Latest News

Saturday, August 12, 2017

ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင်ရွာတွင် ဝေလငါးသေ တစ်ကောင်တွေ့


12-Aug-2017  tagged as ဧရာဝတီ
ပုသိမ်၊ ဩဂုတ် ၁၂

ဧရာဝတီ တိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ မော်တင်စွန်းဒေသ ဇီးချိုင်ရွာ ပင်လယ်ကမ်းခြေသောင်ပြင်တွင် ဩဂုတ်လ ၁၁ ရက် နံနက်ပိုင်းက ဝေလငါး အသေတစ်ကောင်ကို တွေ့ရှိခဲ့ကြောင်း ဇီးချိုင်ရွာ ဒေသခံများထံမှ သိရှိရသည်။

ဝေလငါးသေမှာ ဦးခေါင်းဖျားမှ အမြီးအဖျားမှအထိ ပေ ၃၀ ရှိကြောင်း၊ ဩဂုတ်လ ၈ ရက်က ဇီးချိုင်ရွာအနီး ပင်လယ်အတွင်း မျောနေသည်ကို ဒေသခံကမ်းနီး ရေလုပ်သားများက တွေ့ရှိခဲ့ကြောင်း၊ ပင်လယ်ရေစီးကြောင်းနှင့်အတူ ပင်လယ်လှိုင်း ပုတ်တင်ရာမှ ဇီးချိုင်ရွာပင်လယ် သဲသောင်ပြင်ပေါ်တွင် တင်ကျန်ခဲ့ကြောင်း ဇီးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်လှိုင်က The Voice သို့ ပြောသည်။

“ရွာက ငွေတောင်စေတီရဲ့အနီး သဲသောင်ပြင်မှာ လာတင်တာပါ၊ ငါးက ရုပ်ပျက်လုလုကိုဖြစ်ပြီး ပုပ်နေပြီ၊ မှတ်တမ်းတင်ထားနိုင်ဖို့ ငါးရဲ့ အရိုးအားလုံးကို ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ အစီအစဉ်နဲ့ စုစည်းပြီး ထိန်းသိမ်းထားတယ်”ဟု ၎င်းက ပြောဆိုသည်။

ဝေလငါးသေကို ဟိုင်းကြီးကျွန်းမြို့ ငါးလုပ်ငန်း ဦးစီးမှူးနှင့် တာဝန်ရှိသူများ လာရောက်ပြီး မှတ်တမ်းတင်သွားကြောင်း၊ ၁၉၉၂ ခုနှစ်က ပေ ၂၀ ခန့်အရှည်ရှိ ဝေလငါးသေ တစ်ကောင် ယင်းဒေသ သောင်ပြင်တွင် လာတင်ခဲ့ဖူးကြောင်း၊ ဇီးချိုင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
The Voice
http://thevoicemyanmar.com/news/10959-hkk

2 comments:


  1. Hello all, here every one is sharing these kinds of experience, therefore it's fastidious to read this web site, and I used to visit this website every day. netflix login

    ReplyDelete
  2. If you choose to generate interest-only payments, it will basically be $18,787. canadian mortgage calculator However, they may be stricter and involving depending on the lender. mortgage payment calculator

    ReplyDelete