တောင်ကြီးမြို့ အချက်အချာကျရာ နေရာသုံးခုတွင် မီးပွိုင့်များ တပ်ဆင်မည်
တောင်ကြီးမြို့အ တွင်း ယာဉ်သွားယာဉ်လာများပြီး လမ်းအချက်အချာကျသည့်နေရာ သုံးခုတွင် မီးပွိုင့်များတပ်ဆင်မည် ဖြစ်ကြောင်း တောင်ကြီးစည်ပင် သာယာရေးဌာန ဒုဦးစီးအရာရှိ ဦးဝေလှိုင်းက ပြောသည်။
တောင်ကြီးမြို့ မြင်းရုပ်အနီး လမ်းဆုံ၊ အရှေ့မြို့ပတ်လမ်းက လေးဆေးရုံထောင့်ကွေ့အနီး၊ တောင်ကြီးတက္ကသိုလ်နှင့် ကညန လမ်းဆုံတို့တွင် မီးပွိုင့်များတပ် ဆင်နိုင်ရန် စီစဉ်လျက်ရှိသည်ဟု ၎င်းကပြောသည်။
‘‘ဒီနေရာသုံးခုက ယာဉ်အ သွားအလာတွေ အရမ်းရှုပ်တဲ့နေ ရာဖြစ်တယ်။ ပြည်သူလူထုတွေ ယာဉ်အန္တရာယ်ကင်းရှင်းရေး မီး ပွိုင့်တွေ တပ်ဆင်လုပ်ဆောင်ပေး ဖို့စီစဉ်နေတာပါ’’ ဟု ဦးဝေလှိုင်း က ပြောသည်။
တောင်ကြီးမြို့နယ် စည် ပင်သာယာရေးဌာန၏ ၂၀၁၇-၁၈ ဘတ်ဂျက်ခွင့်ပြုငွေကိုအသုံး ပြု၍ တပ်ဆင်မည်ဟု ယင်းဌာနမှ သိရသည်။
မီးပွိုင့်များ တပ်ဆင်နိုင်ရန် အဆိုပါနေရာများတွင် ကွင်းဆင်း စစ်ဆေးကြည့်ရှုထားပြီး စက် တင်ဘာအတွင်း တပ်ဆင်နိုင်ရန် ပြင်ဆင်လျက်ရှိသည်။
တောင်ကြီးမြို့အတွင်းလတ် တလောအသုံးပြုလျက်ရှိနေသည့် မီးပွိုင့်ရှစ်ခု ရှိနေပြီး ထပ်မံတပ် ဆင်မည့် မီးပွိုင့်သုံးခုတိုးလာပါက ၁၁ ခုရှိမည်ဖြစ်သည်။
တောင်ကြီးမြို့တွင် ဩဂုတ် ၂၂ ရက်မှ ၃၁ ရက်အထိ ယာဉ် လမ်းအန္တရာယ်ကင်းရှင်စေရေး ယာဉ်ထိန်းတပ်ဖွဲ့နှင့် ပူးပေါင်းအ ဖွဲ့ဝင်များမှ အသိပညာပေးအစီ အစဉ်များဆောင်ရွက်လျက်ရှိနေ ပြီး စက်တင်ဘာ ၁ ရက်ကစတင် ကာ စည်းကမ်းပျက်ယာဉ်များကို ထိရောက်စွာ အရေးယူရန် စီစဉ်ထားသည်ဟု အမှတ် (၁၈)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့ခွဲမှူးရုံးမှ တာဝန်ခံ အရာရှိ ရဲမှူးမျိုးဇော်အောင်က ပြောကြားသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment