ဘုံကျောင်းအတွင်း နေထိုင်သူထံမှ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ
မွန်ပြည်နယ်၊ ပေါင်မြို့၊ ကဒါရပ်ကွက်ရှိ တရုတ်ဘုံကျောင်းဝင်းအတွင်း၌ နေထိုင်သည့် အသက် ၄၈ နှစ်အရွယ် အမျိုး သားတစ်ဦးထံမှ WY စာတမ်းပါစိတ်ကြွရှုးသွပ်ဆေးပြားများ ဖမ်းဆီးရခဲ့မိသည်ဟု ပေါင်မြို့မ ရဲစခန်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။
"ကျွန်တော်တို့က သတင်းပေးကို သွားပြန်ဝယ်ခိုင်းတာပါ။ ပြီးမှ နေအိမ်ရာဖွေခွင့် ၀ရမ်းနဲ့ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာ ပါ" ဟု ၄င်း ကပြောသည်။
မူးယစ်ဆေးဝါးသုံးစွဲရောင်းချကြောင်း သတင်းအရ ရဲအုပ် မြင့်ဌေးနှင့် ပူးပေါင်းအဖွဲ့သည် သြဂုတ်လ ၂၇ရက်၊ နေ့လည် ၁နာရီအချိန်ခန့်က ကဒါရပ်ကွက်၊ မင်းလမ်း၊ တရုတ်ဘုံကျောင်းဝင်းအတွင်းနေထိုင်သည့် စိန်လွင်လေး(ခေါ်) မောင်နီ ၄၈ နှစ်၊ (ဘ) ဦးကျုံးရီ နေအိမ်သို့ ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၏ မူးယစ်ဆေးဝါးနေအိမ် ရှာဖွေ ခွင့် ၀ရမ်းအမှတ် ၃/၂၀၁၇ ဖြင့် ၀င်ရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
စိန်လွင်လေး(ခေါ်)မောင်နီဆိုသူသည် ၄င်းနေထိုင်သည့်အိပ်ရာဘေး မှပလပ်စတစ်အပြာရောင် ကပ်ခွာအိတ်အတွင်းထည့်ထားသည့် WY စာတမ်းပါးပန်းရောင်စိတ်ကြွရှုးသွပ်ဆေးပြား (၆၅)ပြား၊ (၆.၅) ဂရမ် နှင့် အမဲရောင်ကြွပ်ကြွပ်အိတ်အပိုင်းဖြင့်ပတ်ထားသော Rစာလုံးပါ အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂ပြား၊ အလေးချိန် ၀.၂ဂရမ်၊ စုစုပေါင်းကာလတန်ဖိုး ၃၃၅၀၀၀ကျပ် နှင့်အတူငွေစက္ကူရောရာ ၆၁၃၀၀ကျပ် ကိုတွေ့ရှိတွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ဆက်လက်စစ်ဆေးရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင်နေထိုင်သော ဦးသာပုတို့ ထံမှ ၊ မှ လွန်ခဲ့သော ၃လခန့်က တစ်ဆင့်ပြန်လည်ရောင်းချရန်ဝယ်ယူလာခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ ကဆိုသည်။
အဆိုပါ သိမ်းဆည်းရရှိမှုနှင်ပတ်သတ်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူ စိန်လွင်လေး(ခ)မောင်နီနှင့် မူးယစ်ဆေးဝါးရောင်းချသူ ဦးသာပုတို့ ၂ ဦး အား ပေါင်မြို့မရဲစခန်းမှ မယ(ပ)၅/၂၀၁၇၊ မူး/စိတ်ဥပဒေပုဒ်မ-၁၅/၁၉(က)/၂၁ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment