Tuesday, August 1, 2017
ချစ်သူမိန်းကလေးက ထားရစ်ခဲ့၍ အဆိပ်သောက် သတ်သေသူ လူငယ်အား အရေးယူထား
ပေါင်မြို့နယ် ဆင်ရွာကျေးရွာ ရေတွင်းကုန်းပိုင်းနေထိုင်သူ Diamonld Angle ဆိုင်မှ အလုပ်သမားဖြစ်သော မောင်လမင်းအောင် ၁၉ နှစ် (ဘ)ဦးထွန်း သည် ဇူလိုင်၃၁ ရက်နေ့ ညနေ၁နာရီခွဲအချိန်ခန့်က သန့်ရှင်းရေးသုံးပစ္စည်း အရည်တစ်မျိုးဖြစ်သည့် Dchol အဆိပ်တစ်မျိုးကို သောက်
လိုက်ပြီးနောက် မူးဝေ၊ လည်ချောင်းပူ ဝေဒနာဖြင့် မုတ္တမဆေးရုံသို့ တင်ပိုကုသနေရသည်။
ထိုဖြစ်ရပ်ကို ရဲက သတင်းရသဖြင့် မိမိကိုယ်ကို သတ်သေမှု ပုဒ်မ ၃၀၉ အရ အမှုဖွင့် အရေးယူထားသည်။
မောင်လမင်းအောင်၏ ချစ်သူမိန်းကလေး မှာ မော်လမြိုင်မြို့တွင် အတူလည်ရာမှ ပစ်ထားခဲ့ခြင်းကြောင့် စိတ်ထိခိုက်၍ ။ ဤကဲ့သို့ သေကြောင်း ကြံရခြင်း ဖြစ်ကြောင်း ၎င်းကရဲထံအစစ်
ခံထားသည်။
Paung Daily
https://www.facebook.com/paungdaily/
ချစ်သူမိန်းကလေးက ထားရစ်ခဲ့၍ အဆိပ်သောက် သတ်သေသူ လူငယ်အား အရေးယူထား
Reviewed by timeayeyar
on
1:25 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment