Latest News

Sunday, August 27, 2017

မတော်တဆထိခိုက်မိပြီး လက်မှာ အချက် ၄၀ ကျော် ချုပ်လိုက်ရတဲ့ ဟာသသရုပ်ဆောင် ညောင်ညောင်

မတော်တဆထိခိုက်မိပြီး လက်မှာ အချက် ၄၀ ကျော် ချုပ်လိုက်ရတဲ့ ဟာသသရုပ်ဆောင် ညောင်ညောင်

သြဂုတ် ၂၀ ရက် ည က Melia ဟိုတယ်တွင် ကျင်းပ သည့် ပုဂ္ဂလိကဘဏ်တစ်ခု၏ အမှတ်တရပွဲ၌ ဓာတ်ကြိုးကို ခလုတ်တိုက်၍ ချော်လဲဘယ်ဘက်လက်မောင်းနှင့် လက်တစ်ချောင်းလုံးစုတ်ပြတ်ခဲ့သဖြင့် ပါရမီဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူရကြောင်း ဟာသသရုပ်ဆောင် ညောင်ညောင်က ပြောသည်။

‘‘ဘဏ်နဲ့ပတ်သက်တဲ့ ပြ ဇာတ်တိုလေးကို ကိုအရိုင်း၊ ကို ကင်းကောင်၊ ကိုငှက်ပျောကြော် ရယ် ကိုယ်ရယ်က စီစဉ်ပေးရ တယ်။ ပထမဦးဆုံးအခန်းပဲ အောက်ကို ပြန်ဆင်းလာတဲ့အချိန် မှာ အော်ဒီယိုအခန်းက ကြိုးကို ခလုတ်တိုက်မိပြီး ခြေပစ်လက်ပစ် ရှေ့ကို ချော်ကျသွားတဲ့အချိန်မှာ ဟိုတယ်ရဲ့ တံခါးပေါက်ကျည်းပေါင်အလူမီနီယံပြားအကြီးကြီး တွေကို လက်ထောက်မိသွားတာ နာတာပဲ သိလိုက်တယ်။ သတိရတော့ လက်ရော၊ လက်မောင်းတွေရော စုတ်ပြတ်သပ်ပြီး လက်အသားရော၊ လက်ဖျံမှာရော ဟက်တက်ကြီးကွဲနေတယ်။ ပခုံးမှာလည်း အင်္ကျီက ပြဲသွားပြီး ဓားနဲ့ခုတ်ထားသလိုပဲ အနက်ကြီးကွဲနေတယ်။ သွေးတွေကလည်း အရမ်းထွက်နေတာနဲ့ ဟိုတယ်က  တာဝန်ရှိတဲ့ သူတွေရောက်လာပြီး ကားစီစဉ်ပေးတယ်။ ဆေးရုံပို့ပေးတယ်။ ပါရမီဆေးရုံရောက်သွားတယ်’’ ဟု ၎င်းက ပြောသည်။

ဒဏ်ရာများ သွေးတိတ်ရန် နာရီဝက်ခန့်စောင့်ရပြီး ည ၁၀ နာရီခွဲတွင် ခွဲခန်းဝင်ခဲ့ရာ နံနက် ၃ နာရီမှ ပြီးသည်ဟုဆိုသည်။ လက်မောင်း၌ အချက် ၂၀ နှင့် လက်တွင်ရှိသည့် အကြောများ ပြတ်သွားသဖြင့် အချက် ၂၀ ကျော် စုစုပေါင်း အချက်၄၀ကျော် ချုပ်ရသည်ဟု ညောင်ညောင်က ပြောသည်။

‘‘ဒဏ်ရာတော့ ချက်ချင်း တော့ မကောင်းနိုင်သေးဘူး။ အ ကောင်းပကတိပြန်ဖြစ်ဖို့ အချိန် တွေ လိုသေးတယ်။ အဲဒီအတွက် ကားရိုက်တွေကတော့ ပျက်ပြီ ပေါ့ဗျာ။ ပတ်တီးနဲ့လည်းရိုက်လို့ အဆင်မပြေဘူး။ ကိုယ့်အမြင်က တော့ ဟိုတယ်က တာဝန်ရှိတယ် ထင်တာပဲ။ ဘယ်လိုမျိုးကြောင့်ပဲ လဲတယ်ဖြစ်ပါစေ။ တံခါးကျည်း ပေါင်ကို လက်နဲ့ထောက်မိရုံနဲ့ တော့ အဲဒီလောက်ဖြစ်စရာအ ကြောင်းမရှိဘူးလေ။ ကျန်တဲ့တံ ခါးကျည်းပေါင်တွေအားလုံးက လည်း  ဓားတွေလိုဖြစ်နေတာလေ။ ဟိုတယ်မှာတော့ တာဝန်ရှိတယ် လို့ ထင်ပါတယ်။ ဆေးရုံတက် တုန်းကတော့ ကိတ်မုန့်တစ်လုံးနဲ့ ဆုတောင်းပါတယ်။ ကျန်တာက တော့ ဘာမှတာဝန်ယူခြင်းမရှိပါ ဘူး’’ဟု ညောင်ညောင်က ပြော ကြားသည်။

ပါရမီဆေးရုံသို့ သြဂုတ် ၂၀ ရက်ညက တက်ရောက်၍ဆေး ကုသမှုခံယူပြီး ၂၅ ရက်တွင် ဆေးရုံမှဆင်းကာ ကုသစရိတ်အားလုံးကို CB Bank က တာဝန်ယူသည်ဟု ဆိုသည်။

‘‘သူတို့တာဝန်တော့ မဟုတ် ပါဘူး။ တကယ်တော့ ဟိုတယ်က တာဝန်ရှိတာပါ။ ဒါပေမဲ့ CB Bankကတော့ အနုပညာသမားတွေကို ညှာတာစိတ်နဲ့ အကုန်လုံးအစစ အရာရာ တာဝန်ယူပေးထားတာ ပါ။ ဟိုတယ်နဲ့ကတော့ စကားပြောရဦးမှာပေါ့။ ကိုယ်တို့နိုင်ငံသား မဟုတ်ဘဲ တခြားနိုင်ငံသားဖြစ် ရင် သူတို့ဘယ်လိုအလျော်အစား ပေးမလဲ။ အဲဒါလေးပဲ ပြောချင် တာပါ’’ဟု ညောင်ညောင်က ပြောသည်။

ဒဏ်ရာ၏နာကျင်မှုအပြင် တစ်လခွဲခန့် ပတ်တီးစည်းရမည်ဖြစ်သောကြောင့် လက်တစ်ဖက် တည်းနှင့်ဘာမျှလုပ်ကိုင်၍ မရ သဖြင့် စိတ်ညစ်နေသည့် ညောင်ညောင်က ၎င်းကို အားပေးသော ပရိသတ်များကို ကျေးဇူးတင် ကြောင်း ပြောသည်။

7Day News

No comments:

Post a Comment