Latest News

Thursday, August 31, 2017

ပရဟိတအဖွဲ့များ မောင်တော ဒုက္ခသည်များကို ဆန်အိတ်နှင့် အာလူးများလှူဒါန်း

ပရဟိတအဖွဲ့များ မောင်တော ဒုက္ခသည်များကို ဆန်အိတ်နှင့် အာလူးများလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မမြောက်ရပ်ကွက် မူလတန်းကျောင်းတွင် ခိုလုံနေကြသည့် ဟိန္ဒူလူမျိုး မိသားစု ၃၂၁စု၊ လူဦးရေ ၁၈၄၂ ယောက်အတွက်   ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့က ဆန်အိပ်နှင့်အာလူးများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းအချိန်က ဆန်အိတ် ၁ဝဝ နှင့် အားလူး ၆ အိတ်၊ ဆီ ၁ ပုံးသွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

" ဒါတွေကတော့ မနေ့ညကပဲမောင်တောကို ရောက်ရောက်ချင်းပဲ ကိုဝေဠုကျော်တို့နဲ့ သွားရောက်လှူဒါန်းခဲ့တာပါ။ ဒီနေ့လည်း တခြားနေရာတွေမှာရှိတဲ့ ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးကြဖို့အတွက် ကျွန်တော်တို့တွေ သွားနေကြပါတယ်" ဟု စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောတွင် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး အစွန်းရောက်အကြမ်းဖက်များ တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများအား ကူညီရန် စာရေးဆရာကိုဝေဟင်အောင်က အလှူငွေများကောက်ခံပေးနေပြီး ယမန်နေ့အထိ အလှူ ငွေ ကျပ် သိန်း ၅ဝဝ ခန့် ရရှိပြီဖြစ်ကြောင်း သိရသည်။

Mizzima

No comments:

Post a Comment