![]() |
ပြန်လည် ပြင်ဆင်မယ့် လယ်ယာမြေ ဥပဒေမှာ တောင်သူတွေရဲ့ လက်တွေ့ လိုအပ်ချက်တွေ ပါဖို့ တောင်သူတွေဘက်က လိုလားနေ |
လယ်ယာ စိုက်ပျိုးရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက လယ်ယာမြေ ဥပဒေပြင်ဆင်ရေး မူကြမ်းကို လွှတ်တော်မှာ တင်သွင်း ဆွေးနွေးနေတဲ့အတွက် ဒီမူကြမ်းအတည်ဖြစ်တဲ့အခါ ပါသင့်ပါထိုက်တာတွေပါဖို့နဲ့ ဒီဥပဒေကြမ်းဟာ တောင်သူတွေ ပကတိ ကြုံတွေ့ ခံစားနေရတာတွေနဲ့ နှိုင်းယှဉ်ရင် ဘယ်လို အားနည်းချက်တွေ ရှိနေသလဲဆိုတာကို ဖေါ်ထုတ်ဖို့ အခုလို ဆွေးနွေးပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ဆွေးနွေးပွဲ အပြီးမှာတော့ လယ်ယာမြေ ပိုင်စံမှု ပုံစံ ၇ ပြဿနာ၊ အမျိုးသား အမျိုးသမီး တန်းတူညီမျှ အခွင့်အရေး၊ သိမ်းဆည်းမြေ စီမံခန့်ခွဲမှု အမှားတွေ၊ တိုင်းရင်းသား ဓလေ့ထုံးတမ်း မြေယာလုပ်ပိုင်ခွင့်၊ တောင်သူအဓိပ္ပါယ် ဖွင့်ဆိုချက် ၊ မြေကြီးမြေပုံ မှန်ကန်ရေး၊ မြေမဲ့ယာမဲ့တွေကို မြေယာ ပိုင်ဆိုင်ခွင့်ရဖို့ နဲ့ သီးနှံ အာမခံစနစ် အစရှိတဲ့ အချက် ၁၄ ချက်ကို သဘောတူညီမှု ရခဲ့ပြီး အချော ရေးပြီးရင် လွှတ်တော်ကို တင်ပြဖို့ ကြိုးစားမယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
BBC Burmese
http://www.bbc.com/burmese
No comments:
Post a Comment