Latest News

Sunday, August 27, 2017

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး နှင့် ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု မောင်တောဒေသသို့ရောက်ရှိ

 စစ်တွေ ၊ သြဂုတ် ၂၇

လူမှုဝန်ထမ်းကယ်ဆေးရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ
ဝင်းမြတ်အေး ၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပု ၊ ပြည်နယ်လူမှုရေးဝန်ကြီး
ဒေါက်တာ ချမ်းသာ ၊ တို့ အဖွဲ့သည်ကစထမှူးဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇော နှင့်တွေဆုံပြီး မောင်တောခရိုင်အတွင်းရှိ အကြမ်းဖက်ဖြစ်စဉ်များနှင့် ပတ်သက်၍ လုံခြုံရေးဆောင်ရွက်ထားမှု အခြေအနေ ၊ ရိက္ခာပစ္စည်းထောက်ပံ့ပေးနိုင်မည့် လမ်းကြောင်းအခြေအနေများကို မေးမြန်းဆွေးနွေးပြီး ညနေ ၃ နာရီ အချိန်တွင် ဘူးသီးတောင်မြို့ပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ရာ လူနာများဆေးဝါးကုသမှု
အခြေအနေများကို ကြည့်ရှုခဲ့ကြပြီး ဘူးသီးတောင်မြို့ သပြေကုန်းရပ်ကွက် သုဓမ္မာရုံဘုန်းတော်ကြီးကျောင်းသို့ရောက်ရှိကာ ဘူးသီးတောင်မြို့နယ် နှင့် မောင်တောမြို့နယ်များမှ ဘင်္ဂါလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုအခြေအနေကြောင့် တိမ်းရှောင်လာသော တိုင်းရင်းသားများနှင့်တွေ့ဆုံပြီး စား​သောက်​ဖွယ်​ရာများ​ပေးအပ်​ပြီး
မောင်တောမြိုသို့ ဆက်​လက်​သွား​ရောက်​ခဲ့ပြီး (၄) မိုင် အထက ကျောင်းတွင်​ နေရပ်စွန့်ခွာ တိုင်းရင်းသားများ နှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ ခေါက်ဆွဲထုတ်များပေးအပ်ခဲ့သည်​။
ဦးညီပု(ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
https://www.facebook.com/U-Nyi-Pu-2149400781865372/



No comments:

Post a Comment