အောင်ပန်းမှာ အလယ်တန်းပြဆရာမတစ်ဦး မိမိကိုယ်ကို တူနဲ့ထုသတ်သေဆုံး
ရှမ်းပြည်နယ် (တောင်ပိုင်း)၊အောင်ပန်းမြို့နယ်၊ ပင်မှီကျေးရွာအုပ်စု၊ ပင်မှီကျေးရွာမှာ အလယ်တန်းပြဆရာမတစ်ဦး မိမိကိုယ်ကို တူနဲ့ထုပြီး သတ်သေခဲ့တယ်လို့သိရပါတယ်။
အောင်ပန်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက” အလယ်တန်းပြဆရာမတစ်ဦးပါ။ ဆရာမက ညဘက်တွေမှာ ကလေးတွေကို ကျောင်းမှာကျူရှင်သင်တယ်။ သူ့ယောက်ျားက ညဘက်ကြီးမှာ သွားတာလာတာ
စာသင်တာကို သဘောမကျတော့ ပြောတယ်။ အဲ့သည်ကနေစကားများကြတယ်။ စကားများတော့ ဆရာမကနေပြီး တူနဲ့ ဦးခေါင်းတည့်တည့်မှာ နှစ်ချက်၊ ဘေးစောင်းမှာတစ်ချက်၊ လက်တွေကိုလည်း ခုံပေါ်တင်ပြီး
တူနဲ့ထုတယ်။ သူယောက်ျားက ထမင်းစားနေတယ်။မသိဘူးဒီလိုဖြစ်တာကို။သူတို့ရဲ့သားလေးက သူအမေဒီလိုလုပ်နေတယ်ဆိုတာ အဖေဖြစ်သူကို သွားပြောမှ အဖေဖြစ်သူက သိရတာ။ သူတို့ရဲ့ သားလေးဖြစ်တဲ့
ဒုတိယတန်းကျောင်းသားလေးပြောပြချက်အရသိရပါတယ်”လို့ပြောပါတယ်။
သူတို့က ထော်လာဂျီတွေလည်းပြင်တယ်။ ပြင်တဲ့ပစ္စည်းကိရိယာတွေက အိမ်ရှေ့ခန်းမှာထားတယ်။ အဲ့သည်ထဲကနေ တူကို ယူပြီး ကိုယ်ကို သတ်သေတာပါ။ ဒဏ်ရာကပြင်းပြင်းထန်ထန်ဒဏ်ရာရတော့သေဆုံးသွားတာပါ။
လို့သူကဆက်ပြောပါတယ်။
အဆိုပါ ဆရာမဟာ အောင်ပန်းမြို့နယ်၊ ပင်မှီလှကျေးရွာမှာနေထိုင်တဲ့ ဒေါ်မေ၀င်းမော် အသက် (၃၇)နှစ်ဖြစ်တယ်ပါတယ်။
အလယ်တန်းပြ ဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်မေ၀င်းမော်ဟာ သုံးပေါင်ခန့်ရှိတဲ့ တူနဲ့ ကိုယ်ကို ထုသတ်သေဆုံးခဲ့တာလို့ သိရပါတယ်။
ဒေါ်မေ၀င်းမော်သေဆုံးမှုနဲ့ပတ်သက်ပြီး အောင်ပန်းနယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၂၀/၂၀၁၇နဲ့ အမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့သိရပါတယ်။
နှင်းနှင်း(Kumudra)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment