Latest News

Friday, August 25, 2017

မောင်တော ရဲကင်းရဲစခန်းများ သေနတ်များဖြင့်ပါ တိုက်ခိုက်ခံရ

မောင်တော ရဲကင်းရဲစခန်းများ သေနတ်များဖြင့်ပါ တိုက်ခိုက်ခံရ

ယနေ့ သြဂုတ်လ ၂၅ ရက် မနက်ပိုင်းမှ စတင်ပြီး မောင်တောမြို့ရှိ ရဲကင်း၊ ရဲစခန်းများအား အကြမ်းဖက် တိုက်ခိုက်သူများက  သေနတ်များ၊ လက်ပစ်ဗုံးများဖြင့်ပါ အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း တွေ့ရသည်။

ယနေ့ တိုက်ခိုက်ခံရမှု  ၃၁ ခု ဖြစ်ပွားခဲ့ပြီး နံနက် ၃ နာရီခွဲတွင်  နေရာ လေးနေရာ တပြိုင်နက် တိုက်ခိုက်ခံခဲ့ရပြီး ရပ်ကွက် ၅ ရဲကင်းစခန်း၊ ရွာသစ်ကေ ရဲကင်းစခန်းအား လက်ပစ်ဗုံးဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ မြို့ဝင်တံတား ရဲကင်းစခန်းအား သေနတ်ဖြင့် ပစ်ခံရခြင်း၊ နတလ ရဲကင်းများအား လာရောက်ပစ်ခတ်ခြင်း၊ ယာဉ်ထိန်းရဲရုံး နှင့် မူးယစ်ရဲတပ်ဖွဲ့ရုံးများအတွင်းသို့ ဓာတ်ဆီပုလင်း ( လက်လုပ်ဗုံး) ဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ ခံခဲ့ရသည်။

နံနက် ၃ နာရီ ၂၅ မိနစ်တွင် နယ်မြေ (၅) ရှိ လောင်းဒုံ စခန်း၊  နံနက် ၁ နာရီတွင် နယ်မြေ (၆) ရှိ မောင်းနီ ကင်း စခန်း၊ နံနက် ၇ နာရီ ၃၅ မိနစ်တွင် နယ်မြေ (၆) ရှိ ကျောက်ပြင်ဆိပ်ကင်းစခန်း၊ နံနက် ၀၀၅၀ မိနစ်တွင် နယ်မြေ (၇) ရှိ ပဒင်းခေါင်းတကာ ကင်းစခန်းနံနက် ၁ နာရီ မိနစ် ၂၀ တွင် နယ်မြေ (၇) ရှိ ပညောင်ပင်ကြီး ကင်းစခန်းများအားလည်း သေနတ်ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု   နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ထားသည်။

Mizzima

No comments:

Post a Comment