မှော်ယောကြီး ဆင်စခန်းကို ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များ လာ ရောက် လေ့လာ အပန်းဖြေနိုင်ပြီ
ရန်ကုန်-မန္တလေး အမြန်လမ်းမဘေး မိုင်တိုင်အမှတ် ၁၀၅ မိုင်၊ လေးဖာလုံနဲ့ ငါးဖာလုံကြားမှာရှိတဲ့ မှော်ယောကြီး ဆင်စခန်းက စခန်းစဖွင့်တဲ့ တစ်နှစ်ပြည့်ခါနီးရက်ပိုင်းအတွင်း ပြည်တွင်းပြည်ပ ၄၀၀၀လာရောက်ထားတယ်လို့ စခန်းလက်ထောက်မန်နေဂျာ ကိုတင်ကျော်မိုး က ပြောသည်။
မှော်ယောကြီးဆင်စခန်း ကို ၂၀၁၆ ခုနှစ် သြဂုတ် ၁၂ ရက်နေ့ စတင်ဖွင့်လှစ်ခဲ့ပြီး ယခုလ ၁၂ ရက်နေ့တွင်တစ်ပြည့်အထိမ်းအမှတ် စည်ကားစွာပြုလုပ်ကျင်းပမည်ဖြစ်တယ်လို့သိရပါတယ်။
မှော်ယောကြီး ဆင်စခန်းမှာ ကောင်ဝန်တင်ဆင် ၁၃ ကောင်၊သက်ကြီးဆင် ၄ ကောင်၊ အနားပေးဆင် ၅ ကောင်၊ အမြှီးနောက်လိုက်ဆင် ၂ ကောင်၊ စုစုပေါင်း ဆင်ကောင်ရေ ၂၄ ကောင် ရှိကြောင်းခရီးသွားများ
သည် ဆင်စီး၍ တော တောင် သဘာဝအလှအပများ ကြည့် ရှုနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။
လာရောက်လည်ပတ်သူများ အနေဖြင့် အစားအသောက် အဆင်ပြေစေရန်အတွက် ဒေသထွက် ဟင်းများ
ကြိုတင်မှာယူနိုင်ကြောင်း၊ ၁ယောက်မှ ၁၅ယောက်အထိ ၄၀၀၀ ကျပ်နူန်း၊ ၁ယောက်မှ ၃၅ယောက်အထက်ကို ၃၅၀၀ ကျုပ်နူန်းဖြင့် ဝန်ဆောင်မှုပေးဆောင်ရွက်နေကြောင်း ကိုတင်ကျော်မိုး ကပြောသည်။
မှော်ယောကြီး ဆင်စခန်းသို့သွားရောက် လည်ပတ်လိုသူများသည် ဖုန်း ဝ၉၄၂၁၇၁၈ဝ၇၉၊ ဝ၉၄ဝ ၂၆၄၉၉၄၄တို့သို့ ဆက်သွယ်စုံစမ်း နိုင်ကြပါတယ်။
တိုင်းဧရာ
No comments:
Post a Comment