Latest News

Friday, August 18, 2017

စိန်လက်စွပ်ပျောက်ရင် ပြန်ရှာတွေ့ဖို့ အကောင်းဆုံးနည်းလမ်း

၂၀၀၄ ခုနှစ် စက်တင်ဘာလမှာပေါ့။ ကနေဒါနိုင်ငံ အယ်ဘာတာမှာနေထိုင်တဲ့ မေရီဂရမ်ဟာ မိသားစု
လယ်တောမှာ အလုပ်လုပ်နေစဉ် ၀တ်ဆင်ထားတဲ့ စိန်လက်စွပ် ပျောက်ဆုံးသွားခဲ့ရပါတယ်။
စေ့စပ်လက်စွပ်ဖြစ်တာ  နှမြောစွာနဲ့နေ့ပေါင်းများစွာ ရှာဖွေပေမယ့် မတွေ့ခဲ့ပါဘူး။

၁၃ နှစ်လောက်ပျောက်ခဲ့တဲ့စိန်လက်စွပ်ကို  သူ့ရဲ့ချွေးမက  မုန်လာဥနီပင်တစ်ပင်မှာ စွပ်လျက်သား
ထူးထူးဆန်းဆန်းပြန်တွေ့ခဲ့ပါတယ်။

"ကျမက ဥယျာဉ်ထဲကို သွားတာမှာ ဒီထိုးထိုးထောင်ထောင်ဖြစ်နေတဲ့အပင်ကိုတွေ့တော့ ကြည့်လိုက်တာ
လက်စွပ်စွပ်လျက်သား မုန်လာဥနီ ဖြစ်နေတာတွေ့ရတယ်။"

အခုအသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့မေရီက သူလက်စွပ်ပျောက်တဲ့နေ့ကအကြောင်းကိုခုလို ပြန်ပြောပြ ပါတယ်။ ဒီလက်စွပ်လေးကိုသူဝတ်ဆင်ခဲ့တာ ၁၉၅၁ ခုနှစ်ထဲဖြစ်ကြောင်း၊သူ့ရဲ့အိမ်ထောင်ဖက် နော်မန်နဲ့လက်
မထပ်ခင်တစ်နှစ်အလိုကတည်းက၀တ်ဆင်ခဲ့တာဖြစ်ကြောင်း၊ လက်စွပ်ကိုဒေါင်းတောက်အောင် ရှာ
ခဲ့ပေမယ့် ဘယ်မှာမှ မတွေ့ခဲ့ကြောင်း၊နောက်ဆုံးတော့ ထယ်ထိုးရာမှာ ပါသွားခဲ့ပြီလို့ယူဆခဲ့ပြီးလက်လျော့လိုက်ရကြောင်းပြောပြပါတယ်။

မေရီက လက်စွပ်ပျောက်သွားတဲ့အကြောင်း သူ့ယောက်ျားကိုအသိမပေးခဲ့ပဲ ပျောက်သွားတဲ့လက်စွပ်နဲ့
တူတဲ့လက်စွပ်တစ်ကွင်းကိုဝယ်ဝတ်ခဲ့ပါတယ်။

နောက်တော့သူတို့ ကမ်းရို့စ်အရပ်ကို ပြောင်းရွှေ့နေထိုင်ခဲ့ကြပေမယ့် လယ်တောထဲက ဥယျာဉ်ကိုတော့
ဆက်ပြီး ပြုပြင်ထိန်းသိမ်းခဲ့ကြတယ်။အဲဒီဥယျာဉ်ရဲ့သက်တမ်းက နှစ် ၁၀၅ နှစ်ရှိပြီလို့ဆိုပါတယ်။

အခု ဖြစ်တောင့်ဖြစ်ခဲ့ သူ့ရဲ့ချွေးမက ဒီလက်စွပ်ကို မုန်လာဥနီတစ်လုံးမှာ စွပ်လျက်ပြန်တွေ့တော့
မေရီကအလွန်ပျော်ရွှင်သွားပါတယ်။  ဒီလက်စွပ်ကို သူပြန်ဝတ်မယ်လို့ဆိုပါတယ်။

ယုံချင်ယုံ၊မယုံချင်နေ။
၂၀၁၁ ခုနှစ်တုန်းကလည်း ဆွီဒင်က အမျိုးသမီးတစ်ယောက်လည်း ၁၆ နှစ်လောက်ပျောက်ဆုံးသွားတဲ့
လက်စွပ် ကို ခုလိုပဲမုန်လာဥနီပင်မှာ စွပ်လျက်ပြန်တွေ့တဲ့သတင်းက ခေါင်းစီးသတင်းဖြစ်ခဲ့ဖူးပါတယ်။
တကယ်လို့များ သင်လက်စွပ်ပျောက်ခဲ့ရင် ပြန်ရှာတွေ့ဖို့ အကောင်းဆုံးနည်းလမ်းကတော့
သင့်ဥယျာဉ်ထဲ မုန်လာဥနီစိုက်လိုက်ဖို့ပါပဲ။
SZ (Time Ayeyar ဘာသာပြန်သည်)

No comments:

Post a Comment