နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အိန္ဒိယ၀န်ကြီးချုပ်တွေ့ဆုံမှုတွင် ပဲဈေးကွက် အခက်အခဲကို ဆွေးနွေးမည်ဟုဆို
အစိုးရချင်း သဘောတူ ညီမှုဖြင့် ပဲရောင်းချနိုင်ရန် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က အိန္ဒိယ၀န် ကြီးချုပ်နှင့် တွေ့ဆုံချိန်၌ ဆွေး နွေးမည်ဟု စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာ အောင်သူက ပြောသည်။
ပြည်တွင်း၌ မတ်ပဲတန်ချိန် သုံးသိန်း၊ ပဲစင်းငုံတန်ချိန်တစ် သိန်းခန့် ကျန်ရှိနေချိန်တွင် အိန္ဒိ ယအစိုးရ၏ ပဲတင်သွင်းမှု ကန့် သတ်ချက်ကြောင့် ကုန်သည်များ အခက်အခဲကြုံတွေ့ရခြင်း၊ လာ မည့် ဒီဇင်ဘာပဲစင်းငုံအသစ်ပေါ် ချိန်၌လည်း ဈေးကွက်မရှိခြင်း ကြောင့် တောင်သူများအခက်အခဲ ကြုံတွေ့ရမည်ကို စိုးရိမ်သဖြင့် ယင်းကဲ့သို့ပဲဈေးကွက်ပြဿနာ ကို ထည့်သွင်းဆွေးနွေးမည်ဟု ဩဂုတ် ၂၅ ရက်တွင် မြန်မာ့ပဲ လောကအကျပ်အတည်းကို ဖြေ ရှင်းရန် အစိုးရနှင့်ကုန်သည်လုပ် ငန်းရှင်များ ပြုလုပ်သောအစည်း အဝေး၌ ဒေါက်တာအောင်သူက ပြောကြားသည်။
အိန္ဒိယ၀န်ကြီးချုပ်၏ မြန်မာ နိုင်ငံခရီးစဉ်သည် စက်တင်ဘာ ၅ ရက်တွင် စတင်မည်ဖြစ်ပြီး နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အပါ အ၀င် အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် တွေ့ဆုံရန်လည်း စီစဉ်ထားသည်။ထို့ပြင် အိန္ဒိယ၀န်ကြီးချုပ် သည် ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံရန် ရှိပြီး ပဲလောက အခက်အခဲကို ဆွေးနွေးရန်ရှိကြောင်း မြန်မာ နိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်အ သင်းအတွင်းရေးမှူးဦးမင်းကိုဦး က ပြောကြားသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၏ ပဲကန့်သတ်ချက်မူဝါဒသည် ကုန် သည်များသာမက စိုက်ပျိုးထုတ် လုပ်သူတောင်သူလယ်သမားများ လည်း အခက်အခဲဖြစ်လာမည်ကို စိုးရိမ်သဖြင့် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းအားလုံး ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်သည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က ယမန်နေ့အစည်းအဝေး၌ ပြောကြားသည်။
အိန္ဒိယ-မြန်မာနှစ်နိုင်ငံ ပဲ မျိုးစုံကုန်သွယ်မှုလုပ်ငန်းကို နှစ် ပေါင်းသုံးဆယ်ခန့် လုပ်ကိုင်ခဲ့ သော်လည်း အစိုးရချင်းသဘော တူညီမှုဖြင့် စာချုပ်ချုပ်ဆိုပြီး ရောင်းဝယ်မှု မရှိခြင်းကြောင့် လက်ရှိတွင် အခက်အခဲဖြစ်ရ ကြောင်း ၀န်ကြီးဦးသန်းမြင့်က ဆက်လက်ပြောကြားသည်။
၂၀၁၆ အတွင်းကအိန္ဒိယနိုင် ငံသို့ သမ္မတဦးထင်ကျော်သွား ရောက်ခဲ့ပြီးနောက် အစိုးရချင်း သဘောတူညီမှုဖြင့် ပဲတန်ချိန် တစ်သန်းကို မြန်မာနိုင်ငံမှ ၀ယ် ယူရန် အိန္ဒိယအစိုးရကကမ်းလှမ်း ခဲ့သည်။သို့သော် အိန္ဒိယနိုင်ငံက ပဲတစ်တန်ကိုသတ်မှတ်ထားသည့် နှုန်းထားသည် ပြင်ပပေါက်ဈေး ထက် ဒေါ်လာ ၃၅၀ ခန့်လျော့ နည်းနေခြင်းကြောင့် ဈေးနှုန်းပြန် လည်ညှိနှိုင်းရန် မြန်မာနိုင်ငံက တောင်းဆိုထားချိန်တွင် ယခုကဲ့သို့ ပဲဝယ်ယူမှုကန့်သတ်သည့်မူဝါဒထွက်ပေါ်လာခြင်းဖြစ်သည်။
7Day News
Saturday, August 26, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment