Latest News

Thursday, August 10, 2017

ထုတ္လုပ္မႈ ရပ္ဆိုင္းရန္၊ ရက္ အကန္႔အသတ္ မရွိ ပိတ္သိမ္းရန္ အေရးယူခံထားရသည့္ ေသာက္ေရသန္႔ စက္႐ံု မ်ားအနက္ အခ်ဳိ႕မွာလိုက္နာမႈမရွိဘဲ ဆက္လက္ထုတ္လုပ္ေရာင္းခ်ေန


ထုတ္လုပ္မႈ ရပ္ဆိုင္းရန္၊ ရက္ အကန္႔အသတ္ မရွိ ပိတ္သိမ္းရန္ အေရးယူခံထားရသည့္ ေသာက္ေရသန္႔ စက္႐ံု မ်ားအနက္ အခ်ဳိ႕မွာလိုက္နာမႈမရွိဘဲ ဆက္လက္ထုတ္လုပ္ေရာင္းခ်ေန 

     အႀကီးစားျပင္ဆင္မႈမ်ား ျပဳလုပ္ေနသည့္ ေသာက္ေရသန္႔ စက္႐ံုတစ္႐ံုကို ေတြ႕ရစဥ္
လိႈင္ၿမိဳ႕နယ္ အတြင္းရွိ ထုတ္လုပ္မႈရပ္ဆိုင္းရန္၊ ရက္ အကန္႔အသတ္ မရွိ ပိတ္သိမ္းရန္ အေရးယူခံထားရသည့္ ေသာက္ေရသန္႔ စက္႐ံု မ်ားအနက္ အခ်ဳိ႕မွာလိုက္နာမႈမရွိဘဲ ဆက္လက္ထုတ္လုပ္ ေရာင္းခ်မႈမ်ားရွိေနၿပီး အေရးယူမႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနမွ သိရသည္။

ၾသဂုတ္ ပထမပတ္ အတြင္းက လိႈင္ၿမိဳ႕နယ္ အတြင္းရွိ ယာယီ ရပ္ဆုိင္းထားေသာ ေသာက္ေရသန္ ႔လုပ္ငန္း မ်ားသို႔ ေရွာင္တခင္စစ္ေဆးခဲ့ရာ ေသာက္ေရသန္ ႔အခ်ဳိ႕မွာ ဆက္လက္ထုတ္လုပ္ေနသျဖင့္ ေနာက္ဆံုးအႀကိမ္ အထူးသတိေပးခဲ့ၿပီး ေနာက္တစ္ႀကိမ္ စစ္ေဆးေတြ႕ရွိပါက အမွတ္တံဆိပ္ မ်ားကို ထုတ္ျပန္ေၾကညာသြားမည့္အျပင္ အမ်ဳိးသား အစားအေသာက္ ဥပေဒ အရ အေရးယူသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သုိ႔ လိုက္နာမႈ မရွိဘဲ ဆက္လက္ထုတ္လုပ္ေရာင္းခ်ေနသူမ်ားရွိသလို အခ်ဳိ႕လုပ္ငန္းမ်ားမွာမူ ယာယီရပ္ဆုိင္းခ်ိန္အတြင္း ညႊန္ၾကားမႈကိုလိုက္နာၿပီး အႀကီးစားျပဳျပင္ေနသည့္ လုပ္ငန္းမ်ားလည္းရွိေၾကာင္းႏွင့္ လွည္းကူးႏွင့္ လိႈင္ၿမိဳ႕နယ္အတြင္းရွိ ေကာင္းမြန္ေသာ ထုတ္လုပ္မႈ က်င့္စဥ္ (GMP) ႏွင့္အညီ ထုတ္လုပ္မႈမရွိေသာ ေသာက္ေရသန္႔ စက္႐ံု ၂၁ ႐ံုကုိ ထုတ္လုပ္မႈရပ္ဆိုင္းျခင္း၊ ရက္အကန္႔အသတ္မရွိ ပိတ္သိမ္းျခင္းမ်ား လုပ္ေဆာင္ထားေၾကာင္း ျမန္မာႏုိင္ငံ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (ရန္ကုန္႐ံုးခြဲ) မွသိရသည္။

လွည္းကူးၿမိဳ႕နယ္ရွိ ေသာက္ေရသန္႔ စက္႐ံု ေလး႐ံုအား ထုတ္လုပ္မႈ ယာယီရပ္ဆုိင္းျခင္း၊ စက္႐ံု ေလး႐ံုအား ရက္အကန္႔အသတ္မရွိ ပိတ္သိမ္းျခင္းႏွင့္ လိႈင္ၿမိဳ႕နယ္ရွိ စက္႐ံု ၁၁ ႐ံုအား ထုတ္လုပ္မႈ ယာယီရပ္ဆိုင္းျခင္း၊ စက္႐ံု နွစ္႐ံုအား ရက္အကန္႔အသတ္မရွိ ပိတ္သိမ္းျခင္းမ်ားလုပ္ေဆာင္ၿပီး အေရးယူခဲ့ေၾကာင္း သိရသည္။

ၾသဂုတ္ ၃ ရက္ကလည္း လိႈင္ၿမိဳ႕နယ္ရွိ ေထာက္ခံခ်က္ရရွိၿပီးေသာ ေသာက္ေရသန္႔ စက္႐ံု ေျခာက္႐ံုအား ထပ္မံေရွာင္တခင္ကြင္း ဆင္းစစ္ေဆးခဲ့ရာ စက္႐ံု မွာ ေကာင္းမြန္ေသာ ထုတ္လုပ္မႈက်င့္စ ဥ္ႏွင့္ မကိုက္ညီျခင္း၊ မလိုက္နာျခင္းတို႔ ေတြ႕ရွိရသျဖင့္ စက္႐ံု စစ္ေဆးေတြ႔ရွိမႈအေပၚ မူတည္၍ စက္႐ံု နွစ္႐ံုမွာ ငါးရက္၊ စက္႐ံု နွစ္႐ံုမွာတစ္လႏွင့္ စက္႐ံု တစ္႐ံုမွာ သံုးလထုတ္လုပ္မႈမ်ားအား ယာယီရပ္ဆုိင္းျခင္းႏွင့္ စက္႐ံုတစ္႐ံုမွာ အလြန္ဆိုးရြားသျဖင့္ ရက္ အကန္႔အသတ္ မရွိ ယာယီရပ္ဆိုင္းျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ အစားအေသာက္ ထုတ္လုပ္ျခင္း ေထာက္ခံခ်က္ ေလွ်ာက္ထားျခင္းမရွိေသာ ေသာက္ေရသန္ ႔လုပ္ငန္း တစ္ခုအား ထပ္မံေတြ႕ရွိခဲ့၍ ေရွာင္တခင္စစ္ေဆးခဲ့ၿပီး စက္႐ံုမွာ GMP ႏွင့္အညီထုတ္လုပ္မႈမရွိေသာေၾကာင့္ စက္႐ံုပိုင္ရွင္အား ခံ၀န္ထုိးျခင္းႏွင့္ ရက္အကန္႔အသတ္မရွိ ပိတ္သိမ္းအေရးယူခဲ့ေၾကာင္း၊ ယင္း ေသာက္ေရသန္႔ လုပ္ငန္း အေနျဖင့္ အစားအေသာက္ႏွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာနသို႔ ေထာက္ခံခ်က္ေလွ်ာက္ထားၿပီး GMP ႏွင့္အညီ ကိုက္ညီမွသာ ျပန္လည္ထုတ္လုပ္ခြင့္ျပဳသြားမည္ျဖစ္ေၾကာင္းႏွင့္ ရက္ အကန္႔အသတ္ မရွိ အေရးယူခဲ့ေသာ ေသာက္ေရသန္႔မ်ားမွာ လွသရဖူႏွင့္ ေရႊအိုးအမွတ္တံဆိပ္တို႔ျဖစ္ေၾကာင္း အစားအေသာက္ နွင့္ ေဆး၀ါးကြပ္ကဲေရးဦးစီးဌာန (ရန္ကုန္႐ံုးခြဲ) မွသိရသည္။
Credit:Eleven

#Unicode Version#
အကြီးစားပြင်ဆင်မှုများ ပြုလုပ်နေသည့် သောက်ရေသန့် စက်ရုံတစ်ရုံကို တွေ့ရစဉ်

လှိုင်မြို့နယ် အတွင်းရှိ ထုတ်လုပ်မှုရပ်ဆိုင်းရန်၊ ရက် အကန့်အသတ် မရှိ ပိတ်သိမ်းရန် အရေးယူခံထားရသည့် သောက်ရေသန့် စက်ရုံ များအနက် အချို့မှာလိုက်နာမှုမရှိဘဲ ဆက်လက်ထုတ်လုပ် ရောင်းချမှုများရှိနေပြီး အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

သြဂုတ် ပထမပတ် အတွင်းက လှိုင်မြို့နယ် အတွင်းရှိ ယာယီ ရပ်ဆိုင်းထားသော သောက်ရေသန့်လုပ်ငန်း များသို့ ရှောင်တခင်စစ်ဆေးခဲ့ရာ သောက်ရေသန့်အချို့မှာ ဆက်လက်ထုတ်လုပ်နေသဖြင့် နောက်ဆုံးအကြိမ် အထူးသတိပေးခဲ့ပြီး နောက်တစ်ကြိမ် စစ်ဆေးတွေ့ရှိပါက အမှတ်တံဆိပ် များကို ထုတ်ပြန်ကြေညာသွားမည့်အပြင် အမျိုးသား အစားအသောက် ဥပဒေ အရ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ လိုက်နာမှု မရှိဘဲ ဆက်လက်ထုတ်လုပ်ရောင်းချနေသူများရှိသလို အချို့လုပ်ငန်းများမှာမူ ယာယီရပ်ဆိုင်းချိန်အတွင်း ညွှန်ကြားမှုကိုလိုက်နာပြီး အကြီးစားပြုပြင်နေသည့် လုပ်ငန်းများလည်းရှိကြောင်းနှင့် လှည်းကူးနှင့် လှိုင်မြို့နယ်အတွင်းရှိ ကောင်းမွန်သော ထုတ်လုပ်မှု ကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှုမရှိသော သောက်ရေသန့် စက်ရုံ ၂၁ ရုံကို ထုတ်လုပ်မှုရပ်ဆိုင်းခြင်း၊ ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းများ လုပ်ဆောင်ထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှသိရသည်။

လှည်းကူးမြို့နယ်ရှိ သောက်ရေသန့် စက်ရုံ လေးရုံအား ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခြင်း၊ စက်ရုံ လေးရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းနှင့် လှိုင်မြို့နယ်ရှိ စက်ရုံ ၁၁ ရုံအား ထုတ်လုပ်မှု ယာယီရပ်ဆိုင်းခြင်း၊ စက်ရုံ နှစ်ရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်းခြင်းများလုပ်ဆောင်ပြီး အရေးယူခဲ့ကြောင်း သိရသည်။

သြဂုတ် ၃ ရက်ကလည်း လှိုင်မြို့နယ်ရှိ ထောက်ခံချက်ရရှိပြီးသော သောက်ရေသန့် စက်ရုံ ခြောက်ရုံအား ထပ်မံရှောင်တခင်ကွင်း ဆင်းစစ်ဆေးခဲ့ရာ စက်ရုံ မှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စ ဉ်နှင့် မကိုက်ညီခြင်း၊ မလိုက်နာခြင်းတို့ တွေ့ရှိရသဖြင့် စက်ရုံ စစ်ဆေးတွေ့ရှိမှုအပေါ် မူတည်၍ စက်ရုံ နှစ်ရုံမှာ ငါးရက်၊ စက်ရုံ နှစ်ရုံမှာတစ်လနှင့် စက်ရုံ တစ်ရုံမှာ သုံးလထုတ်လုပ်မှုများအား ယာယီရပ်ဆိုင်းခြင်းနှင့် စက်ရုံတစ်ရုံမှာ အလွန်ဆိုးရွားသဖြင့် ရက် အကန့်အသတ် မရှိ ယာယီရပ်ဆိုင်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း တစ်ခုအား ထပ်မံတွေ့ရှိခဲ့၍ ရှောင်တခင်စစ်ဆေးခဲ့ပြီး စက်ရုံမှာ GMP နှင့်အညီထုတ်လုပ်မှုမရှိသောကြောင့် စက်ရုံပိုင်ရှင်အား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ကြောင်း၊ ယင်း သောက်ရေသန့် လုပ်ငန်း အနေဖြင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ထောက်ခံချက်လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ်ခွင့်ပြုသွားမည်ဖြစ်ကြောင်းနှင့် ရက် အကန့်အသတ် မရှိ အရေးယူခဲ့သော သောက်ရေသန့်များမှာ လှသရဖူနှင့် ရွှေအိုးအမှတ်တံဆိပ်တို့ဖြစ်ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်ရုံးခွဲ) မှသိရသည်။
Credit:Eleven

No comments:

Post a Comment