Latest News

Thursday, August 3, 2017

ငြိမ်းချမ်းရေးဂီတပွဲတော် ၂၀၁၇ သီချင်းဆိုပြိုင်ပွဲ ပုသိမ်မြို့တွင် အသံစတင်စစ်ဆေး

ငြိမ်းချမ်းရေးဂီတပွဲတော် ၂၀၁၇  သီချင်းဆိုပြိုင်ပွဲ ပုသိမ်မြို့တွင်
အသံစတင်စစ်ဆေး

ပုသိမ်   သြဂုတ်   ၃

နိုင်ငံတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထောက်ခံသောအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက ကြီး မှူးကျင်းပသည့်  ငြိမ်းချမ်းရေးဂီတပွဲတော် ၂၀၁၇ သီချင်းဆိုပြိုင်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပါဝင်ယှဉ်ပြိုင် သီဆိုကြသူများ၏ အသံစစ်ဆေးခြင်းကို သြဂုတ်လ  ၃ ရက်နေ့ နံနက် ၈နာရီ အချိန်မှစ၍ ပုသိမ်မြို့ ဧရာရွှေဝါခမ်းမတွင် စတင်ကျင်းပသည်။

အကဲဖြတ်ဒိုင်များအဖြစ် တေးရေးဆရာ နောင်နောင် (S F)၊ တေးသံရှင်နွဲ့ယဉ်ဝင်းတို့က ဆောင်ရွက်ကြပြီး၊ ပြိုင်ပွဲဝင်များအနေဖြင့်  Form များထုတ်ယူစဉ် သတ်မှတ်သည့် နံပါတ်စဉ်အလိုက်  အသံစစ်ဆေးကာ ရလဒ်ကို နေချင်းပြီး ကြေညာသွားမှာဖြစ်ကြောင်း သိရသည်။

အသံစစ်ဆေးခံယူရန် လျှောက်လွှာတင်ထားသူ (၂၅၄)ဦးရှိပြီး ၎င်းတို့ထဲမှ အသံစစ်အောင်မြင်သူများကို သြဂုတ် (၆)  ရက်နေ့ ပုသိမ်မြို့တော် ခန်းမတွင် ဆက်လက်ယှဉ်ပြိုင်မည်ဖြစ်ကာ အဆိုပြိုင်ပွဲကျင်းပပုံများ ကိုမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ( MRTV ) ရုပ်သံလိုင်းတွင် ည (၈း၃၀)ချိန်တွင် တိုက်ရိုက် ( LIVE ) ထုတ်လွှင်ပေးမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်မြင့်  ( iprd )
MOI

No comments:

Post a Comment