ဖမ်းမိထားသည့် အကြမ်းဖက်သမားနှစ်ဦးကို စစ်ဆေးနေ
ဒဏ်ရာရရှိထားသော နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးစခန်းသို့ ခေါ်ဆောင်လာစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
မောင်တောမြို့ပေါ်အပါအဝင် မောင် တောဒေသ၌ အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ရာ အရပ်သားငါးဦး သေဆုံးကြောင်း နိုင်ငံတော်အတိုင် ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ဩဂုတ် ၂၆ ရက်တွင် ထုတ်ပြန်သည်။
အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများ ကို တွင်ကျယ်စွာအသုံးပြုပြီး တုတ်၊ ဓား၊ သေနတ် လက်နက်များကိုင်ဆောင်ထားသော လူအုပ်စုဖြင့် ဒေသခံတိုင်းရင်းသားများ အနည်းစုနေထိုင်ရာ နေရာများကို ဝိုင်းပတ်ပိတ်ဆို့နေ၍ လုံခြုံရေးတပ်ဖွဲ့ ဝင်များက ရှင်းလင်းနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် ယာဉ်များ လက်လုပ်ရှော့ခ်တိုက်မိုင်းဖြင့် တိုက်ခိုက် ခံရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။
ထို့အပြင် ကျေးရွာများမှ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ယူထားသူ အစ္စလာမ်ဘာသာတူများကိုလည်း သတ်ဖြတ်ခြင်းများရှိခဲ့ပြီး မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် ဩဂုတ် ၂၅ ရက်ညက
ခေတ္တကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေး မှူးရုံးအကူနှင့် အကြမ်းဖက် သမားများက အစိုးရသတင်းပေး ဟု သံသယရှိသူများကို သတ်ဖြတ် ခဲ့ကြောင်း သတင်းထုတ်ပြန် သည်။
ဩဂုတ် ၂၆ ရက် မောင် တောမြို့နယ် ဖြစ်စဉ်များအနက် နံနက် ၉ နာရီခန့်တွင် နွားရုံတောင် ကျေးရွာအနီး၌လည်းကောင်း၊ နံနက် ၁၁ နာရီတွင် မြို့သူကြီး ကျေးရွာအတွင်း၌လည်းကောင်း နယ်မြေစိုးမိုးရေးလုပ်ဆောင်နေ သည့် လုံခြုံရေးတပ်ဖွဲ့များနှင့် အ ကြမ်းဖက်သမားများ အပြန်အ လှန်ပစ်ခတ်မှုများဖြစ်ပွားပြီး အ ကြမ်းဖက်သမားတစ်ဦး အသေ ဖမ်းမိကြောင်း သတင်းထုတ်ပြန် သည်။
ထို့အပြင် မောင်တောမြို့ နယ် နယ်မြေ (၄)ရှိ ကျွန်းပေါက်ပြု စုချောင်းဝ ရဲကင်းစခန်းကို နံနက် ၁၁ နာရီခွဲတွင် အကြမ်းဖက် သမား ၃၀၀ ဦးခန့်က လာရောက် ဝိုင်းဝန်းခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင် များက နယ်မြေစိုးမိုးရေးဆောင် ရွက်ခဲ့ကြောင်း၊ မွန်းလွဲ ၁၂ နာရီကျော်တွင်လည်း နွားရုံတောင် ကျေးရွာ၌ လုံခြုံရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်သမားများအကြား အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း၊ မွန်းလွဲပိုင်းတွင် မောင် တောမြို့ မြို့မတောင်ရပ်ကွက် ဆယ်အိမ်မှူးကို အကြမ်းဖက် သမားများက သတ်ဖြတ်ပြီး ၎င်းတို့ ၏ ပစ်ခတ်မှုကြောင့် မောင်တော ဆေးရုံအနီး နေထိုင်သည့် အရပ် သား ဟိန္ဒူကလေးငယ် (ကျား) တစ်ဦးသေဆုံးခဲ့ပြီး အမျိုးသား တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
အကြမ်းဖက် သမားများ ရှင်း လင်းနိုင်ရေး တပ်မတော်နှင့် ရဲတပ်ဖွဲ့အင်အား ဖြည့်တင်း ဆောင်ရွက်ခဲ့ရာ ဩဂုတ် ၂၆ ရက် တိုက်ခိုက်မှုဖြစ်စဉ်များတွင် လုံခြုံ ရေးတပ်ဖွဲ့ဝင် သေဆုံးမှုမရှိဟု အမှတ် (၁) နယ်ခြားစောင့်ရဲကွပ် ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင် က ပြောသည်။
မောင်တော မြို့ပေါ်တွင် ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်အချို့ နှင့် တပ်မတော်သားအချို့က လုံ ခြုံရေးဆောင်ရွက်နေသော်လည်း ဒေသခံများက အားရကျေနပ်မှု မရှိဖြစ်နေကြောင်း မြို့ခံ ဦးအောင်ကျော်ညွန့်က ပြောသည်။
‘‘ဘင်္ဂါလီရွာတွေက ဒီ လောက်သေနတ်တွေနဲ့ ပစ်နေ တာ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အဲဒီနေရာတွေကိုသွားပြီး ဘာကြောင့် ရှင်းလင်းရေးမလုပ်တာလဲ။ သူတို့ ကိုပေးထားတဲ့ သေနတ်တွေနဲ့ ပစ်တာလည်း မတွေ့ဘူး’’ဟု ဦးအောင်ကျော်ညွန့်က ဆိုသည်။
ပစ်ခတ်မှုဖြစ်စဉ်များကြောင့် တိုင်းရင်းသားရပ်ကွက်များဖြစ် သည့် မြို့ဦး၊ မြို့သစ်၊ ကညင် တန်း၊ အောင်ဗလ၊ စံပြရပ်ကွက် များမှ သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် အမျိုးသမီး များသည် မြို့နယ်သာသနာ့ဗိမာန် နှင့် အလိုတော်ပြည့်ဘုန်းတော် ကြီးကျောင်းများသို့ သွားရောက်ခို လှုံနေကြရာ သာသနာ့ဗိမာန်တွင် လူဦးရေ ၂၀၀ ကျော်နှင့် အလို တော်ပြည့်ကျောင်းတွင် လူဦးရေ ၃၀၀ ကျော်ရှိပြီဖြစ်သည်။
ညနေတွင် အမှတ် (၄)ရပ် ကွက်၌ နေထိုင်သည့် ဟိန္ဒူမိသားစုဝင်များသည် မောင်တောမြို့ မြို့မမြောက်ရပ်ကွက်ရှိ အမှတ် (၃) မူလွန်ကျောင်း၌ ဝင်ရောက်ခို လှုံနေကြရသည်။
မြို့ပေါ်ရပ်ကွက်နှင့် လေးမိုင်ကွာဝေးသည့် သစ်တောရွာဘုန်း တော်ကြီးကျောင်းနှင့် စာသင် ကျောင်းတွင် အနီးအနားကျေးရွာ များမှ ဒေသခံမိသားစုဝင်ဦးရေ ၂,၀၀၀ ကျော် ရောက်ရှိခိုလှုံနေ ကြသည်။
တိုင်းရင်းသားရပ်ကွက်တွင် ရှိသည့် ဘင်္ဂါလီမိသားစုဝင်အချို့ ကိုလည်း ၎င်းတို့လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်များက ဆွေမျိုးများရှိ သည့်နေရာများသို့ ပြောင်းရွှေ့နေ ရာချထားပေးခဲ့သည်။
‘‘အခြေအနေတည်ငြိမ်ဖို့ ဆု တောင်းနေပါတယ်။ အခု ဟိုပြေး လိုက်၊ ဒီပြေးလိုက်နဲ့ ဒုက္ခရောက် နေပါတယ်။ ဘာဆက်လုပ်ရမလဲ မသိပါ။ လမ်းပွင့်ရင် တခြားမြို့ကို ပြောင်းဖို့ စိတ်တစ်ခုတည်းရှိနေ ပါတယ်’’ဟု မောင်တောမြို့ မြို့မ မြောက်ရပ်ကွက်နေ ဒေါ်ညိုညို သန်းက ပြောသည်။
ဩဂုတ် ၂၅ ရက် အကြမ်း ဖက်မှုဖြစ်စဉ်တွင် အရှင်ဖမ်းဆီး ရမိသည့် အကြမ်းဖက်သမားနှစ် ဦးကို စစ်ဆေးနေဆဲဖြစ်ပြီး စစ် ဆေးရရှိမှု အခြေအနေကို ထုတ် ပြန်သင့်သည့်အချိန်တွင် ထုတ် ပြန်ပြောကြားမည်ဟု သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
အဆိုပါ ဖမ်းဆီးရမိထား သည့် အကြမ်းဖက်သမားနှစ်ဦး သည် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ၏ ပါတီဝင် ကတ် ကိုင်ဆောင်ထားသူများဖြစ် သည်ဟု အင်တာနက်လူမှုကွန် ရက်စာမျက်နှာတွင် ပျံ့နှံ့နေရာ ယင်းဖြစ်စဉ်အပေါ် ပါတီပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့် က အကြမ်းဖက်သမားနှစ်ဦးသည် ပြည်ခိုင်ဖြိုးပါတီဝင်မဟုတ်ဟု ပြောကြားပြီး ယင်းသို့ လုပ်ဆောင် သူများကို ဥပဒေနှင့်အညီ ဖော်ထုတ် အရေးယူနိုင်ရေး ဆောင်ရွက်မည်ဟု ပြောသည်။
‘‘ပြည်ခိုင်ဖြိုးကတ်အတုလုပ် ပြီးမှ ဒါကို ပါတီဝင်ပါဆိုပြီး နိုင်ငံ ရေးအကျိုးအမြတ်ထုတ်တာလား၊ ရန်တိုက်တာလားတော့ မသိဘူး။ နှစ်ဖက်အချင်းချင်း အထင်အမြင် လွဲပြီးတော့ အမုန်းပွားစေမယ့် ကိစ္စမျိုးတွေ ဖန်တီးဆောင်ရွက် လာတာ ဘယ်လိုမှ လက်ခံလို့မရ ဘူး’’ဟု ဒေါက်တာနန္ဒာလှမြင့်က ဩဂုတ် ၂၆ ရက်တွင် ပြောသည်။
မောင်တောဒေသ အကြမ်း ဖက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးကလည်း ဩဂုတ် ၂၆ ရက် တွင် သတင်းထုတ်ပြန်ခဲ့ရာ အ ကြမ်းဖက်မှုဖြစ်စဉ်များကြောင့် တိမ်းရှောင်နေသည့် ကျောင်း သား၊ ကျောင်းသူများကို အစွန်း ရောက်ဘင်္ဂါလီ အကြမ်းဖက် သမားများက လာရောက်တိုက် ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။
အကြမ်းဖက်မှုဖြစ်စဉ်များ ကြောင့် တောင်ပြိုမြို့နယ်ခွဲရှိ အ ထက်တန်းကျောင်း၌ တိမ်းရှောင် ရောက်ရှိနေသော နံ့သာတောင် ပရဟိတကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၃၇၀ ဦးကို သြဂုတ် ၂၆ ရက် ညနေ ၅ နာရီတွင် ဝတ်စုံအမည်းများ ဝတ်ဆင်ထား သည့် အစွန်းရောက် ဘင်္ဂါလီအ ကြမ်းဖက်သမားခုနစ်ဦးခန့်က အဖွဲ့နှစ်ဖွဲ့ခွဲ၍ လာရောက်တိုက် ခိုက်ခဲ့သဖြင့် အဆိုပါ စာသင် ကျောင်း၌ လုံခြုံရေးဆောင်ရွက် နေသည့် တပ်မတော်စစ်ကြောင်း က ပြန်လည်တိုက်ခိုက်ခဲ့ရာ အ ကြမ်းဖက်နှစ်ဦး အသေဖမ်းဆီးရ မိကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်သမားများ အ သုံးပြုသည့် ဖုန်းနှစ်လုံးနှင့် ဝတ်စုံ အင်္ကျီအမည်းတစ်ထည်တို့ကို သိမ်းဆည်းရမိခဲ့ပြီး တပ်မတော် စစ်ကြောင်းများက ရှင်းလင်းရေး ဆက်လက်လုပ်ဆောင်နေသည် ဟုလည်း သတင်းထုတ်ပြန်သည်။
အဆိုပါ အကြမ်းဖက်မှု ဖြစ် စဉ်များကြောင့် မောင်တောဒေသ ရှိ ဒေသခံတိုင်းရင်းသားကျေးရွာ များမှ ရွာသူ၊ ရွာသားအများအ ပြား ဘေးကင်းရာသို့ ထွက်ပြေး တိမ်းရှောင်နေကြရသည်။ လက် ရှိအချိန်ထိ ထွက်ပြေးလာသူဦးရေ အတိအကျပြောဆိုနိုင်ခြင်းမရှိ သေးဟု ရခိုင်ပြည်နယ် ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဦးစီးဌာန ဦးစီးမှူး ဦးကျော်မင်းက ဩဂုတ် ၂၆ ရက် တွင် ပြောသည်။
တစ်ဖက်တွင်လည်း ယင်း ဒေသတွင် နေထိုင်သည့် ဘင်္ဂါလီ များလည်း ထွက်ပြေးတိမ်းရှောင် မှုများရှိရာ ရခိုင်ပြည်နယ် ရမ်းဗြဲ မြို့နယ်၌ ဘင်္ဂါလီ ၃၀ ခန့် လိုက်ပါလာသော စက်လှေတစ်စီးကို ဩဂုတ် ၂၆ ရက်တွင် တွေ့ရှိခဲ့၍ လုံခြုံရေးအဖွဲ့က ဖမ်းဆီးထား သည်။ ယင်းဖြစ်စဉ်မှန်ကန် ကြောင်း ရဲတပ်ဖွဲ့ကပြောသော် လည်း ရှင်းရှင်းလင်းလင်းပြော ကြားခြင်းမရှိသေးပေ။
မောင်တောဒေသတွင် လူဦး ရေ ရှစ်သိန်းသုံးသောင်းကျော်ရှိ ရာ ဘင်္ဂါလီလူဦးရေ ခုနစ်သိန်းခွဲ ကျော်ရှိပြီး စုစုပေါင်း လူဦးရေ၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသည်။
သြဂုတ် ၂၅ ရက်တွင် အကြမ်း ဖက်သမားမျာ၏ တိုက်ခိုက်မှု ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာထမ်းတစ်ဦး အသက်ဆုံး ရှုံးခဲ့သည်။ အကြမ်းဖက်မှုတွင် ပါဝင်သည့် အကြမ်းဖက်သမား ၇၇ ဦးကို အသေဖမ်းဆီးရ မိခဲ့ပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့ ကြောင်း ဩဂုတ် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့အပြင် ထပ် မံ၍ အရပ်သားငါးဦး သေဆုံးခဲ့ ပြီး အကြမ်းဖက်သမားသုံးဦး အ သေရရှိခဲ့ကြောင်း ဩဂုတ် ၂၆ ရက် ည ၉ နာရီထိ ထုတ်ပြန်ချက် များတွင် ဖော်ပြသည်။
(ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment