Latest News

Friday, August 18, 2017

ကွန်ကရစ် လမ်းများခင်းရာမှာ စည်ပင်ဌာန အရည်အသွေးမကောင်းတဲ့ ဘိလပ်မြေသုံးစွဲ နေ

ကျုံပျော်မြို့  မြ၀တီရပ်ကွက်တွင် စည်ပင်သာယာရေးအဖွဲ့ မှ တာဝန်ယူဆောင်
ရွက်နေသည့် ကွန်ကရစ်လမ်းပိုင်အားတွေ့ ရစဉ် ။
Photo .Time Ayeyar 

ကွန်ကရစ် လမ်းများခင်းရာမှာ စည်ပင်ဌာန အရည်အသွေးမကောင်းတဲ့ ဘိလပ်မြေသုံးစွဲ နေ
မျိုးမင်းပိုင်
 ဧရာဝတီတိုင်းဒေသကြီးအတွင်းကွန်ကရစ်လမ်းများ ခင်းရာမှာ စည်ပင်သာယာရေးအဖွဲ့ အနေနဲ့ အရည်သွေးမကောင်းတဲ့  ဘိလပ်မြေကို သုံးစွဲနေတယ်လို့  သြဂုတ်လ(၁၈)ရက်နေ့ က ဧရာဝတီတိုင်းဒေသကြီးလွတ်တော် ပြည်သူ့ ငွေစာရင်းစီမံကိန်းနှင့် ဘဏ္ဏာရေး စီးပွါးရေး ၊ နှင့် ကုန်သွယ်လုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေး
ကော်မတီ ကပြောပါတယ်။

ဌာနမှ ပေးသော ဘိလပ်မြေများမှာ အရည်အသွေးမကောင်းခြင်း သုံးစွဲရန် လိုအပ်သော အရည်အသွေးအတိုင်းပြည့်မှီအောင်ထည့်ဝင်မပေးခြင်းများ ဖြစ်ပေါ်သည်ကို လေ့ လာတွေ့ ရှိရသည်ဟု ကော်မတီအတွင်း
ရေးမှူးဒေါ်ရီရီထွန်းက လွတ်တော်မှာပြောပါတယ်။

စည်ပင်သာယာရေးဌာနကက (၇၅)ရာခိုင်နှန်းထည့်ဝင်ပြီး ပြည်သူက (၂၅)ရာခိုင်နှန်းထည့် ၀င်ပြီး
တိုင်းဒေသကြီးအတွင်းကွန်ကရစ်လမ်းတွေကိုခင်းနေတာဖြစ်ပါတယ်။

အရည်အသွေးမကောင်းတဲ့  ဘိလပ်မြေတွေကိုသုံးစွဲပြီး သတ်မှတ်ချက်အရည်အသွေးအတိုင်းမခင်းပါက
ခင်းထားတဲ့ လမ်းတွေက အချိန်ကာလကြာမြင့်စွာမခံပဲ ဆောလျင်စွာပျက်စီးနိုင်တယ်လို့  ပြင်ပအင်ဂျင်နီယာတွေကပြောပါတယ်.။

ဒီလိုမျိုးသုံးစွဲနေတာနဲ့ ပတ်သက်ပြီး ကော်မတီက အစိုးရအဖွဲ့ ကို မည်သို့ ဆောင်ရွက်သင့်တယ်လို့ 
အကြံပြုပြောဆိုတာ တော့  မရှိခဲ့ ပါဘူး။
ဧရာဝတီတိုင်းဒေသကြီးတွင် လမ်းပေါင်း (၁၆၃)လမ်း အတိုင်းအတာဖြင့် ၂၁ မိုင် ၆ဒသမ ၅၁ ဖာလုံ ခင်းထားပြီးဖြစ်ရာ စုစုပေါင်းကုန်ကျငွေ   ကျပ်သန်းပေါင်း (၂၄၁၄၉ဒသမ ၅၁၂)ဖြစ်ပါတယ်။


No comments:

Post a Comment