မန္တလေးပြည်သူဆေးရုံကြီးတွင် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုအောင်မြင်
မန္တလေးမြို့ ပြည်သူဆေးရုံကြီးတွင် ပထမဆုံးအကြိမ်အသည်းအစားထိုးကုသမှုအောင်မြင်ခဲ့ကြောင်း ခွဲစိပ်ဌာနမှူး ဒေါက်တာ ရှိန်မြင့် ကNews watch သို့ ပြောသည်။
"ကျွန်တော်တို့မန္တလေးဆေးရုံကြီးမှ ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုအောင်မြင်ခဲတာပါ။ မြန်မာနိုင်ငံအနေနဲ့ကတော့ ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၂ ခုနှစ်က ရန်ကုန်ပြည်သူဆေးရုံကြီးမှာ အောင်မြင်ခဲ့တယ်။ အသည်းရောဂါနဲ့ပတ်သက်ပြီး နှစ်မျိုးကုသလို့ရတယ်။ ဖြတ်ထုတ်ရင်လည်းရတယ်။ အစားထိုးရင်လည်းရတယ်။ အဲဒါနဲ့ ကာယကံရှင်သဘောအရ အစားထိုးကုသမှုကိုရွေးချယ်လိုက်တာ။ သူတို့ဆန္ဒအတိုင်း ဆောင်ရွက်ပေးတာပါ။ အဓိကအနေနဲ့ အသည်းရောဂါဖြစ်ပွားတာဟာ B/C ပိုးရှိတဲ့လူနာတွေမှာ အသည်းရောဂါဖြစ်ပွားလေ့ရှိတာ။ အခုဟက အသည်းလှူတဲ့သူနဲ့အလှူခံတဲ့သူ နှစ်ဦးလုံးကို ၇ နာရီကြာအောင် ခွဲစိပ်ကုသခဲ့ပြီး နှစ်ဦးစလုံးကျန်းမာလျှက်ရှိပါတယ်"ဟု ၎င်းကပြောသည်။
ဇူလိုင်လ ၅ ရက်နေ့မှ မန္တလေးပြည်သူဆေးရုံကြီးတွင် ကချင်ပြည်နယ် မိုးညင်းမြို့နယ် ဘလူးကျေးရွာမှ အလှူရှင် မနီလာဝင်းနှင့် ၎င်း ကျေးရွာမှ ဝေဒနာရှင် ဒေါ်ဝင်းမြတို့မှာ အသည်းအစားထိုးကုသမှုခံယူခဲ့ကြောင်း သိရသည်။
အဆိုပါ ခွဲစိတ်ကုသမှုအတွက် ကျပ်သိန်း ၇၀ ခန့် ကုန်ကျခဲ့ကြောင်း အိန္ဒိယမှ ဆရာဝန် ၃ ဦး မြန်မာ ဆရာဝန် ၇ ဦးတို့ ပူးပေါင်းမှုဖြင့် အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။
အသည်းရောဂါဖြစ်ပွားသူများအနေဖြင့် နိုင်ငံခြားသွားရောက်ကုသရာတွင် ကျပ်သိန်း ၂၀၀ ဝန်းကျင်ကုန်ကျစရိတ်ရှိမည်ဖြစ်ကြောင်းလည်း သိရသည်။
စိုင်းထူးခန့် 
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment