Latest News

Friday, August 4, 2017

ဓမ္မစက် နဲ့မရတာကြောင့် အာဏာစက်နဲ့ရှင်းလင်းခဲ့ရဟု သာသာနာရေးဝန်ကြီးသူရဦးအောင်ကိုပြော

ဓမ္မစက် နဲ့မရတာကြောင့် အာဏာစက်နဲ့ရှင်းလင်းခဲ့ရဟု သာသာနာရေးဝန်ကြီးသူရဦးအောင်ကိုပြော

ရန်ကုန်၊သြဂုတ်၅

လက်ရှိဒီမိုကရေစီအစိုးရနှုတ်ထွက်ပေးရေးအော်နေကြသူတွေဟာ ခိုင်လုံတဲ့အကြောင်းပြချက်မရှိဘဲအစိမ်းသက်သက်အော်နေကြတာတွေလို့ သာသနာရေးနဲ့ယဉ်ကျေးမှုပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယနေ့မှာပဲ ရန်ကုန်မှာသတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြောကြားလိုက်ပါတယ်။

သပိတ်စခန်းတွေကိုပထမအစမှာ ဓမ္မစက် နဲ့သတိပေးခဲ့ပြီး၊ မရတာကြောင့် အာဏာစက်နဲ့ရှင်းလင်းခဲ့ရကြောင်း၊ယနေ့မနက်မှာပဲ မန္တလေးက သပိတ်စခန်းကို အေးချမ်းစွာရှင်းလင်းခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးကဆက်ပြောပါတယ်။

သူတို့တွေဟာဥပဒေကိုချိုးဖောက်ခဲ့တာဖြစ်လို့လူပုဂ္ဂိုလ်လဲလူပုဂ္ဂိုလ်အလျှောက်၊ရဟန်းဆိုလည်း ရဟန်းအလျှောက် တည်ဆဲဥပဒေနဲ့အညီအရေးယူသွားမယ်လို့လည်း ဝန်ကြီးကပြောခဲ့ပါသေးတယ်။

သပိတ်စခန်းရှင်းလင်းရာမှာ တစ်စုံတစ်ရာထိခိုက်မှု၊ပွန်းပဲ့မှု မရှိဘူးလို့  ဝန်ကြီးက သတင်းထောက်တွေကို ထည့်သွင်းပြောခဲ့ပါသေးတယ်။

ဓါတ်ပုံ-အောင်နိုင်စိုး(ကစ္ဆပ)
PopularNews

No comments:

Post a Comment