Latest News

Friday, August 4, 2017

ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့ကျေးရွာအုပ်စုတခုက ၁၃ နှစ်သ္မီးလေးသတ်မှု ရဲတပ်ဖွဲ့ကစစ်ဆေးဆောင်ရွက်နေခြင်း


ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့ကျေးရွာအုပ်စုတခုက ၁၃ နှစ်သ္မီးလေးသတ်မှု ရဲတပ်ဖွဲ့ကစစ်ဆေးဆောင်ရွက်နေခြင်း

ဧရာဝတီ တိုင်းဒေသကြီး ဒေးဒရဲမြို့နယ် ကျေးရွာတရွာမှ အသက်(၁၃)နှစ်အရွယ် ခလေးမလေးတယောက် အိမ်အစောင့်ထားခဲ့ရာက ပျောက်ဆုံးနေ၍ရှာဖွေကြရာ နောက်တနေ့ မှဒါဏ်ရာများနှင့် အလောင်းအား ခြုံတခုမှာတွေ့ရှိရသဖြင့် လူသတ်မှုဖြင့် အမှုဖွင့်၍ စစ်ဆေးဆောင်ရွက်ကြရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲ့ပူးပေါင်းဆောင်ရွက်မှုကြောင့် သံသယ တရားခံအား (၂၄)နာရီ အတွင်းဖမ်းဆီးရမိပြီး ချုပ်ရီမန်တောင်းခံစစ်ဆေးဆောင်ရွက်နေကြောင်းသိ့ရပါသည်။

ဖြစ်စဉ်မှာ ဒေးဒရဲမြို့နယ် ကျုံသင်ကျေးရွာအုပ်စု ကုလားတန်းကျေးရွာနေ ဦးအောင်မြတ်လင်း သည် ၂.၈.၂၀၁၇ ရက်နေ့ နံနက် (၈)နာရီ အချိန်ခန့်မှာ နေအိမ်တွင် တူမဖြစ်သူ မငွေသဇင် အားအိမ်စောင့်ထားခဲ့ပြီး ရေကျော်ရွာ ဦးသန်းဝင်း နေအိမ်သို့ လက်သမားလုပ်ရန်သွားခဲ့သည်။

ရေကျော်ရွာ မှ အလုပ်သိမ်ပြီးနေအိမ်သို့ပြန်လာခဲ့ရာ ညနေ(၆)နာရီ အချိန်ခန့်မှာ အိမ်သို့ရောက်ရှိပြီး တူမဖြစ်သူ ငွေသဇင်အား အိမ်မှာ မတွေ့ရ၍ ကျေးရွာ အတွင်းမိသားစုများနှင့်အတူလိုက်လံရှာဖွေကြရာညဥ့်နက်ချိန်ထိ့ရှာမတွေ့ကြ၍စိတ်ပူမိကြသည်။

နောက်တနေ့မိုးလင်းသည် နှင့်မိသားစုများ အနီးနားရှိကျေးရွာများနှင်လယ်တဲများအားသွားရောက်ရှာဖွေကြရာ အိမ်ရဲ့အနောက်ဘက်ရှိ လယ်ကွင်းတဲမှ မမိခိုင် ဆိုသူရောက်ရှိလာပြီး ကုက္ကိုပင်အောက်ကုခုံထဲမှာ ငွေသဇင် ရဲ့အလောင်းတွေ့ကြောင်းသိ့ရ၍ ဆယ်အိမ်မှူး ဦးကာစီအားသွားရောက်အကြောင်းပြီး ဖိုးတုပ်ရဲကင်း ဒုရဲအုပ်ခင်သန်းဇော်ထံ သို့သွားရောက်အကြောင်းကြားခဲ့သည်။

ရဲကင်းမှူးကအခင်းဖြစ်ရပ်သို့ချက်လိုက်ခဲ့ရင်းတယ်လီဖုန်းဖြင့်ဆက်သွယ်၍ ဒေးဒရဲမြို့မရဲစခန်းမှူး ဒုရဲမှူးသိန်းဇော် အားဆက်လက်တင်ပြခဲ့ပြီးအခင်းဖြစ်ရပ်သို့ရောက်ရှိပြီးရှေ့နောက်ဆိုသလိုစခန်းမှူးဒုရဲမှူးသိန်းဇော် ဒုစခန်းမှူးရဲအုပ်မင်းထက်သူ နယ်ထိန်းအဖွဲ့များရောက်ရှိလာကြုပြီး အခင်းဖြစ်ရပ်အား အတူစစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်ရပ်သည် လူနေအိမ်များနှင့်အလှမ်းဝေးနေပြီး ငှက်ပျောပင်ဘသီးပင်စားပင်စိုက်ခင်းကုက္ကိုပင်ကြီးအောက် ပိန်းပင်မျက်ပင်ခြုံကြား အပေါ်အင်္ကျီအနီ အနက်ကွက်သာဝတ်ဆင်လျှက်ရှိပြီး ခြေခေါက်ကွေး တစောင်းအနေထားနှင့်တွေ့ရှိရပြီး မျက်ပင် ပိန်းပင်များယိုင်လဲကြိုးကြေနေသည် အလောင်းအားအသေးစိတ်စစ်ဆေးကြည့်ရာယာဦးခေါင်းနောက်ပေါက်ပြဲ ဒါဏ်ရာနှင့်လည်ပင်းတွင်ညိုမဲဒါဏ်ရာများ နာခေါင်းမှသွေးထွက်နေသည်ကိုစစ်ဆေးတွေ့ရှိရသည်။

စခန်းမှူးနှင့်အဖွဲသည် အလောင်းအား ကျေးရွာ ရှိပြည်သူတို့ကူညီမှုဖြင့် အအောင်းအားရဲဆေးစာနဲ့အတူ ဒေးဒရဲပြည်သူဆေးရုံကြီးသို့ပို့စေခဲ့ပြီး စခန်းမှူးဒုရဲမှူးသိန်းဇော် ကိုယ်တိုင်ပါဝင်သောအဖွဲ့ ဒုစခန်းမှူးရဲအုပ်မင်းထက်သူ ခေါင်းဆောင်ပြီး နယ်ထိန်းအဖွဲ့ ဖိုးတုပ် ရဲကင်းမှူးဒုရဲအုပ်ခင်သန်းဇော် ခေါင်းဆောင်သောရဲကင်းအဖွဲ့တို့ အဖွဲ့ငယ်(၃)ဖွဲ့ခွဲပြီး ကျေးရွာ အတွင်းနှင့်နယ်မြေခြင်းဆက်စပ်ရွာများအား ခွဲဝေ၍ပြိုင်တူလှုပ်ရှားဆောင်ရွက်ခဲ့ကြသည်။



ထိုသို့ဆောင်ရွက်ခဲ့ကြပြီး ရရှိသောသတင်းတို့အားစုစည်းအတည်ပြုကြရာ ဖိုးတုပ်ကျေးရွာအုပ်စု ကွင်းကျေးရွာနေ သူရိန် အသက်(၃၂)နှစ်(ဘ)ဦးတင်လှိုင် ကျဘမ်းလုပ်ကိုင်စားသောက်သူအား ပြည်သူတို့ထံကရရှိသောသတင်းများအရ မသကာင်္တရားခံအဖြစ်သတ်မှတ်ကြပြီး ၎င်းနေအိမ်အားသွားရောက်စုံစမ်းကြရာ မနက်စောစောက ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ကိုအလုပ်သွာလုပ်မည်ပြောခရီးထွက်သွားကြောင်းသိ့ခဲ့ရ၏။

စခန်မှူးဒုရဲမှူးသိန်းဇော်သည် ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့နှင့် ဒဂုံမြို့သစ်တောင်/မြောက်တို့အား စခန်းမှူးခြင်းဆက်သွယ်မေတ္တာရပ်ခံကူညီတောင်းခံပြီးအတူပူးပေါင်းဆောင်ရွက်ကြရာ မသင်္ကာတရားခံ သူရိန်အား ၃.၈.၂၀၁၇ ရက်နေ့ည (၁၀)နာရီခွဲ အချိန်မှာဒဂုံမြောက်ပိုင်း တတားဖြူ မှတ်တိုင်အနီး ဝက်မွေးမြူရေး ခြံတခြံအတွင်းမှာဖမ်းဆီးရမိပြီး ဒေးဒရဲမြို့မရဲစခန်းသို့ခေါ်ဆောင်လာခဲ့ပြီး ၄.၈.၂၀၁၇. ရက်နေ့ကချုပ်ရီမန်တောင်းခံ ၍ဥပဒေနှင့်အညီရဲလုပ်ငန်းများလုပ်ကိုင်ဆောင်ရွက်နေကြောင်းသိ့ရသည်။

ယင်းဖြစ်စဉ်အား ဦးအောင်မြတ်လင်း ကအမှုဖွင့်အရေးယူပေးရန်တရားလိုပြုတိုင်ကြားထားခြင်းကြောင့် ဒေးဒရဲမြို့မရဲစခန်း(ပ)၁၁၃/၂၀၁၇. ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်၍ အမှုအား စခန်းမှူးဒုရဲမှူးသိန်းဇော် ကတာဝန်ယူစစ်ဆေးနေကြောင်းသိ့ရပါသည်။

ယခုဖြစ်စဉ်အား ပြည်သူများဖတ်ရှုပြီး သင်ခန်းစာယူ မှုခင်းကျဆင်းကြိုတင်ကာကွယ်နိုင်ရန်အတွက်
စေတနာအမှန်ဖြင့် မှုခင်းသတင်းများအားအမြဲဖော်ပြပေးလျှက်ရှိပါတယ်။

အဲ့လိုဖော်ပြတဲ့နေရာမှာ သတင်းသမားတို့ရဲ့စောင့်ထိန်းရမည့်ကျင့်ဝတ်စည်းကမ်းတို့နဲ့အညီသာဖော်ပြလေ့ရှိပါတယ် တရားလို တရားခံ ဘက်လိုက် စောင်းပေးရေးသားခြင်းမျိုးမလုပ်ပါ တဖက်သားနင့်နာစေမည့်အသုံးနုံးအပြောဆို ရေးသားဖော်ပြခြင်းမလုပ်ပါ ရဲလုပ်ငန်းပျက်ပြားအောင်လဲမလုပ်ပါ ပြည်သူတွေအကျိုးပြုစေရန်စေတနာနဲ့သာငွေအကုန်ကျခံ အချိန်ကုန်ခံ အပင်ပန်းခံပြီး စေတနာနဲ့ ဖော်ပြပေးနေခြင်းသာဖြစ်ပါတယ်။
အဓိက ဆိုလိုခြင်တာက မန့်ကြသူများဟာ ကို့ရဲ့လေ့လာမှုအားနဲတာဖော်ပြနေကြသလို ဥပဒေ စည်းမျဉ်းစည်းကမ်းမသိ့ အရပ်စကားမျိုးကိုယ်ထင်တာကိုယ်မြင်တာတွေစောင်းပေးမန့်နေကြပါတယ် ဖွင့်ထားတဲ့ပုဒ်မက လူသတ်မှုဆိုရင် လူသတ်မှုဘဲရဲကစစ်မယ် မယားခိုးမှုဆိုမယားခိုးမှုပေါ်လွင်အောင်ရဲကစစ်ဆေးဆောင်ရွက် အမှုနဲ့ပတ်သက်တဲ့ရဲလုပ်ငန်းတွေဥပဒေနဲ့အညီကုန်စင်အောင်လုပ်မယ် တရားစွဲတင်မယ် မလိုအပ်တာတွေလိုက်မန့်လို့ဖျက်လိုက်ရတဲ့သတင်းတွေအမျာကြီး တဖက်သား မိသားစုထိ့ခိုက်နင့်နာစေပါတယ် ခိုင်မာတဲ့သက်သေအထောက်ထားမရှိရင် ကိုယ့်ကိုပြန်ထိ့နိုင်ပါတယ်ပြည်သူအကျိုးပြုပညာပေးသတင်းတွေကိုသာဖော်ပြပေးနေလို့တန်ဘိုးရှိတဲ့သတင်းတွေဖျက်လိုက်ရတော့ ပြည်သူတွေစုံအောင်မသိ့လိုက်ရင်နင့်နာပါတယ် မလိုအပ်တာတွေမ မန့်ကြရန်မေတ္တာရပ်ခံပါတယ် ယ္ခုဖြစ်စဉ်လေးကသင်ခန်းစာယူစရာဖြစ်နေပါတယ အမျိုးသ္မီးငယ် တယောက်ထဲထားပြီးကျန်တဲ့အတွက် လောဘ ဒေါသ တဏှာပေမ ကြီးမားသူတွေလက်ချက်နဲ့အသက်ဆုံးရူံးသွားရပါတယ် မှုခင်းဆရာဝန်ကြီးရဲ့ဆေးစာ ဥပဒေ ရဲ့အကြံပြုချက်ရရှိပြီးမှ ယ္ခုဖြစ်စဉ်ပုဒ်မအတည်ပြုရမှာပါ ထင်တာမြင်တာမပြောဘို့တောင်းပန်ပါတယ်။
ကျေးဇူး အထူးတင်လျှက်
ရွှေဘို ဝဠာ မှုခင်းနှင့်သတင်းစုံ
https://www.facebook.com/shwebowalarcrimenews/posts/1415665828510705

No comments:

Post a Comment