ငါးချဉ်စားမိရာမှ လူ ၁၇ ဦးအစာအဆိပ်သင့်မှု ဖြစ်
ဟံသာနွန်
ကျေးရွာအတွင်းလာရောက်ရောင်းချသော ငါးချဉ်အား ၀ယ်ယူစားသုံးမိရာမှ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ လူ (၁၇ )ဦး သြဂုတ်လ ၂၅ ရက်၊ နံနက်၉နာရီက အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းဒေသတွင်နေထိုင်သူများကပြောသည်။
" ရွာမှာလာရောင်းချတဲ့ ငါးချဉ်သယ်ဆီကနေ ၀ယ်စားကြတယ်။ဝယ်စားတဲ့ လူမှန်သမျှက အားလုံးအဆိပ်သင့်တာ၊ ခုအနေအထားအရတော့ လူနာအချို့က သက်သာနေပါပြီး၊ ကိုယ်ခံအားမကောင်းတဲ့သူမျိုးဆိုရင် စိတ်ချအောင် ဆေးရုံကို လွဲပို့ထားပါတယ်"ဟု ပိန္နဲတောကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမင်း ကပြောသည်။
အစာအဆိပ်သင့်သူ ကျား ၇ ဦး၊ မ ၁၀ ဦး၊ စုစုပေါင်း ၁၇ ဦးကို ပိန္နဲတောကျေးရွာဆေးပေးခန်းတွင် ကုသပေးလျှက်ရှိသည်။
အဆိုပါ အစာအဆိပ်သင့် သူများထဲမှာတစ်ဦးမှ အော့အန်ခြင်း၊ ၀မ်းသွားခြင်း များဖြစ်ပေါ်နေသည့်အတွက် သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားရသည်။
အစာအဆိပ်သင့်လူနာများ၏ အန်ဖတ်နှင့်ငါးချဉ်ထုပ်၏ နာမူနာများ ရယူထားပြီး အမျိုးသားဓါတ်ခွဲခန်းသို့ ပေးပို့ ထားကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန မှဝန်ထမ်းတစ်ဦးကပြောသည်။
အဆိုပါ အစာအဆိပ်သင့်မှုနှင့်ပတ်သက်၍ ကျန်းမာရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကျေးရွာများမှ ပြည်သူများ ပူးပေါင်းဆောင်ရွက်ကာ ကျေးရွာအတွင်း နောက်ထပ် အစာအဆိပ်သင့်လူနာရှိ/မရှိ စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်နေသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment