Latest News

Thursday, August 3, 2017

ရွှေမိုးရေခဲစက် တရားမ၀င်ဓာတ်အားသုံးစွဲလို့  ဒဏ်ကြေးငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်လျော်ကြေးပေးဖို့ အစိုးရသတ်မှတ်

ရွှေမိုးရေခဲစက် တရားမ၀င်ဓာတ်အားသုံးစွဲလို့  ဒဏ်ကြေးငွေကျပ်သိန်းပေါင်း (၁၆၀၀)ကျော်လျော်ကြေးပေးဖို့ အစိုးရသတ်မှတ်

လပွတ္တာ မြို့ နယ် ရွှေမိုးရေခဲစက် ရဲ့ တရားမ၀င် ဓာတ်အားသုံးစွဲမှုအတွက် မြန်မာကျပ်ငွေ သိန်းပေါင်း (၁၆၅၆)သိန်းခန့် ကို လျော်ကြေးပေးဆောင်ရန် သတ်မှတ်ခဲ့ ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  လျှပ်စစ်စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးဝင်းဌေးက သြဂုတ်လ(၃)ရက်နေ့ က လွှတ်တော်မှာပြောပါတယ် ။

“ရွှေမိုးရေခဲစက်ကတရားမ၀င် ဓတ်အားသုံးစွဲမှုကိုစစ်ဆေး ဖော်ထုတ်ပြီး နစ်နာကြေးနဲ့  ဒဏ်ကြေးငွေ ကျပ်သိန်း(၁၆၅၆)သိန်းခန့် ကို တောင်းခံ ထားရှိတာရှိပါတယ် “ဟု ၄င်းကပြောပါတယ်။
ဆက်လက်ပြီးတော့လည်း တိုင်းဒေသကြီး အတွင်း တရားမ၀င် လျှပ်စစ်ဓာတ်အားသုံးစွဲမှုတွေကို စဉ်ဆက်မပြတ်စောင့်ကြည့် ဖော်ထုတ်အရေးယူမှု တွေ လုပ်သွားမယ်လို့ လည်း ပြောပါတယ်။

ယခု ကျင်းပနေတဲ့တိုင်းဒေသကြီးလွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ဒုတိယနေ့ မှာ ရေကြည်မဲဆန္ဒ
နယ် (၁)ဦးမျိုးညွန့် ၏ နိုင်ငံပိုင်လုပ်ငန်းဖြစ်တဲ့  လျှပ်စစ်စွမ်းအင် လုပ်ငန်း ၀င်ငွေ ရရှိမှု မှန်ကန်ရေး
တိုင်းဒေသကြီးအစိုးရအဖွဲ့ မှ မည်ကဲ့ သို့ စိစစ် ကြပ်မတ်ထား သည်ကို သိရှိလိုကြောင်း မေးခွန်းနှင့်
ဆက်စပ်ပြီး ၀န်ကြီးဦးဝင်းဌေးက ပြောဆိုခဲ့ တာပါ။

သည်လို့ ဖော်ထုတ်အရေးယူမှုဟာ လက်ရှိ ဘဏ္ဏာ နှစ်အတွင်းမှာဆောင်ရွက်ခဲ့ တာဖြစ်ပြီး အသေးစိတ်အချက်လက်တွေကိုတော့ လွှတ်တော်မှာ ထည့် သွင်းပြောဆိုခဲ့ တာမရှိပါဘူး။
Writer   မျိုးမင်းပိုင်
Photo    မျိုးမင်းပိုင်

No comments:

Post a Comment