း​လောင်း​ချောင်းနယူးစ်​)

No comments:

Post a Comment