Latest News

Wednesday, August 23, 2017

မောင်တောမြို့နယ်မှ ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ထပ်မံအသတ်ခံရ



နိရဉ္စရာ၊ သြဂုတ် ၂၃

မောင်တောမြို့နယ်၊ မြို့ဦးကျေးရွာအုပ်စု၊ ဇူလကျေးရွာမှ ခေတ္တအုပ်ချုပ်ရေးမှူး ဟာကူရာမန် (၃၆)နှစ် (ဘ)ဘာဆေးသည် သြဂုတ် ၂၂ ရက်နေ့က အသတ်ခံလိုက်ရသည်။

ယခုသတ်ဖြတ်မှုသည် ဇူလ ကျေးရွာနေ အာဆော့ဒူလာနေ အိမ်အတွင်းမှ သိန်းပေါင်း သုံးသောင်း ခြောက်ထောင်နှစ်ဆယ်ခုနှစ်သိန်းတန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွဆေးပြား ၁၈၁၃၅၀၀ ပြားကို ဖမ်းဆီးရမိပြီးနောက် နောက်တစ်နေ့တွင် သတ်ဖြတ်ခံရခြင်း ဖြစ်သည်။

ခေတ္တ ကျေးရွာအုပ်ချုပ်ရေးမှူး ဟာကူရာမန် အား အနက်ရောင်ပိတ်စများ နဖူးတွင်စည်းထားသည့် အကြမ်းဖက်သမား ၂၅ ဦးခန့်မှ ဓါးတုတ်၊ လှံများကိုင်ဆောင်ပြီး သူ၏ နေအိမ် အတွင်း ၀င်ရောက်ကာ သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

အကြမ်းဖက်သမားများ ထိုးဖောက်ဝင်ရောက်လာကြောင်းကို ဖုန်းဖြင့် သတင်းပေးပို့လာ၍ ခရိုင်ရဲမှူးနှင့် မြို့နယ်မှူး ဦးစီးသော ရဲတပ်ဖွဲ့ဝင်တို့ ဇူလကျေးရွာသို့ လိုက်ပါသွားခဲ့ရာ ညနေ ၇ နာရီ အချိန်တွင် အခင်းဖြစ်ပွားသောကျေးရွာ သို့ ရောက်ရှိစဉ် အုပ်ချုပ်ရေးမှူး ဟာကူရာမန် နေအိမ်မှနေပြီး အနောက်ဘက် လယ်ကွင်းများအတွင်းသို့ ဘင်္ဂလီလူမျိုး အကြမ်းဖက်သမား ၆ ဦးခန့် ၊ ဇူလရွာ၏ အရှေ့ဘက် သီဟိုခြံကျေးရွာဘက်သို့ ၃ ဦးခန့်နှင့် အနောက်ဘက် ကျေးရွာ ဘက်သို့ (၃) ဦးခန့် ထွက်ပြေးနေသည်ကို တွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှ လက်နက်များဖြင့် အချက် ၂၀ ခန့် ခြောက်လှန့် ပစ်ခတ်ခဲ့ရကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ပြောသည်။

အခင်းဖြစ်သည့် နေအိမ်အား ခရို်င်ရဲ့မှူးဦးစီးအဖွဲ့မှ သွားရောက်စစ်ဆေးရာ ဟာကူရာမာန်အား နေအိမ်အိပ်ခန်းအတွင်း လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်ဟု ၎င်းရဲအရာရှိက ပြောကြားသည်။

စုံစမ်းစစ်ဆေးချက်အရ သတ်ဖြတ်ရာတွင် လူပေါင်း ၂၅ ဦးခန့် ပါဝင်ပြီး ၁၀ ဦးခန့်သည် နေအိမ် အပေါ်သို့ တက်ပြီး အခန်းနံရံအားချိုးဖျက်ဝင်ရောက်ပြီး ဟာကူရာမာန်အား သတ်ဖြတ်သွားခဲ့သည်ဟု ၎င်းရဲအရာရှိက ပြောဆိုသည်။

ယခုအခါ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး တရားခံများ ဖမ်းဆီးရမိရေးအတွက် နယ်မြေရှင်းလင်းရေးများဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အောင်ကျော်မင်း(မောင်တော)
Narinjara
https://www.facebook.com/Narinjara

No comments:

Post a Comment