Latest News

Friday, August 18, 2017

ရွှေတိဂုံပုံတူဖူးမျှော်စေတီ ပေါင်မြို့နယ်တွင် တည်ထားလျက်ရှိ ( ဟံသာနွန် )


ရွှေတိဂုံပုံတူဖူးမျှော်စေတီ ပေါင်မြို့နယ်တွင် တည်ထားလျက်ရှိ
 ဟံသာနွန်
ပေါင်၊ သြဂုတ်လ ၂ရက်
 မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကဒါရပ်ကွက်၊ မြို့သစ်၊ ပေါင်-ထန်းပင်ချောင်းကားလမ်းနံဘေးရှိ လယ်ကွက် တွင် ရွှေတိဂုံပုံတူဖူးမြော်စေတီနှင့်အတူ သာသနာဗိမာန်တော်ကြီးတစ်ဆောင်ကို တည်ထားလျက်ရှိကြောင်းစေတီဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမင်းဟန်သိန်း ကပြောသည်။

ရွှေတိဂုံပုံတူဖူးမျှော်စေတီအား ၂၀၁၆ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)နေ့မှ စတင်ကာ တည်ထားလျက်ရှိပြီး စေတီရုပ်လုံးပေါ်ပြီးစီးမည့်အချိန်ထိ (၃)နှစ်ခန့် ကြာမြှင့်မည်ဖြစ်ပြီး ငွေကျပ်သိန်း(၅၀၀၀) ကုန်ကျမည်ဖြစ်သည်။
စေတီ၏ဥာဏ်တော်အမြင့်(၄၆)ပေ၊ အကျယ် (၄၂)ပေ၊ နှင့် အရံစေတီ (၆၄)ဆူလည်း ပါဝင်မည်ဖြစ်ကြောင်း စေတီဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးမင်းဟန်သိန်း ကဆိုသည်။

စေတီအားတည်ထားကိုးကွယ်ရခြင်းနှင့်ပတ်သတ်၍အသက်(၇၀) အရွယ်ရှိ ဒေသခံအဘိုးအိုက "လွန်ခဲ့တဲ့နှစ်(၁၀၀)ကျော်ဝန်းကျင်ကတည်းက တပေါင်းလပြည့်နေ့ရောက်တိုင်း ဒီမြေကွက်လပ်မှာ ရွှေတိဂုံစေတီ၏ဓါတ်ပုံပန်းချီကားတွေကို စားပွဲဝိုင်းပေါ်တင်ပြီး ရည်မှန်းပူဇော်ခဲ့ကြတာပေါ့။ ဒါကြောင့် အဘတို့ရှိတုန်း မြို့သူမြို့သားတွေနဲ့တိုင်ပင်ပြီး အများသဘောနဲ့အညီ တည်ထားကိုးကွယ်ဖို့အတွက် အခုလို တည်ထားနေတာ”ဟုပြောသည်။

လက်ရှိအချိန်တွင် ရွှေတိဂုံဖူးမျှော်စေတီတည်ထားရန်အတွက် အလှူငွေ ကျပ်သိန်း (၁၂၀၀)ကျော် ရရှိထားပြီး လိုအပ်လျှက်ရှိသော ကုန်ကျစရိတ်အတွက် အလှူငွေများကို အလှူရှင်များအား ဖိတ်ခေါ်လျှက်ရှိကြောင်း စေတီဖြစ်မြောက်ရေးကော်မတီထံမှသိရသည်။
ဆက်လက်၍ လှူဒါန်းလိုသောအလှူရှင်များအနေဖြင့်  ဦးမင်းဟန်သိန်း ဖြစ်မြောက်ရေးကော်မတီဥက္ကဌ ဖုန်း ၀၉-၇၉၃၃၂၅၁၀၉ သို့ ဆက်သွယ်လှူဒါန်း နိုင်ကြောင်းသိရသည်။

No comments:

Post a Comment