Latest News

Wednesday, August 2, 2017

ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေးဖြင့် ပထမဆုံးတက်ရောက်သူနှစ်ဦးထဲမှ တစ်ဦးကွယ်လွန်

ရန်ကုန်ဆေးရုံကြီးတွင် ရာသီတုပ်ကွေးဖြင့် ပထမဆုံးတက်ရောက်သူနှစ်ဦးထဲမှ တစ်ဦးကွယ်လွန်

သြဂုတ် ၂ ရက်အထိ ရာသီတုပ်ကွေး လူနာ ၉၉ ဦးရှိပြီး သေဆုံးသူ ၁၃ ဦးရှိ

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ရာသီတုပ်ကွေးသံသယလူနာအဖြစ် ပထမဆုံး တက်ရောက်ကုသသူနှစ်ဦးအနက် တစ်ဦးဖြစ်သော အသုတ်တိုက်နယ် ဆရာဝန်၏ဇနီးသည် ဆေးကုသမှုခံယူပြီး နှစ်ပတ်အကြာ ဩဂုတ် ၂ ရက်၌ သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က 7Day Daily သတင်းစာအားပြောသည်။

‘‘ဒီနေ့ အသုတ်တိုက်နယ် ဆေးရုံက ဆရာဝန်ရဲ့ ဇနီးဆုံး သွားတယ်။ ပိုးတွေ့တဲ့ လူနာအ ရေအတွက်လည်း တိုးလာတယ်’’ ဟု ဒေါက်တာသာထွန်းကျော်က ဩဂုတ် ၂ ရက် ညနေ ၆ နာရီတွင် အတည်ပြုပြောကြားသည်။

သေဆုံးသူ အမျိုးသမီး သည် ဧရာဝတီတိုင်း အသုတ်မြို့ နယ် တိုက်နယ်ဆေးရုံဝင်းအတွင်း နေထိုင်သူဖြစ်ပြီး အသက် (၃၅) နှစ်အရွယ်ဖြစ်သည်။ ၎င်းသည် ဇူလိုင်၁၉ ရက်က ရန်ကုန်ပြည်သူ့ဆေး ရုံကြီးရှိ အထူးကြပ်မတ်ကုသ ဆောင်တွင် စတင်ကုသမှုခံယူခဲ့ ပြီး ဇူလိုင် ၂၁ ရက်၌ H1N1 ရောဂါပိုးကူးစက်ခံရသည်ကို စစ်ဆေး တွေ့ရှိကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြော သည်။

ဩဂုတ် ၂ ရက်က အစိုးရ ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံ များသို့ တက်ရောက်ကုသနေ သော သံသယရှိ လူနာ ၃၉ ဦးကို ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာ ၎င်း တို့အနက် ၂၃ ဦး၌ H1N1 ရောဂါပိုးတွေ့ရှိခဲ့သည်ဟု ၎င်းက ဆက် လက်ပြောကြားသည်။

ထို့ကြောင့် ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂ ရက်အထိ လတ်တလော ပြင်းထန်အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံရောက်ရှိသူ ၂၈၄ ဦးရှိပြီး ထိုအထဲမှ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွား သူ ၉၉ ဦးနှင့် သေဆုံးသူ ၁၃ ဦးရှိ သည်။

7Day News

No comments:

Post a Comment