Latest News

Sunday, August 27, 2017

မောင်​​တောတွင် တစ်​ရက်​အတွင်း အ​ဆောက်​အဦ ၂၀၀​ကျော်​ မီး​လောင်​ပျက်​စီး

မောင်​​တောတွင် တစ်​ရက်​အတွင်း အ​ဆောက်​အဦ ၂၀၀​ကျော်
မီး​လောင်​ပျက်​စီး

လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များတိုက်​ခိုက်​ခံ​နေရသည့်​ ​မောင်​​တော​ဒေသတွင်​ မီး​လောင်​မှု​ကြောင့်​ ယနေ့ တစ်​ရက်​အတွင်း အ​ဆောက်​အဦ ၂၀၀ ကျော်ပျက်​စီးခဲ့ရသည်​ဟု အတိုင်​ပင်​ရုံးထုတ်​ပြန်​ချက်​အရ သိရသည်​။

တပ်မတော်၏ ပစ်ခတ်မှုကြောင့် မဟုတ်ဘဲ ရွာသားများကိုယ်​တိုင်​ (သြဂုတ်​ ၂၆) ရက်​ နံနက်​၅ ခန့်​က မီးရှို့ခဲ့ခြင်းဖြစ်​သည်​ဟု အစိုးရဘက်​က ထုတ်​ပြန်​သည်​။

မီးလောင်မှုကြောင့် မောင်တောမြို့နယ် မြင်းလွတ်မြို့ရှိ အရှေ့ပိုင်းရပ်ကွက်မှ အိမ် ၈၈ လုံး၊ ဈေးဆိုင် ၅၄ ဆိုင်၊ ဆိုင်ခန်း ၅၁ ခန်း၊ ဗလီ ၂ ခု၊ အာရဗီကျောင်း ၈ ကျောင်း စုစု​ပေါင်း အ​ဆောက်​အဦး ၂၀၃ ခုပျက်​ဆီးခဲ့ရသည်​။

ထို့အပြင် ​ကား ၉ စီး နှင့် ဆိုင်ကယ် ၄ စီး မီးလောင်ဆုံးရှုံးခဲ့ကြောင်း အတိုင်​ပင်​ခံရုံး သတင်းထုတ်​ပြန်​​ရေး​ကော်​မတီမှသိရသည်​။

လုံခြုံ​ရေးတပ်​ဖွဲ့ဝင်​များတိုက်​ခိုက်​သူများဘက်​မှ နွားရုံတောင်ကျေးရွာအနီး တွင်​ ၁၅၀ ဦးခန့်၊ ကျွန်းပေါက်ပြုစုချောင်းဝ ရဲကင်းစခန်းအား ၃၀၀ ဦးခန့်နှင့်​ တပ်​မ​တော်​နှင့်​ရဲ ပူး​ပေါင်းအဖွဲ့တို့တိုက်​ပွဲများဖြစ်​ပွားခဲ့​ကြောင်းသိရသည်​။

မြို့သူကြီးကျေးရွာအတွင်း ချောင်းမြောင်းပစ်ခတ်ခြင်း ၊ ဆွဲမိုင်းများဖြင့် အဝေးမှ မိုင်းထောင်ဖောက်ခွဲ ခြင်းများ ပြုလုပ်ခဲ့၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့​သော​ကြောင့်​ အကြမ်းဖက်သမား အလောင်း ၁ လောင်း ရရှိခဲ့ ​သည်​။

သြဂုတ်​ ၂၆ ရက်​တစ်​ရက်​တည်းတွင် စုစုပေါင်း မိုင်း ၁၄ လုံး ဆက်တိုက် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဖြစ်စဉ်တွင် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

ရသေ့တောင်မြို့နယ် အထက်နန်းရာကျေးရွာအုပ်စု ဆင်အိုးကျေးရွာအတွင်းသို့ သြဂုတ်လ ၂၅ ရက် ည ၁၁နာရီ ခန့်​က အင်အား ၅၀၀ ခန့် ဝင်ရောက်ရန် ပြုလုပ်သဖြင့် ကျေးရွာသားများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံခဲ့ကြာင်း သိရသည်။

လက်​ရှိအချိန်​ထိ ​မောင်​​တော​ဒေသ ဒုတိယအကြိမ်​တိုက်​ခိုက်​ခံရမှုဖြစ်​စဉ်​​ကြောင့်​ တိုက်​ခိုက်​သူများနှင့်​ အစိုးရလုံခြုံ​ရေးတပ်​ဖွဲ့နှစ်​ဖက်​လုံးမှ ​သေဆုံးသူ ၁၀၀ ခန့်​ရှိ​နေပြီ ဖြစ်​သည်​။

Mizzima

No comments:

Post a Comment