မောင်တောမြို့ပေါ် ပစ်ခတ်၊ မီးရှိုမှုများဆက်ဖြစ်
ရန်ကုန်၊ သြဂုတ် ၂၇
မောင်တောမြို့ မြို့မအရှေ့ရပ်ကွက်ရှိ ဟိန္ဒူဘာသာဝင်များနေထိုင်ရာ နေရာများနှင့် နေရာအချို့တွင် မီးလောင်မှုများ ဖြစ်ပွားနေပြီး ယင်းရပ်ကွက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဘင်္ဂါလီအကြမ်းဖက်တို့ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားနေကြောင်း မောင်တောမြို့ခံတစ်ဦးက ပြောကြားသည်။
မီးရှို့သူများမှာလည် မည်သူမည်ဝါ ကိုယ်တိုင် မမြင်တွေ့သော်လည်း ဘင်္ဂါလီများ မီးရှို့မှုဖြစ်သည်ဟု သတင်းများကြားရပြီး ဘင်္ဂါလီ အကြမ်းဖက်များက လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာရောက်ပစ်ခတ်နေသည်ကို မြင်တွေ့ရကြောင်း ၎င်းက ပြောဆိုသည်။
“ဘူးသီးတောင်သွားမလားလို့ ခရိုင် ထွေအုပ်ရုံးနား သွားကြည့်တာမှာ စစ်သားတွေကို ဘင်္ဂါလီတွေက သေနတ်နဲ့ လာပစ်တယ်။ စစ်သားတွေ နောက်ဆုတ်တယ်။ ပစ်တာ ရပ်သွားလို့ စစ်သားတွေ မော်လဝီအိမ်နား သွားရင် ပြန်ပစ်တယ်။ ပြန်ဆုတ်လာတယ်။ လိုက်တန်းပြေးတန်း ဆော့နေသလိုပဲ။ ငါတို့လည်း ပြန်ပြေးလာခဲ့တယ်”ဟု ၎င်းက ပြောဆိုသည်။
အဆိုပါဒေသခံနှင့် The Voice တို့ ယနေ့ညနေ ၄နာရီ မိနစ် ၃၀ခန့်က ဖုန်းဖြင့် ဆက်သွယ်စကားပြောနေစဉ် “မိုင်းပေါက်တယ်။ မိုင်းပေါက်တယ်” ဟု ၎င်းက ရုတ်တရက် ပြောဆိုသည်။ ယင်းပေါက်ကွဲမှုမှာ ရပ်ကွက် ၅ ဘက်မှ ပေါက်ကွဲခြင်းဖြစ်ပြီး လက်လုပ်ဗုံးနှင့် ဖောက်ခွဲခြင်းဖြစ်နိုင်သည်ဟု ၎င်းက ပြန်လည် ရှင်းပြသည်။
လက်ရှိတွင်အိမ်ပြင်လည်း ထပ်မံထွက်၍ မသွားရဲကြောင်း အဆိုပါဒေသခံက ပြောကြားသည်။
“ဘင်္ဂါလီတွေက အိမ်ပေါ်က သေနတ်တွေနဲ့ ပစ်ကြတယ်။ အပြင်ကို မထွက်ရဲတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။
မောင်တောမှ ဒေသခံအချို့လည်း ဘူးသီးတောင်မြို့သို့ ထွက်ခွာနေကြသည်ဟု သတင်းများကြားရကြောင်း ၎င်းက ဆိုသည်။ ဘူးသီးတောင်မှတစ်ဆင့်သာ အခြားမြို့နယ်များသို့ သွားနိုင်ပြီး မောင်တော - ဘူးသီးတောင်လမ်းမှာလည်း ဘင်္ဂါလီများနေထိုင်သည့် ကျေးရွာများကို ဖြတ်ရသဖြင့် လုံခြုံမှု မရှိကြောင်း ဒေသခံများထံမှ သိရသည်။
ဓာတ်ပုံ - Wai Hun Aung (fb)
The Voice Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment