Latest News

Friday, August 25, 2017

အသစ်တွေ့ရှိသည့် ပုသိမ်ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်လာသော သဘာဝဓာတ်ငွေ့ကို ပြည်တွင်း၌သာ အသုံးပြုရန် ရည်ရွယ်ဟုဆို

အသစ်တွေ့ရှိသည့် ပုသိမ်ကမ်းလွန် A-6 လုပ်ကွက်မှ ထွက်လာသော သဘာဝဓာတ်ငွေ့ကို ပြည်တွင်း၌သာ အသုံးပြုရန် ရည်ရွယ်ဟုဆို

ပုသိမ်ကမ်းလွန်ရှိ A-6 လုပ်ကွက်မှထွက်ရှိသည့် သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း၌သာ အသုံးပြုရန် ရည်ရွယ်ထားသည် ဟု MPRL E&P ကုမ္ပဏီအမှု ဆောင် ဒါရိုက်တာဦးတင့်ဆွေက ပြောသည်။

A-6 ရှိ ပြည်သစ်တွင်း အမှတ်(၁) တွင်တစ်နေ့လျှင် ကုဗ ပေသန်း ၅၀ ကျော် ထုတ်လုပ်နိုင် သော သဘာဝဓာတ်ငွေ့ခိုအောင်း နေသည့် ထုထည် ၂၀၁၇ ပေရှိ သဲကြောကို တွေ့ရှိကြောင်း လျှပ် စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် MPRL E&P ကုမ္ပဏီက သြဂုတ် လဆန်းတွင် ထုတ်ပြန်ထားသည်။

‘‘အခု ကျွန်တော်နိုင်ငံက ဓာတ်ငွေ့လိုကိုလိုနေတာ။ လျှပ် စစ်မီးရဖို့က သဘာဝဓာတ်ငွေ့သုံး ရင် ရနေပြီ။ နိုင်ငံက သုံးနိုင်တဲ့ အနေအထားကို ရောက်နေပြီ။ တကယ်လို့ ဓာတ်ငွေ့ထွက်ရင် နိုင်ငံအတွက် သုံးဖို့ပဲဖြစ်မှာသေ ချာတယ်’’ဟု ၎င်းကဆက်လက် ပြောကြားသည်။

အမှန်တကယ် စီးပွားဖြစ် ထုတ်လုပ်နိုင်ပါက ဈေးကွက် ဝယ်လက်ကို အစိုးရက ဆုံးဖြတ် နိုင်သော်လည်း ကုမ္ပဏီက ပြည် တွင်းကိုသာ ရောင်းချရန် ရည် ရွယ်ထားသည်ဟု ဦးတင့်ဆွေ ကဆက်လက်ပြောသည်။

ယခင်က မြန်မာနိုင်ငံကထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ပြည်တွင်း၌ သုံးနိုင်စွမ်းမရှိ၍ ပြည်ပသို့ရောင်းချခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌လည်း ဓာတ်ငွေ့သုံးစွဲရန်လိုအပ်လာပြီဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်တွင် ၂၀၁၂ က ပထမအကြိမ် တူးခဲ့ပြီး ၂၀၁၅ ၌ ဒုတိယအကြိမ် စမ်းသပ်ရှာဖွေ ရာ နှစ်ကြိမ်စလုံး တွေ့ရှိသည့် သဘာဝဓာတ်ငွေ့သည်စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အနေအထား ဖြစ်သည်ဟု ကုမ္ပဏီက ထုတ်ပြန် သည်။

ယခု တတိယတွင်း ထပ်မံတူးဖော်ရာတွင်လည်း စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အနေအထားဖြစ်သည်ဟု ကုမ္ပဏီနှင့်လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့က ထုတ်ပြန်ထားသည်။

‘‘A-6 လုပ်ကွက်တွင်းတွေ က ကန်လိုပဲဖြစ်နေတာ။ အောက် မှာ သဲကြောတွေအများကြီးပဲ’’ဟု ဦးတင့်ဆွေက ပြောသည်။

အဆိုပါ လုပ်ကွက်တွင် သဘာဝဓာတ်ငွေ့ကို စီးပွားဖြစ် ထုတ်လုပ်နိုင်သည့် အနေအထား မှန်၊ မမှန် ပညာရှင်များပါသည့် တတိယအဖွဲ့အား ဆုံးဖြတ်ခိုင်းမည် ဖြစ်ပြီး လက်ရှိအခြေအနေသည် ရှာဖွေသည့်အဆင့်သာ ရှိသေး သည်ဟု ၎င်းက ပြောသည်။

A-6 လုပ်ကွက်အတွက် ၂၀၀၇ တွင် MOGE နှင့် MPRL E&P တို့သည် ထုတ်လုပ်မှု ခွဲဝေ ရေးစာချုပ် (PSC) ချုပ်ဆိုထား သည်။ MPRL E&P ကုမ္ပဏီက စွန့်စားရင်းနှီးမြှုပ်နှံမှု ၂၀ ရာခိုင် နှုန်း၊ သြစတြေးလျ ရေနံကုမ္ပဏီ Woodside Energy နှင့် Total Myanmar E&P က ၄၀ ရာခိုင်နှုန်းစီ ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

7Day News

No comments:

Post a Comment