Latest News

Sunday, August 27, 2017

မန္တလေးပြည်သူ့ဆေးရုံကြီး၌ အသည်းအစားထိုးခွဲစိတ်မှုများ ထပ်မံပြုလုပ်မည်

မန္တလေးပြည်သူ့ဆေးရုံကြီး၌ အသည်းအစားထိုးခွဲစိတ်မှုများ ထပ်မံပြုလုပ်မည်

မန္တလေးအထွေထွေ ရောဂါကုဆေးရုံကြီးတွင် အသည်းကင်ဆာဖြစ်ပွားနေသူများ၊ အသည်းအစားထိုးရန် လိုအပ်နေ သည့် လူနာများကို အသည်းအစား ထိုးခွဲစိတ်မှုများ ထပ်မံပြုလုပ်မည် ဖြစ်ကြောင်း ခွဲစိတ်ကုပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာရှိန်မြင့်က ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီး တွင် သြဂုတ် ၅ ရက်က အိန္ဒိယ နိုင်ငံ YASHODA Hospitals မှ ဆရာဝန်ကြီးများနှင့် ပူးပေါင်း၍ အသည်းအစားထိုးခွဲစိတ်မှုပြု လုပ်ရာ ပထမအကြိမ်အောင်မြင်မှုရရှိသဖြင့် ထပ်မံပြုလုပ်မည်ဖြစ် ကြောင်း ဒေါက်တာရှိန်မြင့်က ပြောသည်။

‘‘နောက်လလောက်မှာ လုပ် ဖို့ရှိပါတယ်။ နောက်ပိုင်းကျရင် တစ်လကို နှစ်ယောက်နှုန်းလုပ် နိုင်ဖို့ ကြိုးစားပါမယ်’’ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မန္တလေးပြည် သူ့ဆေးရုံကြီး၌ အသည်းအစား ထိုးမှုပြုလုပ်ရန် လူနာ ခြောက်ဦး ခန့်ရှိနေပြီး အစားထိုးခွဲစိတ်ရန် ခွဲစိတ်ခန်းလိုအပ်ခြင်း၊ အသည်း အစားထိုးရာ၌ အသုံးပြုသည့် စက်ပစ္စည်းများလိုအပ်နေကြောင်း သိရသည်။

အသည်းအစားထိုးမည့်သူ နှင့် ပေးဆောင်မည့်သူတို့သည် ကျန်းမာရေးကောင်းမွန်ရန် လို အပ်ပြီး သွေးအုပ်စုတူညီခြင်း၊ အသည်းသွေးကြောလေးများ ထည့်၍ရ၊ မရစစ်ဆေးခြင်းနှင့် ဆွေမျိုးသားချင်းဖြစ်ပါက     ပိုမို အဆင်ပြေနိုင်ကြောင်း    သြဂုတ် ၂၇ ရက်က မန္တလေးပြည်သူ့ဆေးရုံကြီးတွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

အသည်းကင်ဆာရောဂါ ဖြစ်သူသည် သွေးကြောထဲသို့ ရောဂါပိုးမပြန့်သေးသည့် လူနာ များကိုသာ အစားထိုးမှုပြုလုပ်နိုင် မည်ဖြစ်ကြောင်း ပထမအကြိမ် အသည်းအစားထိုး ခွဲစိတ်မှုတွင် ပါဝင်သူ ဒေါက်တာရှိန်မြင့်က ပြောသည်။

‘‘အစတုန်းက ဗိုက်နာလို့ အစာအိမ်စစ်ရင်းနဲ့ အသည်းကင်ဆာလို့ ပြောတော့  အစားထိုးကုသ လိုက်တယ်။ အခုတော့ ကျန်းမာ ရေးက ပြန်ကောင်းနေပါပြီ။ အား လုံးသက်သာပါတယ်’’ဟု ကချင် ပြည်နယ် မိုးညှင်းမြို့နယ် ဘီးလူး ကျေးရွာမှ အသည်းအစားထိုးခံ ယူထားသူ အသက်(၅၅)နှစ်အ ရွယ် ဒေါ်ဝင်းမြက ပြောသည်။

အသည်းအစားထိုးမှုကို ပြည်ပနိုင်ငံများသို့ သွားရောက် ပြုလုပ်ပါက မြန်မာငွေကျပ်သိန်း ၈၀၀ ခန့်အထိ ကုန်ကျမည်ဖြစ် ပြီး ပြည်တွင်းတွင် ပြုလုပ်နိုင်မည် ဆိုပါက ငွေကြေးထက်ဝက် သက် သာလာမည်ဖြစ်သည်။

‘‘မြန်မာနိုင်ငံမှာ အသည်းနဲ့ ပတ်သက်တဲ့ အစားထိုးရမယ့် လူ နာတွေအများကြီးပါ။ လောလော ဆယ်တတ်နိုင်တဲ့ လူကနိုင်ငံခြား မှာ   ကုတယ်။   ဒီမှာက နည်း ပညာပိုင်းနဲ့ အတွေးအခေါ်ပိုင်း တွေ လိုအပ်တယ်။ ကျွန်တော်တို့ ကိုယ်တိုင်လာခြင်းအားဖြင့် ဆရာ ၀န်တွေတစ်ဖွဲ့လုံး လေ့လာနိုင် တယ်။ ရေရှည်မှာ လုပ်ဖြစ်ဖို့အ တွက် လာကူညီခြင်းဖြစ်ပါတယ်’’ ဟု အိန္ဒိယနိုင်ငံ YASHODA Hospitals မှ Dr.P. Balachan -dran Menon က ပြောသည်။

မိုးညှင်းမြို့ ဘီလူးကျေးရွာ မှ ဒေါ်ဝင်းမြသည် အသည်းကင်ဆာဖြစ်ပွားပြီး အသည်းတွင်အ ကျိတ် သုံးလက်မခန့်ရှိသဖြင့် တူမတော်စပ်သူ အသက်(၃၀) နှစ်အရွယ် ဒေါ်နီလာဝင်း၏အသည်းဖြင့် အ စားထိုးကုသမှု မန္တလေးဆေးရုံ ကြီး၌ ပထမဆုံးအကြိမ်ပြုလုပ် ရာ အောင်မြင်မှုရရှိခဲ့သည်။

မြန်မာနိုင်ငံ၌ ပထမအ ကြိမ် အသည်းအစားထိုးကုသမှု ကို ၂၀၀၄ သြဂုတ်တွင် ပါမောက္ခ ဒေါက်တာနော်မန်လှဦးဆောင် သော ခွဲစိတ်အထူးကုဆရာဝန် ကြီးများက ၁၃ နာရီကြာ ဆောင် ရွက်ခဲ့သည်။    အသည်းအစား ထိုးခွဲစိတ်ကုသမှုသည် အရှေ့ တောင်အာရှနိုင်ငံများတွင် မြန်မာ နိုင်ငံက ပထမဆုံးပြုလုပ်နိုင်ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဒုတိယအ ကြိမ် အသည်းအစားထိုးကုသမှု ကို ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး၌ ၂၀၀၉ တွင်ပြု လုပ်ပြီး တတိယအကြိမ် အသည်းစားထိုးကုသခြင်းကို မင်းရဲကျော် စွာလမ်းရှိ ရန်ကုန်ခုတင် ၅၀၀ ဆံ့ အထူးကုဆေးရုံကြီး၌ ၂၀၁၆ က ပြုလုပ်ခဲ့သည်။

7Day News

No comments:

Post a Comment