Latest News

Tuesday, August 15, 2017

နတ်​ ဆိုး ​ထံ ပါး မှာ လာဘ်​ ထိုး ​ခံ ထား ရ တဲ့ မြို့(သို့မဟုတ်) ဖားကန့်


ခံစားချက်တွေကို ညှစ်ထုတ်ရင်း ပြည်သူ့ရင်ဘတ်ထဲက ထွက်ကျလာတဲ့ ကဗျာတစ်ပုဒ် ....
အမျိုးသား လွှတ်တော် “ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရး ကော်မတီ နှင့် ဥပဒေကြမ်း ကော်မတီမှ ပြည်သူ့ အမတ်မင်းများ ဖတ်ရှုဘို့ “ ၂၀၁၇ ခုနှစ် မြန်မာ့ ကျောက်မျက်ရတနာ ဥပဒေကြမ်း ”ကို ရေးဆွဲ အတည်ပြု ပေးနိုင်ခဲ့လို့ ပြည်သူ့ကိုယ်စား ကျေးဇူးတုံ့ပြန်သော အားဖြင့် ဒီကဗျာလေးနဲ့ ရွှေနားတော် သွင်းလိုက်ရပါတယ် ...
&&&&&&&&&&&&&&&&&&&&&&&&&&&&&
နတ်​ ဆိုး ​ထံ ပါး မှာ လာဘ်​ ထိုး ​ခံ ထား ရ တဲ့ မြို့
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
မြို့ လို့ သ မုတ်​ ထား ​ပေ မယ့်
အ များ အ ​ခေါ် မှာ
မှော်​ ဆို တာ ပဲ နှုတ်​ ကျိုး ​​နေ တဲ့
အ ရုပ်​ ဆိုး ဆိုး နဲ့ မြို့ ​​။
အ ရုပ်​ ဆိုး ပြန်​ တယ်​ ဆို မှ
ဂုတ်​ ချိုး ခံ ထား ရ တဲ့
တောင်​ က တုံး ​တွေ နဲ့
သျှောင်​ ဆုံး တာ ကို
လှောင်​ ပြုံး ပြ ​နေ ရှာ တဲ့ မြို့ ။
လှောင်​ ပြုံး ရင်း က
ရှောင်​ ပုန်း ကွင်း မ ရ တဲ့
တောင်​ ပြုန်း ခြင်း သ င်္ခါ ရ ကို
ရင်​ တ မ မ နဲ့
ရွတ်​ ဆို ​ပွား ​နေ ရ တဲ့ မြို့ ။
ရွတ်​ ဆို ပွား ​နေ ​ပေ မယ့်
ဖွတ်​ လို န ဂါး လို
စိ န ​တွေ က
ရှိ ရှိ သ မျှ သ ယံ ဇာ တ ​တွေ ကို
အ စိုး ရ နဲ့ အ ကျိုး တူ ဆို ပြီး
အ တိုး ချ ခိုး ယူ တာ ခံ ​နေ ရ တဲ့ မြို့ ။
အ တိုး ချ ခိုး ယူ ​နေ တဲ့
မျိုး ဇ မ တူ ​တွေ ရဲ့
အ မှိုက်​ ပုံ ထဲ က
အ ကြိုက်​ ကုန်​ ခဲ​ ​မြေ ဇာ ​တွေ ကြား မှာ
အ သိုက်​ မြုံ ကွဲ ​ရွှေ မြန်​ မာ များ
ဖွေ ရှာ စား ​နေ ရ တဲ့ မြို့ ။
ဖွေ ရှာ စား ​နေ ရ ​ပေ မယ့်
ရေ သာ များ ငါး မ ​တွေ့ လို့
ငွေ အ သ ပြာ ရှား ပြတ်​ တဲ့
ဝေ ဒ နာ ခါး သက်​ သက်​ ကို
ရွှေ မြန်​ မာ ​တွေ
အ ​ဖြေ ရှာ အား ဆက်​ ရ​ ​နေ တဲ့ မြို့ ။
ရွှေ မြန်​ မာ ​တွေ
အ ​ဖြေ ရှာ အား ဆက်​ ​နေ ရ ​ပေ မယ့်
ကေ သ ရာ ဇာ လို
ကြေ ငြာ ထား မှတ်​ သူ ​တွေ ရဲ့
တ ​ပြေ ရွာ န ဂါး နတ်​ ကို
ဝေ သ န္တ ရာ မ ခြား ဇာတ်​ ခင်း ပြီး
မ ​ချေ မ ငံ စွာ ပါး အပ်​ နှင်း ခံ ခဲ့ ရ တဲ့ မြို့  ။
မ ​ချေ မ ငံ စွာ အပ်​ နှင်း ထား ​တော့
ပေ အ ပြန်​ ရာ ထပ်​ ကျင်း ​တွေ နဲ့
ကု ​ဋေ တန် ရ တ နာ ထွက်​ တွင်း ​တွေ ကို
ဒါ တို့ ​ပြေ
ဒါ တို့ ​မြေ လို့
ငါ တို့ ​တွေ ​ကြွေး ​ကြော်​ ​နေ ​ပေ မယ့်
ငါ တို့ ​ငေး ​မျှော်​ ​နေ ရ တဲ့
ငါ တို့ ဆိုင်​ သာ ဆိုင်
မ ပိုင်​ ရ တဲ့ မြို့ ။
......................
........................................
...........................................................မြို့ ။
.......................
........................................
..........................................................မြို့ ။
ခု..
အဲ ဒီ မြို့ ​လေး ကို
င ရဲ ပြည်​ ပို့ ​ပေး သ လို ဖြစ်​ ​စေ မယ့်
စက်​ အ မျိုး မျိုး နဲ့
ဘက်​ ဟိုး ​တွေ ကို
နတ်​ ဆိုး ​တွေ က
သူ တို့
အ မြတ်​ အ ကျိုး ​တွေ ဖန်​ ဖို့
ထပ်​ တိုး ပြန်​ ပို့ ​နေ ပြီ တဲ့ ။
ဒီ ​တော့ ..
ဖား ကန့်​ ဆို တဲ့
မြို့ ​လေး ခ မျာ မှာ
ရ မ္မက်​ ခိုး ​ဝေ လျှံ ​နေ တဲ့
နတ်​ ဆိုး ​တွေ ထံ ပါး
လာ ဘ်​ ထိုး ​စေ ခံ ရ ထား တဲ့
မြို့ ​လေး ခ မျာ မှာ ​တော့ 
သက်​ ဆိုး ရှည်​ ကျန်​ ဖို့
ခပ်​ တိုး တိုး ​​လေး ဆု ပန်​ ​ခြွေ ​​နေ ရ ရှာ တဲ့
မြို့ ​လေး တစ်​ မြို့ ဆို ပို မှန်​ မယ်​ ။ ။
Credit: အောင် ထွန်း လေး
Zaw Moe Htet
https://www.facebook.com/zawmoehetet.zawmoe/posts/1413819335399564






No comments:

Post a Comment