Latest News

Tuesday, August 1, 2017

ချွတ်ပြင်ကျေးရွာ၏ အရှေ့ဘက် ၁ မိုင်ခန့်အကွာ ချွတ်ပြင်ချောင်း၌ လူသေအလောင်း ၃ လောင်းတွေ့ရှိ



ဇူလိုင် ၃၁၊ ၂၀၁၇

ရသေ့တောင်မြို့နယ် ချွတ်ပြင်ကျေးရွာအုပ်စု ချွတ်ပြင်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခန့်အကွာ ချွန်ပြင်ချောင်း (ခ) ဇော့ပြင်ချောင်းထဲ၌ ယနေ့ ဇူလိုင် ၃၁ ရက် မွန်းလွဲ ၂ နာရီတွင် လည်ပင်းမှဖြတ်ထားသည့်  ( ဦးခေါင်းမပါ ) ပုတ်ပွနေသော အမျိုးသားအလောင်း ၂ လောင်းနှင့် ပြတ်လုနီးပါး (ဦးခေါင်းပါ)ပုတ်ပွနေသော အမျိုးသားအလောင်း ၁ လောင်း စုစုပေါင်း လူသေအလောင်း ၃ လောင်းကိုတွေ့ရှိခဲ့သည်။

၎င်းအလောင်းများမှာ ရသေ့တောင်မြို့နယ် အထက်နန်းရာအုပ်စု၊ နီလင်းပေါ်ကျေးရွာနေ အီမန်နူဆော ၅၄ နှစ်၊ နော်ရာကင်း ၁၈ နှစ် နှင့် နိုရာလောင်၁၅ နှစ် တို့ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလောင်း ၃ လောင်းကို ရသေ့တောင် ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုဖွင့် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/

No comments:

Post a Comment