Latest News

Thursday, August 3, 2017

သားဦးလေးကို ဒီလထဲ မွေးဖွားတော့မယ့် မိုးယုစံ

သားဦးလေးကို ဒီလထဲ မွေးဖွားတော့မယ့် မိုးယုစံ

သားဦးကိုယ်ဝန်ကို ယခု လအတွင်း မွေးဖွားမည်ဖြစ်၍ မွေးဖွားမည့်ဆေးရုံကို ခင်ပွန်းနှင့် တိုင်ပင်ရွေးချယ်နေဆဲဖြစ် ကြောင်း မိုးယုစံက ပြောသည်။

‘‘ကိုယ်ဝန်က ၃၆ ပတ်ရှိပြီ။ Due Date လည်းထွက်ပြီ။ ဩဂုတ်၂၃ ရက်လို့ မှန်းထားပါတယ်။ ဒီ ထက်စောရင်တော့ အပြောင်းအ လဲတော့ရှိမယ်’’ဟု မိုးယုစံက ပြောသည်။

ကိုယ်ဝန်စရှိချိန်ကတည်း က    အစားအသောက်  အနေ အထိုင်များကို ရင်သွေးအာဟာရ ဖြစ်ရန်သာ စဉ်းစား၍ ပြင်ဆင်နေ ထိုင်စားသောက်ကြောင်း ၎င်းက ဆိုသည်။

‘‘ကျွန်တော်က ဆေးရုံတစ် မျိုးကြိုက်တယ်။ သူကတစ်မျိုး ကြိုက်တယ်။ Information အား လုံးတော့ စုံစမ်းပြီးသား။ အဲဒါကို စကားနည်းနည်းပြောနေလို့ပါ။ အဓိကကတော့ အကောင်းဆုံး ဖြစ်စေချင်လို့ပါ’’ဟု မွေးဖွားမည့် ဆေးရုံနှင့်ပတ်သက်၍ ခင်ပွန်း စွမ်းသူမိုးက ပြောသည်။

ထို့အပြင် ရင်သွေး စရှိသည့် အချိန်ကတည်းက အားလုံးကို ကြိုတင်ပြင်ဆင်ထားပြီး ကလေး နာမည်ကိုလည်း စဉ်းစားထားကာ ဇနီးက ရွေးချယ်ရန်သာ ကျန် တော့ကြောင်း ၎င်းက ဆိုသည်။

‘‘အမှန်ဆို ကျောင်းတွေ တောင် စဉ်းစားထားတယ်။ အ ကုန်လုံး ကြိုပြီးစုံစမ်းထားတယ်’’ ဟု သားနှင့်ပတ်သက်၍ ကြိုတင် ပြင်ဆင်မှုများအကြောင်းကို စွမ်း သူမိုးက ပြောသည်။

ထို့အပြင် ရင်သွေး၏ အချင်းသွေးနှင့် ချက်ကြိုးပင်မဆဲလ် သိမ်းဆည်းခြင်းကို စင်ကာပူအခြေစိုက် Cordlife ပင်မဆဲလ်ဘဏ်တွင် သိမ်းဆည်းမည်ဟု မိုးယုစံက ပြောသည်။

Cordlife ပင်မဆဲလ်ဘဏ် ကို ဩဂုတ် ၁ ရက်တွင် စတင် မိတ်ဆက်ပြီး မိုးယုစံကို CordlifeCelebrity မေမေအဖြစ် ခန့်အပ် သည်။

7Day News

No comments:

Post a Comment