Latest News

Monday, August 28, 2017

အကြမ်းဖက်မှုတွင် ကျဆုံးတပ်ဖွဲ့ဝင်များနှင့် လဝကဝန်ထမ်းတို့ကို နိုင်ငံတော်အခမ်းအနားဖြင့် သင်္ဂြိုဟ်

အကြမ်းဖက်မှုတွင် ကျဆုံးတပ်ဖွဲ့ဝင်များနှင့် လဝကဝန်ထမ်းတို့ကို
နိုင်ငံတော်အခမ်းအနားဖြင့် သင်္ဂြိုဟ်

မောင်တောခရိုင်ရှိ ရဲကင်းနှင့် ရဲစခန်းများကို အစွန်း ရောက် ဘင်္ဂါလီအကြမ်းဖက်သ မားများ၏ တိုက်ခိုက်မှုကြောင့် ကျဆုံးသည့် နယ်ခြားစောင့် ရဲအရာရှိတစ်ဦး အပါအဝင် တပ်ဖွဲ့ဝင်သုံးဦးနှင့် လဝကဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းကို မောင်တောမြို့သုသာန်တွင် နိုင်ငံတော်အခမ်းအနားဖြင့် သင်္ဂြိုဟ်ခဲ့သည်။

အဆိုပါ လုံခြုံရေးတပ်ဖွဲ့ဝင် များနှင့် လဝကဝန်ထမ်းတို့၏ ရုပ် အလောင်းများကို သြဂုတ် ၂၇ ရက်က သင်္ဂြိုဟ်ခဲ့ပြီး ကျဆုံးသူများ၏ မိသားစုဝင်အချို့၊ နယ်ခြားစောင့် ရဲအရာရှိအချို့နှင့် လဝကဝန် ထမ်းများ လိုက်ပါပို့ဆောင်ခဲ့ သည်။

ယင်းနောက် ဂုဏ်ပြုတပ်ဖွဲ့ ဝင်များက အလေးပြုပြီး တာဝန်ရှိသူများက သေတမ်းစာကို ဖတ် ကြားသည်။ မောင်တောမြို့နယ် မြင်းလွှတ်ကျေးရွာတွင် ဆံပင်ညှပ်၍ လုပ်ကိုင်စားသောက်နေသူ ဟိန္ဒူမိသားစုခြောက်ဦး၏ ရုပ်အလောင်းများကို ၎င်းတို့၏ ဓလေ့ထုံးတမ်းနှင့်အညီ သြဂုတ် ၂၇ ရက်တွင် အဆိုပါသုသာန်၌ပင် သင်္ဂြိုဟ်ခဲ့သည်။

‘‘တာဝန်ရှိသူတွေအနေနဲ့ အ ကြမ်းဖက်သမား နှိမ်နင်းရေးကို အမြစ်ပြတ်ချေမှုန်းပေးဖို့ တောင်း ဆိုချင်ပါတယ်။ အကြမ်းဖက်သ မားတွေ အမြစ်ပြတ်မချေမှုန်းနိုင် သမျှ ကျွန်မသားလေးလို နောက် ထပ်တပ်ဖွဲ့ဝင်တွေ အထိအခိုက် ရှိလာမယ်။ အဲဒါကြောင့် အကြမ်း ဖက်သမားတွေကို အမြစ်ပြတ်ချေ မှုန်းပေးပါလို့ တောင်းဆိုချင်ပါ တယ်’’ဟု မောင်တောမြို့နယ် ဇီး ပင်ချောင်းရဲကင်းစခန်းတွင် တာ ဝန်ထမ်းဆောင်နေစဉ် ကျဆုံး သည့် ရဲတပ်သား မင်းသူရနိုင်၏ မိခင် ဒေါ်စန်းစန်းဌေးက တောင်း ဆိုသည်။

ပြီးခဲ့သည့် သြဂုတ် ၂၄ ရက် က စတင်ကာ မောင်တော၊ ဘူး သီးတောင်နှင့် ရသေ့တောင်မြို့ နယ်များရှိ ရဲကင်းနှင့် ရဲစခန်းများ ကို ဘင်္ဂါလီအကြမ်းဖက်သမား များက စီးနင်းတိုက်ခိုက်ပြီး သြ ဂုတ် ၂၇ ရက်အထိ အခြေအနေ တည်ငြိမ်မှုမရှိသေးဘဲ ထိတွေ့ ပစ်ခတ်မှုအချို့ ရှိနေသည်။

7Day News

No comments:

Post a Comment