တောင်ပြိုမြို့နယ်ခွဲ၌ တိမ်းရှောင်နေသူများ တိုက်ခိုက်ခံရ
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုမြို့နယ်ခွဲရှိ အထက်တန်းကျောင်းသို့ လာရောက်တိမ်းရှောင်နေသူများ အတိုက်ခိုက်ခံခဲ့ရသည်ဟု တပ်မတော်မှ ထုတ်ပြန်သည်။
တိမ်းရှောင်ရောက်ရှိနေသူများမှာ နံ့သာတောင်ပရဟိတကျောင်းမှ ကျောင်းသား/ကျောင်း သူ ၃၇၀ ဦးဖြစ်ကြောင်းသိရသည်။
ယနေ့ သြဂုတ်လ၂၆ ရက်၊ ညနေ ၅ နာရီတွင် ၀တ်စုံအမည်းများဝတ်ဆင်ထားသူ ၇ ဦးခန့်က အဖွဲ့ ၂ ဖွဲ့ခွဲ၍ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားစစ်ကြောင်းက ပြန်လည်တိုက်ခိုက်ခဲ့ရာ အနီးပတ်ဝန်းကျင်ကျေးရွာများအတွင်းသို့ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
အဆိုပါဖြစ်ရပ်ကြောင့် အလောင်း ၂ လောင်းနှင့် တိုက်တိုက်သူများသုံးသည့် ဖုန်း ၂ လုံးနှင့် ၀တ်စုံအင်္ကျီအမည်း ၁ ထည်တို့ကို သိမ်းဆည်းရ မိခဲ့ကြောင်းသိရသည်။
တပ်မတော်စစ်ကြောင်းမှ ထွက်ပြေးသူများကို လိုက်လံရှင်းလင်းလျှက်ရှိပြီး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်းသိရသည်။
Mizzima
Subscribe to:
Post Comments (Atom)
No comments:
Post a Comment