ယာယီပိတ်ထားသော ဘုရင့်နောင်ပဲကုန်စည်ဒိုင် ပြန်လည်ဖွင့်လှစ်
အိန္ဒိယအစိုးရ၏ ပဲတင် သွင်းမှု ကန့်သတ်ချက်ကြောင့် ပြည်တွင်းပဲဈေးနှုန်း ဆက်တိုက် ကျဆင်းလာသဖြင့် ဘုရင့်နောင် ပဲကုန်စည်ဒိုင်ကို ၄ ရက်ခန့် ယာ ယီပိတ်ထားပြီး သြဂုတ် ၂၆ ရက် တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။
အခြားသောတိုင်းနှင့်ပြည် နယ်များရှိ ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်အချို့ရှိနေခြင်း ကြောင့် သြဂုတ် ၂၂ ရက်ကစတင် ၍ ယာယီပိတ်ထားသော ဘုရင့် နောင်ပဲကုန်စည်ဒိုင်ကို ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအ သင်းအတွင်းရေးမှူး ဦးမင်းကို ဦးက ပြောသည်။
‘‘ကုန်စည်ဒိုင်ပြန်ဖွင့်ပေမယ့် အရောင်းအဝယ်တော့ မရှိသေး ဘူး’’ ဟု ဦးမင်းကိုဦးက ပြော ကြားသည်။
ကုန်စည်ဒိုင်ကို ပြန်လည်ဖွင့် လှစ်သော်လည်း အရောင်းအဝယ် ပြုလုပ်နိုင်သည့်အချိန်ကို နံနက် ၁၀ နာရီမှနေ့လယ် ၂ နာရီအထိ သတ်မှတ်ထားသည်။ ယခင်က နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအ ထိ သတ်မှတ်ဖွင့်လှစ်ခဲ့သည်။
အခြား တိုင်းနှင့်ပြည်နယ် များမှ ကုန်စည်ဒိုင် အချို့လည်း လက်ကားရောင်းဝယ်မှု မရှိသော် လည်း လက်လီရောင်းဝယ်မှုများ ရှိကြောင်း ကုန်စည်ဒိုင် ဥက္ကဋ္ဌ အချို့ထံမှ သိရသည်။ တောင်သူ များ ရောင်းချမှုရှိခြင်းကြောင့် သြဂုတ် ၂၅ ရက်အထိ ကုန်စည် ဒိုင်တွင် ပဲအရောင်းအဝယ်အချို့ ရှိကြောင်း မြင်းခြံ ကုန်စည်ဒိုင် ဥက္ကဋ္ဌက ပြောသည်။
အိန္ဒိယအစိုးရက မြန်မာနိုင် ငံအပါအဝင် ပြည်ပမှ မတ်ပဲနှင့် ပဲစင်းငုံတင်သွင်းမှု ကန့်သတ်သ ဖြင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်း ဆက်တိုက်ကျဆင်းလာပြီး သြဂုတ် ၂၂ ရက်ကစ၍ ဈေးဖွင့် ရောင်းဝယ်မှု ယာယီပိတ်သိမ်းခဲ့ သည်။ အိန္ဒိယနိုင်ငံသို့ တင်ပို့နေ သော ပဲဈေးနှုန်းများ ဆက်တိုက် ကျဆင်းလာ၍ ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ပဲကုန်သည် ၃၀၀ ခန့်က သြဂုတ်၂၂ ရက်၌ အစည်းအဝေးပြုလုပ်ပြီးနောက် ဈေးဖွင့်ရောင်းဝယ်ခြင်းကို ယာယီပိတ်သိမ်းကြောင်း ဦးအုန်းဆိုင်က ရှင်းပြသည်။
7Day News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment