Latest News

Tuesday, August 1, 2017

ပေါင်​မြို့နယ် ​ကျုံ​ဟော်​​ရေထိန်းတံခါးအနီး လူသတ်​ပြီး အ​လောင်းကို​ ရေ​မျှောထားသည့် အမှုဖြစ်​ပွား



မွန်ပြည်နယ် ​ပေါင်​မြို့နယ်​ ကျုံ​ဟော်​​ကျေးရွာ ​ရေထိန်းတံခါး အနီး လယ်​​မြေ​ချောင်းထဲတွင်​ အမျိုးသား အ​လောင်းတစ်​​လောင်းကို ဇူလိုင်​ ၃၁ရက်​ ​နေ့လည်​ပိုင်းက ​တွေ့ရပြီး ရဲတပ်​ဖွဲ့က စစ်​​ဆေး​နေကြောင်း သိရပါသည်။

သေဆုံးသူမှာ တင်​ကိုရှိန်​ ၂၆နှစ်​ (ဘ)ဦး​ဇော်​ဦး သဲကုန်း​ကျေးရွာ ပိ​တောက်​မြိုင်​ ပိုင်း​နေသူဖြစ်​သည်​။

လူသတ်​တရားခံများဖြစ်​​သော ဇင်းကျိုက်​မြို့​နေသူ စိန်​လှ၊ အမွမ်​တို့ပါ လူ၃ ဦးကို ရဲမှဖမ်းဆီးရမိထားပြီဟုသိရသည်​။

ကြက်​ချက်​စားရန်​ လယ်​တဲ၌ ​တောင်းရာမှ ရန်​ဖြစ်​ပြီး ယခုကဲ့သို့ လူသတ်​မှုဖြစ်​ကာ အ​လောင်းကို ​ရေ​ချောင်းထဲသို့​ မျှောလိုက်​ကြခြင်းဖြစ်​​ကြောင်း သဲကုန်းရွာမှ ဦး​ကျော်​​အောင်​ကို ဆက်​သွယ်
မေးမြန်းသိရသည်​။

Paung Daily
https://www.facebook.com/paungdaily/

No comments:

Post a Comment