Latest News

Wednesday, August 2, 2017

မုံရွာတွင် ကြက်ဌက်တုပ်ကွေးရောဂါ မဖြစ်ကြောင်း ပြည်သူများယုံရန် ဌာနဆိုင်ရာလူကြီးများ ကြက်သားစားပြ



မုံရွာ၊ သြဂုတ်​ ၂။

မုံရွာတွင် အပြင်းစားအပျော့စား ကြက်ဌက်တုပ်ကွေးရောဂါ လုးံဝ မဖြစ်ကြောင်း ပြည်သူများ သံသယ ရှင်းစေရန် မုံရွာခရိုင် မွေးမြူရေးနှင့်ကုသရေးရုးံမှ တာဝန်ရှိသူများက မြို့နယ်၊ခရိုင်အဆင့် ဌာနဆိုင်ရာလူကြီးများကို ဖိတ်ခေါ်၍ ကြက်သားစားပွဲပြုလုပ်ကာ စားပြ ခဲ့ကြောင်း သိရသည်။

လက်ရှိ တုပ်ကွေး ရောဂါ သတင်းများကြောင့် မုံရွာရှိ ကြက်သား၊ကြက်ဥ၊ငုးံဥျေဈးကွက်တွင် အကြီးအကျယ် ထိခိုက်ပြီး ရောင်းအားများ ၇၀ ရာခိုင်နှုန်းအထိ ထိုးကျသွားကြောင်း ကြက်သား၊ကြက်ဥ လက်လီလက္ကား ရောင်းချ သူများထံမှသတင်းရရှိသည်။


"H1N1 ရော H5N1 ရော မုံရွာမှာ တင်မက စစ်ကိုင်းတိုင်းတစ်တိုင်းလုးံ မရှိဘူး၊ ၀က်သား၊ကြက်သားကို သေသေချာချာ ပျော်ပျော်ရွှင်ရွှင် စားကြပါလို့ ပြောချင်တယ် "ဟု စစ်ကိုင်းတိုင်းမွေး/ကု ဦးစီး ဒေါက်တာမြင့်စိုးက ပြောသည်။

လူလူချင်းကူးသော ရာသီတုပ်ကွေး H1N1 နှင့်ကြက်ဌက်တုပ်ကွေး H5N1 တို့မှ မည်သို့မျှ မဆက်စပ်၍ ကောလဟာလ များကိုမယုံကြည်ကြရန်၊ ရောဂါ ကင်းစင်သော ကြက်ဥ၊ကြက်သားများကိုသာ ဈေးကွက်သို့ တင်ပို့ရောင်းချခွင့်ပြုထားပြီး၊ ပြင်ပမှ ကြက်သားများလည်း မုံရွာဈေးကွက်သို့ မ၀င်ရောက်နိုင်ရေး တားမြစ်မှုများပြုလုပ်ထားကြောင်း သိရသည်။


ကြက်ဌက်တုပ်ကွေးဖြစ်ပွားပါကလည်း သတင်းမထိန်ချန်ပဲပြည်သူကို ချက်ချင်းအသိပေးမည်ဖြစ်ကြောင်း မွေး/ကုဌာနမှ တာဝန်ရှိသူများကပြောဆိုထားသည်။

မုံရွာဈေးကွက်တွင် ကြက်ဥကြက်သားဈေးများ တဖြည်းဖြည်းကျဆင်းနေပြီး နေ့စဉ် ပိသာချိန် သောင်းချီရောင်းရသော ကြက်သားဈေးကွက်မှာ ယခုရက်ပိုင်း ထောင်ဂဏန်းထိ ကျဆင်းသွားခဲ့ကြောင်း ကြက်ရောင်းဝယ်ရေးဆိုင်များမှ သတင်းရရှိသည်။

နှင်း​မောင်
Central News Myanmar
https://www.facebook.com/CNMyanmar/

No comments:

Post a Comment