Latest News

Thursday, August 31, 2017

တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးလိုက်သည့်အပေါ် ဖမ်းဆီးခံသတင်းသမားများ၏ ပြောကြားချက်

တပ်မတော်က အမှုပြန်ရုပ်သိမ်းပေးလိုက်သည့်အပေါ် ဖမ်းဆီးခံသတင်းသမားများ၏ ပြောကြားချက်

ဒီဗွီဘီ အကြီးတန်းသတင်းထောက် ဦးအေးနိုင်

“သတင်းက တိတိကျကျတော့ မရသေးဘူး။ ဒါပေမယ့် နာမည်တွေကအစ ပါတယ်ပေါ့နော်။ ဘယ်လိုပုံစံမျိုးနဲ့ဆိုတာ အသေးစိတ် မဖတ်ရသေးဘူး။ လွတ်မယ်ဆိုပြီးပြောတာပဲ။ ဟိုရက်တွေက ပြောတဲ့အတိုင်းပဲ အစကတည်းက ဖမ်းကို မဖမ်းသင့်တဲ့ကိစ္စကို ဖမ်းထားတာလေ။ လွှတ်ပေးတယ်ဆိုရင်တော့ ပြောရမယ်ဆိုရင် ပျော်တယ်။ ဒါပေမယ့် ထောင်ထဲမှာ ၂ လကျော် နေခဲ့ရတယ်။ ဒါကတော့ နိုင်ငံသားတယောက်အနေနဲ့ နစ်နာမှုပေါ့။ ဘာပဲပြောပြော ပြီးခဲ့တာ တဘက်ကလည်း ဖြေလျှော့တယ်ဆိုတော့ ကျေနပ်တယ် ပြောရမလား၊ မကျေနပ်ဘူး ပြောရမလား။ ဘယ်လိုပြောရမလဲ။ ထောင်ထဲမှာ ၂ လ နေခဲ့ရတာတော့ မသင့်တော်ဘူး။ ဒါကြောင့်မို့ ပုဒ်မ ၁၇(၁) ကို အထူးသဖြင့် မီဒီယာတွေနဲ့ ပတ်သက်ပြီးတော့ စွဲမယ်ဆိုရင် သေသေချာချာ ကြောင်းကျိုးဆီလျော်စွာ လုပ်သင့်တယ်လို့ မြင်တယ်။ မီဒီယာကို ဖမ်းတယ်၊ ဆီးတယ်၊ တရားစွဲဆိုတယ်ဆိုတဲ့ ကိစ္စကတော့ နောက်နောင်ကိုလည်း မြန်မာပြည်ရဲ့ စီရင်ထုံးမှာ မရှိသင့်တဲ့ဟာ။ ရှက်စရာလည်း ကောင်းတယ်။ ဒီမိုကရေစီကို သွားတယ်ဆိုပြီးတော့ ၁၇(၁) နဲ့ စွဲတယ်ဆိုတာကလေ။”

ဒီဗွီဘီသတင်းထောက် ကိုပြည့်ဘုန်းအောင်

“တပ်မတော်က ကျနော်တို့ သတင်းမီဒီယာတွေအပေါ်မှာ စွဲထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်ပြီးတော့ပေါ့၊ သင်ပုန်းချေမယ်ဆိုတဲ့ စာသားထွက်လာတာ ကျနော်တို့လည်း အရမ်းဝမ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ဂျာနယ်လစ်ဇင်အလုပ်ဆိုတာက မှုခင်းလည်း မဟုတ်ဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့ သတင်းထောက်အလုပ်ကို သတင်းထောက်လုပ်ရင်းနဲ့ ဒီလို မတရားသဖြင့် ဖမ်းတယ်ပေါ့နော်။ အခုလို တပ်မတော်က သဘောထားကြီးစွာ အလိုအလျောက် ပြန်ရုပ်သိမ်းသွားတာ အရမ်းကို ကောင်းပါတယ်။ ဒါပေမယ့် တခုပြောချင်တာက အဲဒီလိုမျိုးလုပ်တာကို ကြိုဆိုတယ်။ နောက်များရော ဒီလိုမျိုး ထပ်လုပ်ဦးမလားဆိုတာ စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ သတင်းသမားက သတင်းအလုပ်ကိုပဲ လုပ်ဦးမှာလေ။ အခု ကျနော်တို့ အဖမ်းခံရပြီးသွားပေမယ့် နောက်အခါကျရင် သတင်းရှိရင် ကျနော်တို့က သွားဦးမှာပဲ။ အဲဒီအတွက် နောက်နောင်ကို ဒါမျိုး မဖြစ်ရအောင်ဆို ဘယ်လို ဥပဒေတွေ၊ အကန့်အသတ်တွေ လုပ်မလဲ။ သေချာစွာ စိစစ်ပြီးတော့ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။”

ဧရာဝတီသတင်းထောက် ဦးသိန်းဇော် (ခ) လဝီဝမ်

“ကျနော်တို့လည်း ဒီသတင်းကြားရတော့ အရမ်းပျော်တယ်ဗျ။ ဒီလိုမျိုး ဖြစ်လာမယ်လည်း မမှန်းထားဘူးလေ။ ဒါက တကယ်ကောင်းတဲ့သတင်း ဖြစ်တယ်။ နောက်ပြီးတော့ တကယ် အံ့သြတဲ့သတင်း ဖြစ်တယ်။ ကျနော်တို့နိုင်ငံက ပြောတာ ဒီမိုကရေစီဗျ။ ဒီမိုကရေစီလို့ ပြောရင် မီဒီယာက စတုတ္ထမဏ္ဍိုင်ပဲ။ မီဒီယာရဲ့ လွတ်လပ်မှုကို ကျနော်တို့က ဒီမိုကရေစီလမ်းကြောင်းနဲ့ သွားရင် မီဒီယာလွတ်လပ်မှုပါ အများကြီး ဦးစားပေးရမှာ။ ထောက်ပံ့ပေးရမှာ။ အခု ကျနော်တို့ကို စွပ်စွဲထားတဲ့ ၁၇(၁) အရဆိုရင် မီဒီယာကို ခြိမ်းခြောက်လိုက်တာ။ မီဒီယာကို ခြိမ်းခြောက်လိုက်တာနဲ့ ဒီမိုကရေစီကို သွားနေတာနဲ့ လမ်းကြောင်းကို ခြိမ်းခြောက်လိုက်တဲ့ပုံစံ ဖြစ်တယ်။ မီဒီယာနဲ့ ဘယ်လိုမှ မကိုက်ညီတာကို သူတို့စွဲထားတာ။ ကျနော်တို့က သတင်းထောက်ပဲ။ အဖွဲ့နဲ့ ဆက်သွယ်ရမှာပေါ့။ ကျနော်တို့က ငွေထောက်ပံ့တဲ့သူတွေမှ မဟုတ်တာ။ သတင်းသွားယူတာ။ ဒီမိုကရေစီအတွက် ပြည်သူတွေအတွက် သိသင့်သိထိုက်တဲ့ သတင်းလေ။ ဥပမာ ပလောင်မှာ ဘာဖြစ်နေတယ်၊ ကချင်မှာ ဘာဖြစ်နေတယ်၊ ဒါ ကျနော်တို့မှာ တာဝန်ရှိတယ်။ အဲဒီအတွက် ဒီလိုလုပ်ပေးတာ တကယ်ကောင်းတဲ့လက္ခဏာ၊ ဒီမိုကရေစီလမ်းကြောင်းကို သွားမယ့် ထောက်ပံ့မယ့် အလုပ်စဉ်တခုလို့ ကျနော်က မြင်တယ်။”


DVB

၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းထောက်နှစ်ဦး အာမခံရ

၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် သတင်းထောက်နှစ်ဦး အာမခံရ

ဆက်သွယ်ရေးဥပဒေ ၆၆ ဃ ဖြင့် အမှုဖွင့် ခံထားရသည့် မဇ္ဈိမသတင်းထောက် ဒေါင်းလူနှင့် DVB သတင်းထောက် ဘဦးတို့ ၂ ဦးတို့ အာမခံရရှိကြောင်း သိရသည်။

၎င်းတို့နှစ်ဦး ယနေ့ တွင် မကွေးတိုင်း၊ အောင်လံမြို့နယ်ရဲစခန်းတွင် လာရောက်အဖမ်းခံခဲ့ပြီးနောက် အောင်လံမြို့နယ် ရဲစခန်းက အာမခံ ပေးခဲ့ခြင်းဖြစ်သည်။

“ဒီအမှု တိုင်တန်းတာက ၂၀၁၆ခုနှစ် ဒီဇင်ဘာ ၉ရက်နေ့ကပါ၊ ဆက်သွယ်ရေးဝန်ကြီးဌာနကို တင်ပြတယ်၊ အခုသြဂုတ်လဆန်းပိုင်းကမှ ခွင့်ပြုမိန့််ရတယ်၊ ဒီကြားထဲမှာ ရဲလုပ်ငန်းစဉ်တွေ အများကြီး သွားရပါတယ်၊ ဒီနေ့ လကုန်ရက် (၃၁)ရက်နေ့မှာ သတင်းထောက်(၂)ဦးက လာအဖမ်းခံတော့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးလိုက်ပါတယ်၊ အာမခံပေးရတာကလည်း သြဂုတ်လ(၂၉)ရက်နေ့က နိင်ငံတော်သမ္မတကြီး လက်မှတ်ထိုးထုတ်ပြန်တဲ့ ဆက်သွယ်ရေး ဥပဒေအသစ် ကျင့်ထုံးဥပဒေပုဒ်မ (၁၆၉)အရ အာမခံပေးလို့ရတဲ့အတွက် အခုလို အာမခံပေးရတာပါ”ဟု အောင်လံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်စိန်ကပြောသည်။

အောင်လံမြို့နယ်၊ ငလာက်ကျေးရွာ အလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် သတင်းနှင့် ပတ်သက်၍ အဆိုပါ သတင်း ထောက် ၂ဦးအား ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က အမှုဖွင့် ထားခြင်းဖြစ်သည်။

ငလောက် ကျေးရွာအလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး "ပြင်ပမှ လက်ထောက်ဆရာမ ငှားသင်ကြားပြီး ငွေကောက်ခံသော ကြောင့် တချို့မိဘများက ၁၀၀ကို ၂၀ တိုးနှင့် ငွေတိုးချေးပြီး ကျောင်းထားနေ ရသည် " ဟု အောင်လံဒေသခံတချို့က သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့ သည်။

အဆိုပါ သတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက ရေးသားရိုက်ကူးခဲ့ပြီး မဇ္ဈိမသတင်းဌာနတွင် ဖော်ပြခဲ့သည်။ အဆိုပါသတင်းကို ဒေါင်းလူ(ခ) နိုင်ကျော်စွာမျိုးက သူ၏ လူမှုကွန်ယက် စာမျက်နှာမှတဆင့် “ငွေတိုးချေးပြီး ကျောင်းထားနေရတယ်တဲ့ “ဟု ထပ်ဆင့်ရေးသားကာ ပြန်လည်မျှဝေ ခဲ့ခြင်းကြောင့် ဂုဏ်သိက္ခာထိခိုက်စေသည်ဟု ဆိုကာ အမှုဖွင့်ခံရခြင်း ဖြစ် သည်။

 “ဒီသတင်းကို ကျွန်တော် ရိုက်ကူးခဲ့ တယ်၊ ၂ ဘက် အသံလည်း ဖော်ပြခဲ့ တယ်၊ ကျွန်တော့် အာဘော်လည်း လုံးဝ မပါခဲ့ဘူး။ သတင်းစာ ရှင်းလင်းပွဲလုပ် တယ်။ သတင်းထောက်က သတင်းသွားယူပြီး၊ မီဒီယာကျင့်ဝတ်နဲ့အညီ မျှမျှတတ သတင်းလုပ်တယ်။ အဲဒီလို သတင်းစာ ရှင်းလင်းပွဲသတင်းကို သတင်းလုပ်တာနဲ့ အခုလို ၆၆ နဲ့အမှုဖွင့်ခံရတာ ဘယ်လိုမှ နားမလည် ဖြစ်ရတယ်”ဟု မဇ္ဈိမ သတင်း ထောက် ဒေါင်းလူက ပြောသည်။

DVB သတင်းထောက် ဘဦးက “ဒီအမှုနဲ့ ပတ်သက်လို့ ဘာအင်တာနက်မှ မတင်ခဲ့ဘူး၊ မဇ္ဈိမမှာ သတင်းပါလာတော့လည်း Likeလည်း မပေးခဲ့ဘူး Comentလည်း မပေးခဲ့ဘူး ရှယ်တာလည်း မလုပ်ခဲ့ပါဘူး၊ ဒါကို ကျွန်တော်ကိုပါ ၆၆ ဃနဲ့ တရားစွဲ ထားတယ်။ ဒီနေ့ ကိုယ်ပိုင်ခံဝန်နဲ့ အာမခံပေးပါတယ်”ဟုပြော သည်။

သတင်း ထောက် ၂ ဦးနှင့် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့် ဒေသခံ ၅ ဦး၊ စုစုပေါင်း ၇ ဦးကို အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ ဒေသခံ ၂ ဦး ကို သြဂုတ်လ၂၉ နေ့က ဖမ်းဆီး၍ ၃၀ ရက်နေ့က အာမခံ ပေးခဲ့ သည်။

Mizzima

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၀၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်း

ကမ္ဘာ့ရွှေဈေး ဒေါ်လာ ၁၃၀၀ အထက် ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်း

သြဂုတ် ၃၁ ရက်တွင် ကမ္ဘာ့ရွှေဈေး ကျရိပ်ပြလာသော်လည်း ဒေါ်လာ ၁၃၀၀ အထက်၌ ဆက်ရှိနေပြီး ပြည်တွင်းရွှေဈေးနှုန်း ကျပ် ၉၃၃၂၀၀ အထိ ပြန်လည်ကျဆင်းခဲ့ကြောင်း ရွှေရောင်းဝယ်သူများထံမှ သိရသည်။

ပြည်တွင်းရွှေဈေးနှုန်းသည် ကမ္ဘာ့ရွှေဈေး မြင့်တက်မှုနှင့်အတူ သြဂုတ်လအတွင်း စံချိန်တင်ဈေးနှုန်းများအဖြစ် သြဂုတ် ၁၁ ရက်တွင် ကျပ် ၉၁၄၂၀၀၊ သြဂုတ် ၁၂ ရက်တွင် ၉၁၅၄၀၀၊ သြဂုတ် ၁၇ ရက်တွင် ၉၁၆၆၀၀၊ သြဂုတ် ၁၈ ရက်တွင် ၉၁၉၈၀၀၊ သြဂုတ် ၂၃ ရက်တွင် ၉၂၁၉၀၀၊ သြဂုတ် ၂၄ ရက်တွင် ၉၁၃၃၀၀၊ သြဂုတ် ၂၆ ရက်တွင် ၉၂၄၃၀၀၊ သြဂုတ် ၂၇ ရက်တွင် ၉၂၄၄၀၀၊ သြဂုတ် ၂၈ ရက်တွင် ၉၂၉၅၀၀၊ သြဂုတ် ၂၉ ရက်တွင် ၉၄၅၈၀၀ အထိဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ၉၄၀၀၀၀၊ သြဂုတ် ၃၁ ရက်တွင် ၉၃၃၂၀၀ ၀န်းကျင်အထိ ပြန်ကျခဲ့သည်။

ကမ္ဘာ့ရွှေဈေးနှုန်းကို ပြန်ကြည့်ပါက ၂၀၁၆ ခုနှစ် အောက်တိုဘာနောက်ပိုင်း သြဂုတ် ၂၈ ရက်တွင် ပထမဦးဆုံးအကြိမ် ဒေါ်လာ ၁၃၀၀ ကို ကျော်လွန်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် သြဂုတ် ၂ ရက်တွင် ကမ္ဘာ့ရွှေဈေးသည် ၁၂၇၁ သို့ရောက်ခဲ့ပြီး သြဂုတ် ၄၊ ၇ ရက်တွင် ၁၂၅၈ ၀န်းကျင်အထိ ပြန်ကျခဲ့သည်။ သြဂုတ် ၈ ရက်တွင် ဒေါ်လာ ၁၂၆၀ ၀န်းကျင်သို့ ပြန်တက်ခဲ့ပြီး ယင်းနောက်ပိုင်း သြဂုတ် ၉ ရက်တွင် ၁၂၆၈၊ သြဂုတ် ၁၀ ရက်တွင် ၁၂၇၉၊ သြဂုတ် ၁၁ ရက်တွင် ၁၂၈၉ အထိဆက်တိုက် မြင့်တက်ခဲ့သည်။ ထို့နောက် သြဂုတ် ၁၄ ရက်တွင် ၁၂၈၁၊ သြဂုတ် ၁၅ ရက်တွင် ၁၂၇၄၊ သြဂုတ် ၁၆ ရက်တွင် ၁၂၆၉ ၀န်းကျင်သို့ ပြန်လည်ကျဆင်းပြီး သြဂုတ် ၁၇ ရက်တွင် ၁၂၈၈၊ သြဂုတ် ၁၈ ရက်တွင် ၁၂၉၈ အထိ ခုန်တက်ခဲ့သည်။ သြဂုတ် ၂၁ ရက်တွင် ၁၂၉၀၊ သြဂုတ် ၂၂ ရက်တွင် ၁၂၈၅၊ သြဂုတ် ၂၃ ရက်တွင် ၁၂၈၇ အထိ ပြန်ကျခဲ့ပြီး သြဂုတ် ၂၄ ရက်တွင် ၁၂၉၁၊ သြဂုတ် ၂၅ ရက်တွင် ၁၂၉၂၊ သြဂုတ် ၂၉ ရက်တွင် ၁၃၂၅ ဒေါ်လာဝန်းကျင်အထိ ရောက်ရှိခဲ့ကာ သြဂုတ် ၃၁ ရက်တွင် ၁၃၀၃ ဒေါ်လာအထိ ပြန်ကျခဲ့သော်လည်း မွန်းလွဲပိုင်းတွင် ၁၃၀၇ ဒေါ်လာအထိ ပြန်တက်ခဲ့သည်။

Eleven Media Group

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်တွင် ဆက်ရှိနေ

နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်တွင် ဆက်ရှိနေ

သြဂုတ် ၃၀ နှင့် ၃၁ ရက်တို့တွင် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ် ပြန်တက်နေပြီး ပြည်တွင်းဈေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်ဝန်းကျင်၌ ဆက်ရှိနေကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်းသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း အနိမ့်ဆုံးနှုန်းထားအဖြစ် သြဂုတ် ၂၉ ရက်တွင် ၉၁ ဒသမ ၅၉ ပွိုင့်အထိ ကျဆင်းခဲ့ပြီး သြဂုတ် ၃၀ ရက်မှ စတင်ကာ ၉၂ ပွိုင့်အထက်သို့ ပြန်တက်ခဲ့သည်။

ဒေါ်လာဈေးသည် ဇူလိုင်လကုန်ပိုင်းတွင် ၁၃၅၇ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး သြဂုတ် ၁ ရက်တွင် ၁၃၅၆ ကျပ်အထိ ကျဆင်းခဲ့ပြီးနောက် သြဂုတ် ၂ ရက်မှ ၁၀ ရက်အထိ ၁၃၅၇-၁၃၅၈ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ရာ သြဂုတ် ၁၁ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်ကျဆင်းခဲ့သည်။ ထို့နောက် ကမ္ဘာ့ဒေါ်လာဈေး အညွှန်းကိန်း အနည်းငယ် ပြန်တက်လာမှုနှင့်အတူ သြဂုတ် ၁၅ ရက်တွင် ၁၃၅၆ ကျပ်၊ သြဂုတ် ၁၆ ရက်တွင် ၁၃၅၈ ကျပ်အထိ ရောက်ရှိခဲ့ပြီး သြဂုတ် ၁၇ ရက်တွင် ၁၃၅၇ ကျပ်၊ သြဂုတ် ၁၈ ရက်တွင် ၁၃၅၅ ကျပ်၊ သြဂုတ် ၂၃ ရက် နံနက်ပိုင်းတွင် ၁၃၅၄ ကျပ်အထိ ကျဆင်းခဲ့သည်။ သြဂုတ် ၂၄ ရက်တွင် ၁၃၅၇ ကျပ်အထိ မြင့်တက်ခဲ့သော်လည်း သြဂုတ် ၂၇ ရက်တွင် ၁၃၅၄ ကျပ်၊ သြဂုတ် ၂၉ ရက်တွင် ၁၃၅၃ ကျပ်သို့ ပြန်ကျခဲ့ပြီး သြဂုတ် ၃၀ ရက်တွင် ၁၃၅၅ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့သည်။ ဈေးကွက်အတွင်း ဒေါ်လာဈေးနှုန်း ကျဆင်းလာသောကြောင့် ဗဟိုဘဏ်က ၎င်း၏ ရည်ညွှန်းနိုင်ငံခြားငွေလဲနှုန်းကို သြဂုတ် ၃၁ ရက်၌ တစ်ဒေါ်လာ ကျပ် ၁၃၆၀ အဖြစ် သတ်မှတ်ခဲ့သည်။

Eleven Media Group

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းဝန်ကြီးချုပ်က မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေး

ရခိုင်ပြည်နယ်အနောက်ပိုင်းတွင် အကြမ်းဖက်မှုများဖြစ်ပေါ်ပြီး ထောင်နှင့်ချီသောလူများ ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးခဲ့ရပြီးနောက် မြန်မာတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည်  မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်ကိစ္စအတွက် ထိုင်းအစိုးရအဖွဲ့ ခေါင်းဆောင်များ နှင့် သြဂုတ် ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ၊ ဒုတိယ၀န်ကြီးချုပ် ပရာဝတ်ဝေါင်ဆူဝမ်တို့နှင့် သီးခြားစီတွေ့ဆုံကာ ထိုင်းခေါင်းဆောင်များအား အခြေအနေရပ်များနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းပြခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပတ်သက်သော အခြားအကြောင်းအရာများကိုလည်း ဆွေးနွေးခဲ့သည်။

ယင်းကဲ့သို့ ရှင်းလင်းမှုအရ မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင်များ၏ အနေအထားသည် ယခုအခါ ထိန်းချုပ်မှုအောက်၌ ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံအား ဂယက်ရိုက်စေနိုင်မှု ရှိမည်မဟုတ်ကြောင်း သိရသည်။ ပရာဝတ်က “သူတို့ ထိုင်းနိုင်ငံကို ရေယာဉ်တွေနဲ့ ရောက်လာဖွယ် မရှိနိုင်တော့ပါဘူး” ဟု ပြောကြားခဲ့သည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ဒုက္ခသည်များ ထိုင်းနိုင်ငံသို့ ရောက်လာပါက လူသားချင်းစာနာထောက်ထားမှု အခြေခံသဘောအရ ထိုင်းနိုင်ငံအနေဖြင့် လိုအပ်သည့် အကူအညီ အထောက်အပံ့များပေးရန် လိုအပ်သည်ဟု ဆိုသည်။

ပရာယွတ်က “ဒါပေမဲ့ အခြေအနေက ပုံမှန်ပြန်ရောက်သွားရင်တော့ ကျွန်တော်တို့ အနေနဲ့ သူတို့ကို နေရပ်ပြန်ပို့ရပါလိမ့်မယ်”  ဟုဆိုသည်။

လက်လုပ်ဖောက်ခွဲရေးပစ္စည်းများ၊ ဓားရှည်များနှင့် လက်နက်ငယ်အနည်းငယ်တို့ ကိုင်ဆောင်ထားသည့် ARSA ဟုခေါ်သော  စစ်သွေးကြွများသည် ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များမှ လုံခြုံရေးစခန်း ၃၀ ကို သြဂုတ် ၂၅ ရက်မှစ၍ တိုက်ခိုက်ခဲ့ကြပြီးနောက် ဘင်္ဂါလီ မွတ်စလင် ၁၈ç၅၀၀ ထက်မနည်းသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်သို့ ထွက်ပြေးခဲ့ကြရသည်။

မြန်မာတပ်မတော်က ပြင်းထန်သော စစ်ဆင်ရေးတစ်ရပ် ဆောင်ရွက်ခဲ့ရာ မြန်မာလုံခြုံရေးအရာရှိ တစ်ဒါဇင်အပါအ၀င် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်းနှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာတပ်မတော်သည်လည်း တိုက်ပွဲ၌ ထိခိုက်ဆုံးရှုံးမှုများရှိသည်ဟု ပြောကြားခဲ့ကြောင်း ပရာဝတ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် မွတ်စလင်ဆန့်ကျင်ရေး စိတ်ဓာတ်ကို ဖြန့်ချိခဲ့သည့် ၂၀၁၂ ခုနှစ် မှစ၍ ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ ဖြစ်ပေါ်ခဲ့သည်။ အကြမ်းဖက်မှုများကြောင့် လူများရာနှင့်ချီလျက် သေဆုံးပြီး ယင်းအချိန်မှစ၍ လူပေါင်း ၁၀၀,၀၀၀ ကျော် နေအိမ်များကို စွန့်ခွာထွက်ပြေးခဲ့ကြရသည်။ ယင်းတို့ထဲမှ အများအပြားသည် ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ချင်းထိစပ်နေသော ပြည်နယ်နှင့်ဒေသများမှနေ၍ အိန္ဒိယသမုဒ္ဒရာကိုဖြတ်ကာ ထိုင်းနိုင်ငံအပါအ၀င် အခြားအရှေ့တောင်အာရှ နိုင်ငံများသို့ အန္တရာယ်များလှသော ခရီးစဉ်ဖြင့် သွားရောက်ခဲ့ကြသည်ဟု ဆိုသည်။

Eleven Media Group

မြောက်ကိုရီးယားက ဒုံးပစ်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင် ဘတ်ဂျက် တိုးတောင်း

မြောက်ကိုရီးယားက ဒုံးပစ်ခဲ့ပြီးနောက် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင် ဘတ်ဂျက် တိုးတောင်း

နျူကလီးယား လက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးပစ်ခဲ့ပြီးနောက် ရက်အနည်းငယ်အကြာ သြဂုတ် ၃၁ ရက်တွင် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက စံချိန်တင်ဘတ်ဂျက်ကို တောင်းဆိုမည်ဟု ပြောကြားခဲ့သည်။ ၂၀၁၉ ခုနှစ် မတ်လအထိ ဘဏ္ဍာနှစ်အတွက် ဘတ်ဂျက်ကို ဒေါ်လာ ၄၇ ဒသမ ၉ ဘီလျံ (ယန်း ၅ ဒသမ ၂၆ ထရီ လျံ) တောင်းဆိုထားကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

တရုတ်နှင့် ပိုင်နက်အငြင်းပွားမှုများကြောင့် ဂျပန်အတွက် လုံခြုံရေးစိုးရိမ်မှု မြင့်တက်နေချိန်တွင် ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်က မြှင့်တင်ခဲ့ပြီး ငါးနှစ်ဆက်တိုက် ဘတ်ဂျက်တိုးတောင်းခဲ့ခြင်း ဖြစ်သည်။ ဂျပန်သည် ယမန်နှစ်က ကာကွယ်ရေးအသုံးစရိတ် ထက် ၂ ဒသမ ၅ ရာခိုင်နှုန်း တိုးတောင်းခဲ့ခြင်းလည်း ဖြစ်သည်။ လက်ရှိအကြံပြုချက်အရ အမေရိကန်နှင့် ပူးတွဲထုတ်လုပ်သည့် SM- 3 Block II A ဒုံးခွင်းဒုံးများအတွက် အသုံးစရိတ်များ တိုးမြှင့်ရန် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုထားသည်။

ထို့ပြင် မျိုးဆက်သစ် ကြိုတင်သတိပေး စနစ်နှင့် ရေဒါစနစ်တို့အတွက်လည်း အသုံးစရိတ်များ မြှင့်တင်ရန် တောင်းဆိုမည်ဖြစ်သည်။

မြေပြင်အခြေစိုက် အေဂျစ်ဒုံးပျံ ကာကွယ်ရေးစနစ်ကို ကျင့်သုံးပြီး ဂျပန်၏ ပင်လယ်အခြေစိုက် ဒုံးကာကွယ်ရေးစနစ်အား အားဖြည့်ပေးရန် အစီအစဉ်ကိုလည်း ကာကွယ်ရေးအသုံးစရိတ်တွင် ထည့်သွင်းထားခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးပစ်ခဲ့ပြီးနောက် နှစ်ရက်အကြာတွင် ဂျပန်က ကာကွယ်ရေးအသုံးစရိတ် တိုးတောင်းခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းသော ဂျပန်၏ ကာကွယ်ရေး တပ်ဖွဲ့များကို အခန်းကဏ္ဍ ချဲ့ထွင်ပေးရန်လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တွန်းအားပေးခဲ့သည်။ မြောက်ကိုရီးယားကို ဖိအားထပ်ပေးရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် သဘောတူထားကြောင်း အာဘေးက ပြောကြားထားသည်။

ဂျပန်၏ နောက်ဆုံးကာကွယ်ရေးဘတ်ဂျက် အကြံပြုချက်တွင် F- 35 တိုက်လေယာဉ် ခြောက်စင်းဝယ်ယူရန်နှင့် ဖရီးဂိတ်သင်္ဘောများ ၀ယ်ယူရေးကိုလည်း ထည့်သွင်းထားသည်။

Eleven Media Group

နိုင်ငံတော်လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိတယ်လို့ ဦးဝင်းမြင့် ပြော

နိုင်ငံတော်လုံခြုံရေးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိတယ်လို့
ဦးဝင်းမြင့် ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဦးဆောင်သည့် လွှတ်တော်သက်တမ်းအတွင်း ပြင်ဆင်လိုက်သည့် ဥပဒေတစ်ခုတွင် နိုင်ငံသားအခွင့်အရေးအရ ဧည့်စာရင်း တိုင်ကြားစရာ မလိုတော့သော်လည်း နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံးအတွက် ဧည့်စာရင်း စစ်ဆေးခွင့်ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“စစ်ဆေးခွင့် မပေးထားတာ မဟုတ်ဘူး။ ကာကွယ်ရေး၊ လုံခြုံရေးအတွက် စစ်ဆေးခွင့် ပေးထားပြီးသား” ဟု ဦးဝင်းမြင့်က ပြောသည်။

လွန်ခဲ့သည့် ၂၀၁၂ခုနှစ်အတွင်းက ပြဌာန်းခဲ့သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ပြန်လည်ပြင်ဆင်ရာတွင် မဖြစ်မနေ တိုင်ကြားရမည့်အချက်ကို ပယ်ဖျက်ခဲ့သည်။

ထိုဥပဒေပါ ဧည့်စာရင်း တိုင်ကြားရသည့် အချက်ကို ပယ်ဖျက်လိုက်သော်လည်း ဧည့်စာရင်း စစ်ဆေးခြင်းကို လုံးဝ ပယ်ဖျက်လိုက်ခြင်းမဟုတ်ကြောင်း ဦးဝင်းမြင့်က ပြောသည်။

“အကြမ်းဖက်ပြီး၊ လက်နက်ကိုင်ပြီးတော့ သောင်းကျန်းတဲ့ ပုဂ္ဂိုလ်တွေကို မရှာရဘူး၊ မဖွေရဘူး၊ မစစ်ရဘူးလို့ မပြောဘူး” ဟု ဩဂုတ်လ ၃၁ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝင်းမြင့်က ပြောဆိုသည်။

ဥပဒေပြဌာန်းချက်ပါ ဧည့်စာရင်း တိုင်ကြားရမည့်အချက်ကို ပယ်ဖျက်လိုက်သည့်အတွက် နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးအတွက် ဝေဖန်မှုများရှိနေကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအပေါ် ဦးဝင်းမြင့်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ပြင်လိုက်လို့ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပြင်လိုက်တာက လုံးဝ မစစ်ဆေးရဘူး။ မဖမ်းဆီးရဘူး။ မရှာဖွေရဘူး။ မဟုတ်ပါဘူး။ စနစ်တကျ အဖွဲ့နဲ့ ဒါလုပ်ပေးထားတာပဲ” ဟု ဦးဝင်းမြင့်က ပြောသည်။

ပြင်ဆင်လိုက်သည့် ဥပဒေတွင် “တရားဥပဒေစိုးမိုးရေး၊ မှုခင်းကျဆင်းရေးနှင့် လုံခြုံရေးတို့အတွက် စစ်ဆေးရန် လိုအပ်သော နေအိမ်၊ ဥပစာ၊ နေရာများကို လုံလောက်သော အကြောင်းပြချက်ဖြင့် အဖွဲ့နှင့် စနစ်တကျ ဝင်ရောက်စစ်ဆေးခြင်း” ဟူ၍ ပြဌာန်းထားသည်။

အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်တွင် ဆွေးနွေးစဉ်က ဧည့်စာရင်းတိုင်ကြားရသည့်အချက်ကို ဆက်လက်ထားရှိရန် ပြည်ထဲရေးဝန်ကြီးဌာနနှင့် တပ်မတော်သားလွှတ်တော်အမတ်များက ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ဧည့်စာရင်းတိုင်ကြားခြင်းကို ဆက်ထားသင့်၊ မသင့်အပေါ် မဲခွဲဆုံးဖြတ်ခဲ့ရာ လွှတ်တော်အမတ်အများစုက ပယ်ဖျက်ရန် ဆန္ဒရှိသည့်အတွက် ယင်းအချက်အား ပယ်ဖျက်ရန် ထိုစဉ် လွှတ်တော်က ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

"အာဏာရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်က ဝင်ပြီးတော့ အချိန်မရှိ၊ အခါမရှိ ခြင်ထောင်ထဲအထိ လှန်ပြီးတော့၊ အခန်းထဲအထိ ဝင်ပြီးတော့ ဖမ်းသွားတာတွေကို ကျွန်တော်တို့က နိုင်ငံသားတွေကို ကျွန်တော်တို့တွေ ခံစားခဲ့ရတာတွေကို မခံစားစေချင်လို့ နိုင်ငံသားအခွင့်အရေး ပေးလိုက်တာ" ဟု ဧည့်စာရင်း တိုင်ကြားရသည့်အချက်ကို ပယ်ဖျက်ရသည့်အကြောင်းအရင်းကို ဦးဝင်းမြင့်က ပြောသည်။

သို့ရာတွင် အရပ်၊ ဒေသတစ်ခုတွင် အချိန်ကာလအားဖြင့် ရက်ပေါင်း(၆၀)ထက် ပိုမိုကြာရှည်စွာ နေထိုင်ပါက ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို အသိပေးထားရန် ပြင်ဆင်လိုက်သည့် ဥပဒေတွင် ထည့်သွင်းထားသည်။ အသိပေးအကြောင်းကြားခြင်း မရှိပါကလည်း တစ်စုံတစ်ရာ အရေးယူဆောင်ရွက်မည်မဟုတ်ပေ။

"အစိုးရအနေနဲ့ ပြည်သူလူထုကို အကူအညီတစ်ခုပေးမယ်ဆိုရင် စာရင်းဇယားမရှိလို့ရှိရင် ဘာမှကူညီပေးလို့မရဘူး။ စာရင်းဇယား ရရှိနိုင်ရေးအတွက် အသိပေးအကြောင်းကြားးရမယ်ပေါ့။ ဒါပေမယ့် အကြောင်းမကြားဘူးဆိုရင်လည်း ဘာမှမဖြစ်ပါဘူး။ ဥပမာအားဖြင့် ကျူးကျော်တွေပေါ့။ သူတို့က ဒီမှာနေထိုင်တယ်။ ဒါပေမယ့် အကြောင်းမကြားထားဘူးဆိုရင် သူတို့အတွက် အိမ်ရာတွေ၊ တိုက်ခန်းတွေပေးမယ်ဆိုရင် သူတို့အတွက် နစ်နာသွားမှာ စိုးလို့ပါ" ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး၊ ဦးကျော်စိုးလင်းက ရှင်းပြသည်။

ဧည့်စာရင်းစစ်ဆေးသည့် အကြောင်းပြချက်ဖြင့် စစ်အစိုးရလက်ထက်က နိုင်ငံရေးသမားအများစုကို နေအိမ်အတွင်း ဝင်ရောက်ရှာဖွေဖမ်းဆီးကာ ထောင်ချလေ့ရှိသည်။

Mizzima

ကမ္ဘာအနှံ့ မှာ Facebook Messenger သုံးမရတဲ့ ပြဿနာ ကြုံနေ

ကမ္ဘာအနှံ့ မှာ Facebook Messenger သုံးမရတဲ့ ပြဿနာ ကြုံနေ

မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်းများစွာမှာ Messenger app ကို သုံးမရတဲ့ ပြဿနာ ကြုံနေပါတယ်။ ဒါဟာ တစ်ပတ်အတွင်း Facebook ဆာဗာဒေါင်းပြီး ဒုတိယအကြိမ် Facebook ရဲ့ စာပို့ အက်ပလီကေးရှင်း Messenger ဒေါင်းသွားတာလည်း ဖြစ်ပါတယ်။

သုံးစွဲသူ သန်း ၁၂၀၀ ကျော် ရှိထားတဲ့ Messenger ဟာ Facebook နဲ့ ချိတ်ဆက်သုံးရတဲ့ အက်ပလီကေးရှင်းတစ်ခု ဖြစ်ပြီး စာများ ၊ ဓါတ်ပုံနဲ့ ဗွီဒီယိုများကို အချင်းချင်း အပြန်အလှန် ပေးပို့ နိုင်ပါတယ်။ လောလောဆယ်မှာတော့ ဒီ အက်ပလီကေးရှင်းကနေ စာပို့ လို့ မရနိုင်သလို ဓါတ်ပုံနဲ့ ဗွီဒီယိုတွေလည်း ပို့ လို့ မရတဲ့ ပြဿနာကို သုံးစွဲသူ ထောင်ပေါင်း များစွာ ကြုံတွေ့ နေပါတယ်။

ဒီပြဿနာဟာ ယူကေနဲ့ ဥရောပတစ်ခွင်မှာ အဆိုးဆုံး ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် တစ်ခြားနိုင်ငံများမှာလည်း ကြုံတွေ့ နေတယ်လို့ ဆိုပါတယ်။ ဆိုရှယ်မီဒီယာတွေရဲ့ traffic ကို ဖော်ပြပေးနေတဲ့ DownDetector ဝက်ဘ်ဆိုက်မှ အချက်အလက်များအရ ဒီအက်ပ်ကို သုံးစွဲနေသူများရဲ့ ၅၃% ဟာ မက်ဆေ့ခ်ျတွေ ဖတ်လို့ မရဖြစ်နေပြီး ၄၆% ကတော့ Messenger ကနေ စကားပြောလို့ မရဘူးလို့ ဆိုပါတယ်။

Facebook အနေနဲ့ Messenger မှာ Live Location sharing feature သစ်ကို ထည့်ပြီးနောက် အခုလိုမျိုး Messenge ဒေါင်းသွားတဲ့ သတင်းတွေ ထွက်လာတာလည်း ဖြစ်ပါတယ်။ Liv Location ဟာ Messenger သုံးသူများရဲ့ တည်နေရာကို အချင်းချင်းသိအောင် လွှင့်ပေးသွားတဲ့ feature ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုကို သုံးမယ်ဆိုရင်တော့ စကားပြောထားတဲ့ chat message အထက်မှာပါတဲ့ location icon လေးကို နှိပ်ပြီး သုံးရမှာ ဖြစ်ပါတယ်။ ဒီ feature ကို မသုံးချင်ရင်တော့ Stop Sharing ခလုတ်ကိုနှိပ်ပြီး ပိတ်နိုင်ပါတယ်။

လောလောဆယ်မှာတော့ Messenger ဒေါင်းသွားတဲ့ ပြဿနာက နိုင်ငံအနှံ့ အပြားမှာ တက်နေပါတယ်။ ယခုတစ်ပတ်ထဲမှာပဲ Facebook နဲ့ Instagram တို့ ဒေါင်းသွားတာကြောင့် သုံးစွဲသူ ထောင်ပေါင်းများစွာ Log In ဝင်မရတဲ့ ပြဿနာ တွေ့ ခဲ့ပါတယ်။

Duwun

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေး

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးဆွေးနွေး

ရခိုင်ပြည်နယ်မှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရုံးချုပ်မှာ သြဂုတ်လ ၃ဝ ရက်နေ့ မနေ့ကပြုလုပ်တဲ့ လုံခြုံရေးကောင်စီ တခါးပိတ်အစည်းအဝေးမှာ ဆွေးနွေးခဲ့ကြတယ်။

ဒီအစည်းအဝေးကနေ တစ်စုံတရာ ဆုံးဖြတ်ချက်ချမှတ်တာ မရှိပေမယ့်၊ အဖွဲ့ဝင်နိုင်ငံအားလုံးက လက်ရှိ အခြေအနေအပေါ် စိုးရိမ်ကြောင်း ပြောကြားခဲ့ကြတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Matthew Rycroft က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ အများကြီးရှိကြောင်း၊ အကြမ်းဖက်တိုက်ခိုက်မှုတွေကို လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက ရှုတ်ချကြောင်း၊ အခြေအနေတွေ ပိုဆိုးမသွားဖို့ သက်ဆိုင်သူအားလုံးကို တောင်းဆိုတဲ့အကြောင်း ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

ဒ့ါပြင် မြန်မာအစိုးရအနေနဲ့ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်ကြောင်း လုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံးက ပြောဆိုခဲ့ကြတယ်လို့ ဗြိတိန်သံအမတ်ကြီးက ပြောပါတယ်။

မိမိတို့ အတော်များများဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံကြတဲ့ မဟာမိတ်တွေဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆောင်ရွက်ချက်တွေကို အဝေးကနေ တလေးတစားနဲ့ စောင့်ကြည့်နေသူတွေ ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိပဋိပက္ခတွေ လျော့ကျသွားစေမယ့် နည်းလမ်းတွေရှာဖွေပြီး ကိုင်တွယ်ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဗြိတိန်သံအမတ်ကြီးက ပြောဆိုသွားပါတယ်။

RFA

ဧရာဝတီတိုင်းကို အကြမ်းဖက်သမားတွေ ဝင်မလာအောင် လုံခြုံရေးကြပ်မတ်

ဧရာဝတီတိုင်းကို အကြမ်းဖက်သမားတွေ ဝင်မလာအောင်
လုံခြုံရေးကြပ်မတ်

ရခိုင်ပြည်နယ်က အကြမ်းဖက်သမားတွေ ဧရာဝတီတိုင်းဘက်ကို ပင်လယ်ပြင်ကနေ ဝင်မလာနိုင်ဖို့အတွက် လုံခြုံရေးကြပ်မတ် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

တိုင်းဝန်ကြီးချုပ် ဦးမန်းဂျော်နီကိုယ်တိုင် အရေးပေါ် အစည်းအဝေးခေါ်ယူပြီးနောက်၊ နယ်လုံဝန်ကြီးနဲ့ တိုင်းရဲတပ်ဖွဲ့က လုံခြုံရေးအစီအစဉ်တွေ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်း လျှပ်စစ်- စွမ်းအင်၊ စက်မှုလက်မှုနဲ့ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်း ဖျာပုံ၊ လပွတ္တာ၊ ငပုတော၊ ငွေဆောင်၊ ချောင်းသာ၊ ငွေသောင်ယံ … စတဲ့ ပင်လယ်နဲ့ထိစပ်နေတဲ့ မိုင် ၃ ရာကျော်မှာ လုံခြုံရေး ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

လတ်တလောမှာ ပင်လယ်ကနေ တရားမဝင် ခိုးဝင်လာသူတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမယ့်၊ အစိုးရအဖွဲ့ က ဖမ်းဆီးရမိထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

ဧရာဝတီတိုင်းအတွင်းမှာ ရခိုင်လူမျိုးတွေလည်း အများအပြား နေထိုင်ကြပြီး တိုင်းအစိုးရအဖွဲ့မှာ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီးလည်း ခန့်အပ်ထားပါတယ်။

RFA

ပုသိမ်တက္ကသိုလ်ကျောင်းသားများ အတွက် Canteenအသစ် နှင့်ဆိုင်ကယ်ထားရန်နေရာအစိုးရတည်ဆောက်ပေးမည်


Photo သြဂုတ်လ (၂၂)ရက်နေ့ က Canteenအသစ် နှင့်ဆိုင်ကယ်ထားရန်နေရာရရှိရေးဆန္ဒပြတောင်းဆိုနေသော
ဗကသ ကျောင်းသားများကိုတွေ့ ရစဉ်

ပုသိမ်တက္ကသိုလ်ကျောင်းသားများ အတွက် Canteenအသစ် နှင့်ဆိုင်ကယ်ထားရန်နေရာ
အစိုးရတည်ဆောက်ပေးမည်

ပုသိမ်တက္ကသိုလ်ကျောင်းသားများအတွက် တက္ကသိုလ်စားသောက်ဆိုင် Canteen အသစ်နှင့် ဆိုင်ကယ်ထားရန်နေရာ အသစ်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ က တည်ဆောက်ပေးမည်ဖြစ်ကြောင်းလူမှုရေး
ဝန်ကြီး ဒေါက်တာလှမြတ်သွေးကပြောသည်။

“တက္ကသိုလ်အတွင်းCanteenဆောက်လုပ်ပေးဖို့ Day Out Planကိုရှိထားပြီး ဆောက်လုပ်ရေးအင်ဂျင်နီယာချုပ်နဲ့ညိုနှိုင်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ ဆိုင်ကယ်Standများကတော့ ၂၀၁၇-၁၈ဘဏ္ဍာနှစ်
အတွင်းတိုင်းအစိုးရရဲ့ ကြိးကြပ်မှုအောက်မှာစီစဉ်ဆောင်ရွက်ပေးသွားမှာပါ  “ဟု ၄င်းကပြောသည်။

သြဂုတ်လ(၃၁)ရက်နေ့ ကကျင်းပသောလွတ်တော်တွင် ပုသိမ်မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွတ်တော်
ကိုယ်စားလှယ် ဒေါက်တာစိုးဝင်းက တက္ကသိုလ်စားသောက်ဆိုင် Canteen အသစ်နှင့် ဆိုင်ကယ်ထား
ရန်နေရာမှအမှန်တကယ်လိုအပ်နေသည့်အတွက် အစိုးးရအဖွဲ့ ဆောင်ရွက်ပေမည့်အခြေနေအား
လွှတ်တော်တွင်မေးမြန်းခဲ့ ရာ လူမှုရေးဝန်ကြီးက အထက်ပါအတိုင်ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

"အမျိုးသားမဟာဗျူဟာမြောက်စီမံကိန်း(NESP)၂၀၁၆မှစတင်ကာ၂၀၂၁အထိ ကြား၅နှစ်တာကာလစီမံ
ကိန်းတွင် ပုသိမ်တက္ကသိုလ်အတွက် အလျားပေ၉၀ အနံပေ၂၀ရှိသောCanteen၂ခု နဲ့အလျား၇၀
အနံပေ၃၀ရှိသောဆိုင်ကယ်Stand၂ခုကိုဆောက်လုပ်ပေးဖို့တင်ပြထားတာတွေ့ရှိရပါတယ်။
ဒါပေမဲ့ကျောင်းသားများ၏လက်ရှိတွင် အမှန်တကယ်လိုအပ်ချက်တွေဖြစ်နေသည့်အတွက်
အဆေညတလျင်ဆောက်လုပ်ပေးဖို့ လိုပါတယ်”ဟုလွှတ်တော်တွင်ပြောသည်။

ပုသိမ်တက္ကသိုလ်တွင်လက်ရှိဖွင့်လှစ်ထားသော Canteenမှာစာသင်ဆောင်များနှင့်အလွန်ဝေး
ကွာနေသောကြောင့်ကျောင်းသားများမကြာခဏအတန်းနောက်ကျခြင်းများဖြစ်ပေါ်နေသည့်
အတွက်ကျောင်းဆောင်နှင့်နီးသောCanteenအသစ်တစ်ခုကိုဆောက်လုပ်ပေးရန်နှင့်ဆိုင်ကယ်များထား
ရှိရန်Standများမရှိခြင်း ဆိုင်ကယ်များအတွက်သီးသန့်လုံခြုံးရေးထားရှိပေးနိုင်ရေးကိုလည်း သြဂုတ်လ(၂၂)ရက်နေ့ က ပုသိမ်တက္ကသိုလ်ကျောင်းသားသမဂ္ဂကကျောင်းသားများကဆန္ဒပြတောင်း
ဆိုခဲ့ ဖူးသည်။

ထက်ဝဠာမင်း(ပုသိမ်)

ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးအထိ ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၌ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးအထိ ရှိနေ

ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီမှသြဂုတ် ၁၉ ရက်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၄၅၁၉ ကျော်၊ သေဆုံးသူ ၃၂ ဦးထိ ရှိလာပြီး အသက် ၁၅ နှစ်အောက် ကလေးများတွင် ရောဂါဖြစ်ပွားမှု အများဆုံးဖြစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
“ရန်ကုန်တိုင်းရဲ့ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုကတော့ မနှစ်ကထက်စာရင် ဖြစ်ပွားမှုတွေ များနေတယ်။ ပထမလေးလမှာကတည်းက ဖြစ်ပွားမှုနှုန်းက လေးဆလောက်အထိ မြင့်တက်ခဲ့တယ်။ မနှစ်ကထက်စာရင် ဖြစ်ပွားမှုနှုန်း များနေတယ်။ ခုချိန်ထိ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူ ၄၅၀၀ ကျော်၊ သေဆုံးသူ ၃၂ ဦးထိ ရှိပါတယ်။ ဒီနှစ်အတွက်ကတော့ အဖြစ်များတဲ့ ရပ်ကွက်၊ မြို့နယ်တွေကို ရွေးချယ်ပြီး သွေးလွန်တုပ်ကွေးဖြစ်နိုင်တဲ့ ရပ်ကွက်တွေကို ကြိုတင်ပြီး ပိုးလောက်လမ်း နှိမ်နင်းရေးတွေကို ရပ်ကွက်အလိုက် ရပ်ကွက်လုံးကျွတ် လုပ်ဆောင်နေတာတွေလည်း ရှိပါတယ်။ မိုးရာသီဆိုရင် ဖြစ်ပွားမှုနှုန်းက တက်လာတာဖြစ်တဲ့အတွက် အဖြစ်များတဲ့ ရပ်ကွက်တွေကို ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေကို လုပ်နေပါတယ်။ ရန်ကုန်မှာ အဖြစ်များတဲ့ ရပ်ကွက်တွေက လူဦးရေများတဲ့နေရာ၊ လူနေထူထပ်တဲ့နေရာတွေပါ။ လှိုင်သာယာ၊ ဒဂုံမြို့သစ်လေးခု၊ ဒလ၊ သာကေတ၊ မရမ်းကုန်း၊ လှိုင်တို့ အဖြစ်များတယ်။ နှစ်စဉ်လည်း ဒီနေရာတွေက အဖြစ်များပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ခြင်ပေါက်ပွားမည့်နေရာများ နေ့စဉ်စစ်ဆေးရှင်းလင်းရန် လုပ်ငန်းလမ်းညွှန်ကို ရေးဆွဲထားပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ ခြင်ကျားပေါက်ရာနေရာများ (အလွှာတိုင်းရှိ မြေပြင်နှင့် ကွန်ကရစ်ကြမ်းခင်းတွင် ရေတင်ကျန်နိုင်သော ချိုင့်ခွက်များ၊ ဘိလပ်မြေဖျော်စက် စသည့် စက်များ၊ တိုင်ကီများ၊ ရေကန်များနှင့် အခြားရေသိုလှောင်နိုင်သော ပစ္စည်းများ၊ ယာယီရေမြောင်းများ၊ အမှိုက်ပုံးများ) စသည်ကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် ငြမ်းအဖြစ် အသုံးပြုထားသော သစ်ချောင်းများ၊ သံတန်းများနှင့် သံပိုက်များသည် အသုံးပြုပြီးနောက် စုပုံထားတတ်ကြပြီး ထိုနေရာများမှတစ်ဆင့် ခြင်ပေါက်နိုင်ကြောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများကို မိုးရေမစိုစေရန် ဖုံးအုပ်ရာတွင် အသုံးပြုသော မိုးရေကာဖျင်/တာလပတ်များသည်လည်း ထိန်းသိမ်းမှုမကောင်းလျှင် ခြင်ကျားလောက်လမ်း ပေါက်ဖွားနိုင်ကြောင်း၊ ဆောက်လက်စ အဆောက်အအုံ (အထူးသဖြင့် အထပ်မြင့်များ)၏ ကြမ်းပြင်များပေါ်တွင် ရေတင်ကျန်နိုင်ပြီး ခြင်ကျားလောက်လမ်းများ ပေါက်ဖွားနိုင်ကြောင်းနှင့် ဆောက်လုပ်ရေး အလုပ်သမားများ၏ စားကြွင်းစားကျန်များ၊ အမှိုက်သရိုက်များကို စနစ်တကျမစွန့်ပစ်ခြင်းကြောင့် လည်းမိုးရေတင်ကျန်နိုင်သော နေရာများဖြစ်လာပြီး ခြင်ပေါက်ဖွားနိုင်ကြောင်း သိရသည်။

ခြင်ပေါက်ဖွားမှုနည်းစေရန် ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် လိုက်နာဆောင်ရွက်ရန် အချက်များကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားပြီး ရေတင်ကျန်နိုင်သော၊ ရေသိုလှောင်ထားသောနေရာများ အားလုံးကို အသုံးမလိုပါက ရေစုပ်ထုတ်ရန်၊ အသုံးလိုပါက လုံအောင်ဖုံးအုပ်ရန်၊ လောက်လမ်းသေဆေးခတ်ရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။ လက်ရှိတွင် ချင်းပြည်နယ် အပါအ၀င် တစ်နိုင်ငံလုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပျံ့နှံ့နေပြီး ၁၉၇၀ ပြည့်နှစ်မှ ၂၀၁၅ ခုနှစ်ထိ နှစ်ပေါင်း ၄၀ ကျော်ကာလ အတွင်း ရောဂါဖြစ်ပွားသူဦးရေ လေးဆကျော်အထိ မြင့်တက်လာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

Eleven Media Group

H1N1 ကူးစက် ရောဂါကာကွယ်ဆေးများဆေးရုံ ဆေးခန်းများတွင်ထားရှိပေးထားသည်ဟုလူမှုရေးဝန်ကြီးပြော

H1N1 ကူးစက် ရောဂါကာကွယ်ဆေးများဆေးရုံ ဆေးခန်းများတွင်ထားရှိပေးထားသည်ဟုလူမှုရေးဝန်ကြီးပြော

ရာသီတုပ်ကွေး H1N1 Seasonal Influenza A(H1N1)pdm 0.9virus ကူးစက်ရောဂါကာကွယ်ဆေးများကို ဧရာဝတီတိုင်းဒေသကြီးရှိ ဆေးရုံများတွင် ထားရှိပေးထားကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာလှမြတ်သွေးက သြဂုတ်လ(၃၁)ရက်နေ့ ကလွတ်တော်တွင်ပြောသည်။
“ရာသီတုပ်ကွေး ဖြစ်ပွားတယ်လို့ပြည်သူများကယူစရရင် နီးစပ်ရာဆေးခန်း ဆေးရုံများမှတက်ရောက်ကုသပါ H1N1ရောဂါကိုသေချာစနစ်တကျ ကုသရင်ပျောက်ကင်းတဲ့ရောဂါတစ်မျိုးပါ ဆေးရုံမှတက်ရောက်ကုသနေတဲ့ လူနာတွေကိုတော့သီးသန့်လူနာဆောင်များထာရှိပြီး H1N1ရာသီတုပ်ကွေးရောဂါဖြစ်ပွားနေမှုကို ပျောက်ကင်းသတ်သာစေနိုင်တဲ့ ဆေးများကိုအရန်သင့်ထားရှိပေးထားပါတယ် H1N1လူနာတွေကိုကိုင်တွယ်ကုသနေတဲ့ ကျန်းမာရေးဝန်ထမ်းများကိုလဲ သီးသန့်ကာကွယ်ဆေးများထိုးပေးထားပြီးဖြစ်ပါတယ်”ဟု ၄င်းကပြောသည်။
ယနေ့ ကျင်းပခဲ့ သောလွတ်တော် အစည်းအဝေးတွင် ငပုတောမြို့ မဲဆန္ဒနယ်အမှတ်(၂)တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇော်ရွှေ၏ အစိုးရဆောင်ရွက်နေသည့် H1N1ကူးစက်ရောဂါ အသိပညာပေးခြင်းနှင့်သတင်းထုတ်ပြန်ပေးထားမှုနှုင့် စပ်လျဉ်းသည့် မေးမြန်းမှုအပေါ် ပြန်လည်ဖြေဆိုခဲ့ ခြင်းလည်းဖြစ်သည်။
ဧရာဝတီတိုင်းအတွင်းရာသီတုပ်ကွေးဖြစ်ပွားသေဆုံးမှုအများဆုံးဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးရဲ့ H1N1ရောဂါဖြစ်ပွားသေဆုံးမှု၏ တစ်ဝက်ကျော်ရှိသည့်အတွက် ပြည်သူများအကြားဆိုးရိမ်စရာဖြစ်လာပါတယ်”’ဟု ဦးဖြိုးဇော်ရွေက လွတ်တော်တွင် ပြောသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသောနောက်ဆုံးစာရင်းများအရ အသက်ရှူလမ်းကြောင်းပိုဝင်ရောဂါဖြင့် ပြသသူဦးရေ (၈၄၇)ဦး တွင် ဓတ်ခွဲ့ စစ်ဆေးချက်အရ အတည်ပြုဖြစ်ပွါးသူ(၃၁၇)ဦးရှိရာ (၃၃)ဦးမှာ အဆိုပါရောဂါများဖြင့် သေဆုံးခဲ့ သည်။
သေဆုံးသူ (၃၃)ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ (၁၂)ဦးပါဝင်ပြီး ဒုတိယအများဆုံးသေဆုံးသူမှာ ရန်ကုန်တိုင်းဒေသကြီး (၈)ဦးဖြစ်သည်။
လတ်တလောဖြစ်ပေါ်နေတဲ့  H1N1 ကူးစက်ရောဂါနဲ့ ပတ်သတ်ပြီး  လူထူထပ်သော နေရာများမသွားရန် လက်ကိုမကြာခဏဆေးရန် အားရှိသောအစာအဟာရများစားသုံရန်၊အိပ်ရေးဝအောင်အိပ်ဖို့ နှင့် ကိုယ်ခံအားကောင်းအောင်နေဖို့ မှကြားထားသလို ဖျားနာခြင်းများဖြစ်ပါက သိသိချင်းဆေးရုံဆေခန်းများမှာဆေးကုသမှု ခံယူဖို့ ကအဓိကဖြစ်တယ်လို့ ဆရာဝန်တွေကပြောဆိုထားသည်။
ထက်ဝဋာမင်း(ပုသိမ်)

ပရဟိတအဖွဲ့များ မောင်တော ဒုက္ခသည်များကို ဆန်အိတ်နှင့် အာလူးများလှူဒါန်း

ပရဟိတအဖွဲ့များ မောင်တော ဒုက္ခသည်များကို ဆန်အိတ်နှင့် အာလူးများလှူဒါန်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မမြောက်ရပ်ကွက် မူလတန်းကျောင်းတွင် ခိုလုံနေကြသည့် ဟိန္ဒူလူမျိုး မိသားစု ၃၂၁စု၊ လူဦးရေ ၁၈၄၂ ယောက်အတွက်   ဝေဠုကျော် ဖောင်ဒေးရှင်းနှင့် စာရေးဆရာ ဝေဟင်အောင်တို့က ဆန်အိပ်နှင့်အာလူးများသွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းအချိန်က ဆန်အိတ် ၁ဝဝ နှင့် အားလူး ၆ အိတ်၊ ဆီ ၁ ပုံးသွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း စာရေးဆရာ ဝေဟင်အောင်ကပြောသည်။

" ဒါတွေကတော့ မနေ့ညကပဲမောင်တောကို ရောက်ရောက်ချင်းပဲ ကိုဝေဠုကျော်တို့နဲ့ သွားရောက်လှူဒါန်းခဲ့တာပါ။ ဒီနေ့လည်း တခြားနေရာတွေမှာရှိတဲ့ ဒုက္ခရောက်နေသူတွေကို တတ်နိုင်သလောက် ကူညီပေးကြဖို့အတွက် ကျွန်တော်တို့တွေ သွားနေကြပါတယ်" ဟု စာရေးဆရာ ကိုဝေဟင်အောင်က မဇ္ဈိမသို့ ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောတွင် သြဂုတ်လ ၂၅ ရက်၊ ည ၁ နာရီမှ စတင်ပြီး အစွန်းရောက်အကြမ်းဖက်များ တိုက်ခိုက်မှုကြောင့် ဒုက္ခရောက်နေသည့် ရခိုင်တိုင်းရင်းသားများအား ကူညီရန် စာရေးဆရာကိုဝေဟင်အောင်က အလှူငွေများကောက်ခံပေးနေပြီး ယမန်နေ့အထိ အလှူ ငွေ ကျပ် သိန်း ၅ဝဝ ခန့် ရရှိပြီဖြစ်ကြောင်း သိရသည်။

Mizzima

ရော်ဘာလုပ်ငန်းရှင်များ ချေးငွေရရှိရေး ဆောင်ရွက်ပေးမည်

ရော်ဘာလုပ်ငန်းရှင်များ ချေးငွေရရှိရေး ဆောင်ရွက်ပေးမည်

ဟံသာနွန်  

မွန်ပြည်နယ်အတွင်းက ရော်ဘာလုပ်ငန်းရှင်များကို ချေးငွေရရှိရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုး ကပြောသည်။

“ရော်ဘာစိုက်တယ်၊ ရော်ဘာမှိုင်းခံ စက်ရုံတည်ထောင်တယ် ဆိုတာတွေလည်း SME လုပ်ငန်းတွေပါပဲ။ ငွေကြေးအရင်းအနှီးများတယ်။ ရော်ဘာစိုက်ပြီဆို အနည်းဆုံး ၇ နှစ်နေမှ အစေးစခြစ်လို့ရတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ရည်ရွယ်ပြီးတော့ SME ချေးငွေရဖို့ ကြိုးစားပေးသွားပါမယ်။” ဟု ၄င်းကပြောသည်။

တစ်နှစ်ပြီးတစ်နှစ် အနိမ့်ဘက်သို့ ကျဆင်းလာနေသည့် ရော်ဘာဈေးကွက်ကြောင့် ရော်ဘာတောင်သူများနှင့် ရော်ဘာနှင့် ဆက်စပ်နှီးနွယ်ရာ လုပ်ငန်းများသည်လည်း အဆင့်မီရော်ဘာများ ထုတ်လုပ်ရန် ခက်ခဲနေရပြီး တဖန်အရည်အသွေး မပြည့်သည့် ရော်ဘာများအတွက် ဈေးကောင်းမရ ဖြစ်နေကြရသည်ဟု ဒေသခံရော်ဘာလုပ်ငန်းရှင်များကပြောသည်။

“SME ချေးငွေရဖို့ ကူညီပေးမယ် ဆိုရင်တော့ ၀မ်းသာပါတယ်။ အစိုးရ အဖွဲ့အစည်းတွေ ကျေးရွာဘက်တွေဆင်းပြီး လက်တွေ့လေ့လာ တွေ့ဆုံတယ်ဆိုတာ အရင်ကတော့ မရှိခဲ့ဖူးပါဘူး။ မျှော်လင့်ချက် ပွင့်လာပြီလို့ ပြောရမှာပါ။ တောင်သူတွေ အနေနဲ့ သိချင်နေတာက ဘယ်လိုပုံစံ၊ ဘယ်လိုအတိုးနှုန်း၊ ဘာအာမခံချက်နဲ့ ဘယ်လောက်ကြာကြာ ချေးပေးမှာလဲ ဆိုတာကိုပါ။ ရော်ဘာဆိုတာက နှစ်ရှည်ရင်းနှီးရတာ ဖြစ်လို့ နှစ်တိုချေးငွေ အနေနဲ့ဆို အဆင်မပြေနိုင်ပါဘူး။ ”ဟုပြည်နယ်ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဌ နိုင်ကျန်ရစ် ကပြောသည်။

လတ်တလောအနေဖြင့် ရ်ာဘာလုပ်ငန်းရှင်များကိုချေးငွေထုတ်ချေးနိုင်ရန် ပြည်နယ်တွင်း စိုက်ပျိုးရေး ဦးစီးဌာန၊ သမ၀ါယမဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းနှင့် ကရင် တိုင်းရင်းသားရေးရာ ၀န်ကြီးတို့ ပူးပေါင်းကာ  ရော်ဘာတောင်သူများထံ ကွင်းဆင်းလေ့လာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်နေကြောင်းသိရသည်။

မွန်ပြည်နယ် တွင်  ရာဘာလုပ်ငန်းကိုအဓိကလုပ်ကိုင်ကြပြီးပြည်နယ်  ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရော်ဘာ  ကဏ္ဍဖွံ့ဖြိုးရေး ကို ဆောင်ရွက်သွားကြရန်သက်ဆိုင်ရာတာဝန်ရှိသူများကို ပြည်နယ် ၀န်ကြီးချုပ်က လမ်းညွှန်ထားသည်။

ဓာတ်ပုံဆရာ မင်းဟိန်းကိုလင်းရဲ့ လက်စွမ်းပြ အလှဓာတ်ပုံ


ဓာတ်ပုံဆရာ မင်းဟိန်းကိုလင်းရဲ့ လက်စွမ်းပြ အလှဓာတ်ပုံ
မော်ဒယ်ခြူးဆက်ခိုင်မြဲ
Makeup - ကြည်လင်အောင်
Dress - ဇလပ်ဝါ















ကာလုံခေါ်သင့်မခေါ်သင့်



ကာလုံခေါ်သင့်မခေါ်သင့်

Wednesday, August 30, 2017

ကုလသမဂ္ဂ၏ ရှုတ်ချမှုကြုံနေရသော်လည်း မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးများထပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်

ကုလသမဂ္ဂ၏ ရှုတ်ချမှုကြုံနေရသော်လည်း မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ဒုံးများထပ်ပစ်လွှတ်မည်ဟု ခြိမ်းခြောက်

မြောက်ကိုရီးယားသည် ဂျပန်ကို ကျော်၍ ဒုံးများ ထပ်ပစ်လွှတ်မည်ဟု ခေါင်းဆောင် ကင်ဂျုံအွန်က ကတိပြုခဲ့ပြီး နျူကလီးယား ပိုင်ဆိုင်သော မြောက်ကိုရီးယားက ပြီးခဲ့သောရက်တွင် ဒုံးပစ်လွှတ်မှုသည် ကန့်လန့်ကာ ဖွင့်လိုက်ခြင်းသာဖြစ်ကြောင်း အခိုင်အမာပြော ကြားခဲ့သည်။ သြဂုတ် ၂၉ ရက်တွင် မြောက်ကိုရီးယားက Hwasong -12 တာလတ်ပစ် ပဲ့ထိန်းဒုံးအား ပစ်လွှတ်ခဲ့မှုသည် ၎င်း၏လက်နက်စီမံကိန်းများကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် အရှိန်မြင့်တက်စေသော အဓိက အကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးဒုံးပစ် လွှတ်ခဲ့မှုအပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရွေးချယ်စရာနည်းလမ်းအားလုံး ရှိနေပြီး မြောက်ကိုရီးယားအား အမေရိကန်စစ်ဘက်က ကြိုတင်လက်ဦးမှုယူ၍ အရေးယူ ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခဲ့မှုကို သွယ်ဝိုက်၍ ၎င်းက ထပ်မံပြောကြားခဲ့သည်။ ပြုံယမ်းအား ပိတ်ဆို့အရေးယူမှု ခုနစ်ကြိမ် ချမှတ်ထားပြီးဖြစ်သော ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယား၏ လုပ်ရပ်များသည် ဒေသတွင်းကိုသာမက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အားလုံးအတွက်ပါ ခြိမ်းခြောက်မှုဖြစ်ကြောင်း တစ်ညီတစ်ညွတ်တည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

မြောက်ကိုရီးယား၏ အဓိကမဟာမိတ်များဖြစ်သော ရုရှားနှင့်တရုတ်တို့က အမေရိကန်ရေးဆွဲသော ယင်းဆုံးဖြတ်ချက် မူကြမ်းအား ထောက်ခံခဲ့ကြသော်လည်း ပြုံယမ်းအား ပိတ်ဆို့အရေးယူမှုသစ် ချမှတ်ရန် သို့မဟုတ် ထပ်မံတင်းကျပ်ရန် ချက်ချင်း မဖြစ်နိုင်သေးပေ။

မြောက်ကိုရီးယား အာဏာရ အလုပ်သမားပါတီ၏ အာဘော်များ ဖော်ပြသော ရိုဒေါင်ရှင်မွန်သတင်းစာက ပြုံယမ်းအနီးမှ ဒုံးပစ်လွှတ်မှုအား မှတ်တမ်းတင်ထားသည့် ဓာတ်ပုံ ၂၀ ကျော်အား သြဂုတ် ၃၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းဓာတ်ပုံများအနက် တစ်ပုံတွင် လက်ထောက်များ ၀ိုင်းရံလျက် ကင်သည် အနောက်မြောက် ပစိဖိတ်မြေပုံ ဖြန့်ထားသော စားပွဲတွင်ထိုင်လျက် အလွန်အမင်းပြုံးနေသည်ကို မြင်တွေ့ခဲ့ရသည်။ နောက်တစ်ပုံတွင်မူ ပစ်လွှတ်လိုက်သော ဒုံးအား ကင်က မော့ကြည့်နေခဲ့သည်။ အနာဂတ်တွင် ပစိဖိတ်အား ပစ်မှတ်တစ်ခုအဖြစ် ပဲ့ထိန်းဒုံးများ ထပ်မံပစ်လွှတ် လေ့ကျင့်မှုများ ပြုလုပ်ရန်လိုအပ်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု မြောက်ကိုရီးယားအစိုးရ သတင်းအေဂျင်စီ KCNA က ဖော်ပြခဲ့သည်။ သြဂုတ် ၂၉ ရက်က ဒုံးပစ်လွှတ်မှုသည် ကျူးကျော်ရန် ကြိုတင် အခြေစိုက်စခန်းဖြစ်သော ဂူအမ်အား ထိန်းချုပ်ရန် အရေးပါသောရှေ့ပြေးဖြစ် ကြောင်း၊ ပြုလုပ်နေဆဲဖြစ်သော အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား တန်ပြန်ရန် မြောက်ကိုရီးယား၏ ခိုင်မာသော ဆုံးဖြတ်ချက်အတွက် ကန့်လန့်ကာဖွင့်လိုက် ခြင်းဖြစ်ကြောင်း ကင်က ပြောကြားခဲ့သည်ဟု KCNA က ဖော်ပြခဲ့သည်။

ယင်းဒုံးသည် အကွာအဝေးကီလိုမီတာ ၂၇၀၀ (မိုင် ၁၇၀၀) အထိ ရောက်ရှိခဲ့ပြီး အမြင့်ဆုံး အမြင့်ကီလိုမီတာ ၅၅၀ အထိ ရောက်ရှိခဲ့ကြောင်း တောင်ကိုရီးယားစစ်ဘက်က သြဂုတ် ၂၉ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ဂူအမ်သို့ပစ်ခတ်မည့် မည်သည့်ဒုံးမဆို မြောက်ကိုရီးယားက ဂျပန်ကိုကျော်၍ ပစ်ရမည်ဖြစ်ရာ ပြုံယမ်းသည် သတ်မှတ်စည်းကို မကျော်စေဘဲ သတင်းစကားပေးပို့ရန် ယခုကဲ့သို့ တာလတ်ပစ် ဒုံးပစ်လွှတ်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ဖွယ်ရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြသည်။

Eleven Media Group

စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်

စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်

‘စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှုမဟုတ်’ဟူသော တီရှပ်အဖြူ ရောင်ဝတ်ဆင်ထားသည့် လူငယ် အချို့ကို ရန်ကုန်မြို့ လမ်းမများ ပေါ်တွင် တွေ့နေရသည်။ ‘စာနယ် ဇင်းလွတ်လပ်ခွင့်ရှိရမည်’ဟူ သော အနီရောင်စာလုံးခပ်ကြီးကြီး ပင် ပါသေးသည်။ ထိုတီရှပ်၏ အဓိပ္ပာယ်သည် ရန်ကုန်မြို့နှင့် မိုင် ပေါင်းရာကျော်ကွာဝေးသည့် သီ ပေါမြို့နယ်တွင် အမှုရင်ဆိုင်နေရ သည့် သတင်းသမားသုံးဦးကို ရည် ညွှန်းသည်။ ကိုယ့်အလုပ်ကိုယ် လုပ်ရင်း အိမ်ပြန်မရောက်နိုင်ခဲ့ သည့် သတင်းသမားသုံးဦးအ တွက် ဖြစ်သည်။

ပြစ်မှုထင်ရှား၍ တရားရုံးက သာ စီရင်ချက်ချပါက လာမည့် ၂ နှစ်မှ သုံးနှစ်အထိ သူတို့သည် အိမ် အပြန်လမ်းနှင့် ဝေးနေဦးမည်ဖြစ်သည်။

‘‘ဒါကြည့် သတင်းထောက် လုပ်လို့ ငါလက်ထိတ်နဲ့။ ဒါဒီမိုက ရေစီလို့ပြောလို့ရမလား’’

သံကြိုးနှင့် ချည်ထားသော သတင်းထောက်သုံးဦး၏ပုံနှင့်အ တူ တီရှပ်နောက်ကျောတွင် စာလုံးမည်းကြီးနှင့် ရိုက်နှိပ်ထားသော သတင်းထောက် လဝီဝမ်၏ မေး ခွန်းထုတ်မှုဖြစ်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ မြို့နယ်တရားရုံးပင်မ အဆောက်အအုံ၏ နောက်ကျော ဘက် သံဆန်ခါများအလုံအပြည့် ကာရံထားသော အခန်းကျဉ်းလေး အတွင်း အမျိုးသားတစ်စုရှိနေကြ သည်။ အမျိုးသားခြောက်ဦးသည် နေ့လယ်စာစားရန် ထမင်းဘူး ကိုယ်စီဖြင့်ရှိနေပြီး ခြံဝင်းအပြင် ဘက်ရှိ လူအချို့နှင့် အပြန်အလှန် စကားပြောဆိုနေသည်။

‘‘သတင်းထောက်က သတင်းထောက်အလုပ်လုပ်တာပဲ။ ကျွန် တော်အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် ခံယူထားတာက ငါဟာ Conflict Reporter (ပဋိပက္ခသတင်းများ ရေးသားသော သတင်းထောက်) ပဲ။ တိုက်ပွဲဖြစ်တာတို့၊ အဓိက ရုဏ်းဖြစ်တာတို့ဆိုရင် ရုံးမှာဆို ကျွန်တော်က အဓိကပဲ။ အဲဒီတော့ ကိုယ်လုပ်သင့်တာကို လုပ်တယ်’’

ကိုလိုနီခေတ်က အင်္ဂလိပ်တို့ ရေးဆွဲခဲ့သည့် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ဒီမိုက ရေစီခေတ်တွင် အမှုဖွင့်ဖမ်းဆီးခံ ထားရသည့် ဧရာဝတီသတင်းဌာန မှ အကြီးတန်းသတင်းထောက် လဝီဝမ်က တရားရုံးအပြင်ဘက်ရှိ သူ၏ လုပ်ဖော်ကိုင်ဖက်သတင်း သမားအချို့ကို ပြောပြနေခြင်းဖြစ် သည်။ မွန်တိုင်းရင်းသားတစ်ဦး ဖြစ်သည့် ကိုလဝီဝမ်သည် ဧရာ ဝတီသတင်းဌာနတွင် တာဝန်ထမ်း ဆောင်နေသည်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာမြင့်နေပြီဖြစ်ပြီး ပဋိ ပက္ခနှင့် အဓိကရုဏ်းဖြစ်စဉ်များ ကို အဓိကတာဝန်ယူရေးသားနေ သည့် ဝါရင့်သတင်းထောက်တစ် ဦးလည်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်က ကိုလဝီဝမ်နှင့် ဒီဗီဘီသတင်းဌာန မှ အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ သတင်းထောက် ဦးပြည့်ဘုန်းအောင်တို့သည် ရှမ်း ပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့ နယ်အတွင်း တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ (TNLA)က ပြုလုပ်သည့် မူးယစ်ဆေးဝါးမီးရှို့ ဖျက်ဆီးပွဲသို့ သတင်းသွားယူခဲ့ကြ ပြီး အပြန်လမ်းတွင် တပ်မတော်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ သတင်းထောက်များကို နှစ်ရက်ကြာဖမ်း ဆီးထားခဲ့ပြီးနောက် တပ်မတော်၊ ခြေမြန်တပ်ရင်း (၅၀၃)၊ သီပေါမှ တပ်ရေးဗိုလ်ကြီး၊ ဗိုလ်သက်နိုင်ဦး က တရားလိုပြုလုပ်ကာ မတရား အသင်းအက်ဥပဒေပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့သည်။ လက်ရှိတွင် ကိုလဝီဝမ်အပါအဝင် သတင်းသမားသုံးဦးသည် မတရား အသင်းဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှုဖွင့်ဖမ်းဆီးခံထားရပြီး သီပေါ အကျဉ်းထောင်၌ ထိန်းသိမ်းခံထား ၍ အိမ်ပြန်မရောက်သည်မှာ ရက် ပေါင်း ၆၀ ကျော်ကြာမြင့်ခဲ့ပြီ။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းနေ ချိန်တွင် တပ်မတော်က သတင်း မီဒီယာသမားများကို မတရားအ သင်းဆက်သွယ်မှုဖြင့် စွပ်စွဲကာ ပထမဆုံးအကြိမ် အမှုဖွင့်ဖမ်းဆီး ခဲ့ခြင်းဖြစ်သည်။ ယခင်က တပ် မတော်က သတင်းမီဒီယာသမား များကို ကြီးလေးသည့်ပြစ်ဒဏ် များ ချမှတ်နိုင်သည့် အခြားဥပဒေ ပုဒ်မများဖြင့် အမှုဖွင့်တရားစွဲဆိုမှု များ ရှိခဲ့သော်လည်း မတရားအ သင်းဥပဒေပုဒ်မ ၁၇(၁)ဖြင့် အမှု ဖွင့်တရားစွဲဆိုခြင်းမှာမူ ယခုအ ကြိမ်သည် ပထမဆုံးဖြစ်သည်။

အင်္ဂလိပ်ကိုလိုနီခေတ် ၁၉၀၈ တွင် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၁၉၀၈ မတရားအသင်းအက်ဥပဒေ သည် နှစ်ပေါင်း ၁၀၀ ကျော်ကြာ မြင့်သည့်အချိန်အထိ မြန်မာနိုင်ငံ တွင် အသက်ဝင်နေဆဲဥပဒေတစ် ခုဖြစ်သည်။ အဆိုပါဥပဒေကို မြန်မာနိုင်ငံကို ကျူးကျော်သိမ်း ပိုက်ထားသည့် အင်္ဂလိပ်တို့က သူ တို့ကို တော်လှန်ပုန်ကန်ရန် ကြိုး ပမ်းသည့် မြန်မာနိုင်ငံသားများကို နှိပ်ကွပ်ရန် ရေးဆွဲပြဋ္ဌာန်းခဲ့သည် ဟု မြန်မာနိုင်ငံသားများက မှတ်ယူကြသည်။ သို့သော် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်း စစ်ပါ အမွေရခဲ့သည့် မြန်မာနိုင်ငံ တွင် ခေတ်အဆက်ဆက် အစိုးရ များက အဆိုပါဥပဒေကို ပယ်ဖျက်ခြင်းမပြုဘဲ ကိုင်စွဲအသုံးပြုခဲ့ပြီး ယခုအခါ သတင်းသမားများကိုပါ မတရားအသင်းအက်ဥပဒေဖြင့် အမှုဖွင့်တရားစွဲဆိုလာခြင်းဖြစ် သည်။

ယခုကဲ့သို့ သတင်းထောက် များ မတရားအသင်းအက်ဥပဒေ ဖြင့် အမှုဖွင့်ဖမ်းဆီးခံရခြင်းသည် သတင်းမီဒီယာဥပဒေ၏ အားနည်းချက်ကြောင့်ဖြစ်သလို စာနယ်ဇင်း လုပ်ငန်းများနှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် အမြင့်ဆုံးအဖွဲ့ အစည်းဖြစ်သည့် သတင်းမီဒီယာ ကောင်စီက သတင်းမီဒီယာသမား များအပေါ် အကာအကွယ်ပေးနိုင် မှု အားနည်းခြင်းကြောင့်လည်းဖြစ် ကြောင်း သတင်းစာဆရာအချို့က သုံးသပ်သည်။

‘‘ဒီဖမ်းဆီးမှုဟာ ကျွန်တော် တို့ သတင်းမီဒီယာလောကတစ်ခု လုံးကို ခြိမ်းခြောက်လိုက်တာပဲ’’ဟု Myanmar Now သတင်းဌာန အယ် ဒီတာချုပ် ကိုဆွေဝင်းက ပြောသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး စတင်လုပ် ဆောင်နေချိန်မှ ယနေ့အချိန်ထိ သတင်းမီဒီယာလွတ်လပ်မှု တိုး တက်လာသည်ဟု ခံစားခဲ့ရသမျှ ယခုဖြစ်စဉ်ကြောင့် နောက်ပြန် ဆုတ်သွားသည်ဟု ခံစားရကြောင်း နမ့်ဆန်မြို့နယ်အတွင်း သတင်း ထောက်များ ဖမ်းဆီးအမှုဖွင့်ခံရပြီး တစ်ရက်အကြာ ဇွန်လ ၂၉ ရက် တွင် ကိုဆွေဝင်းက 7Day News အား ပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ သမ္မတ ဦးသိန်းစိန်လက်ထက်တွင် ပြဋ္ဌာန်း ခဲ့သည့် မြန်မာနိုင်ငံ သတင်းမီဒီ ယာဥပဒေအရ သတင်းထောက် များအနေဖြင့် စစ်မက်ဖြစ်ပွားရာ ဒေသများသို့ သွားရောက်သတင်း ယူခွင့်ရှိကြောင်း ပြဋ္ဌာန်းထားသည်။ ထို့အပြင် ငြိမ်းချမ်းရေးဖြစ်စဉ်များ တွင် သတင်းမီဒီယာကို ပေါင်းကူး အဖြစ် အဖွဲ့အစည်းအားလုံးက အသိအမှတ်ပြုထားသော်လည်း သတင်းရယူနိုင်ရန် လက်နက်ကိုင် အဖွဲ့တစ်ခုထံ သွားရောက်ခဲ့သည့် သတင်းထောက်များကို တပ် မတော်က ယခုကဲ့သို့ ဖမ်းဆီးတရားစွဲဆိုမှုသည် သဘောထားမကြီးရာ ကျကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအဖွဲ့ဝင်တစ်ဦး ဖြစ်သလို သတင်းစာပညာသင် တန်းဆရာတစ်ဦးဖြစ်သည့် ဦးမြင့် ကျော်က ပြေသည်။

‘‘ကျွန်တော့်အမြင်မှာတော့ ဒါက လုံးဝမဖမ်းသင့်ဘူး၊ မဖြစ် သင့်ဘူး’’ဟု ဦးမြင့်ကျော်က ပြော သည်။

‘‘ဘယ်သူ့ကိုမှ ကောင်းကျိုး မဖြစ်စေဘူး’’ဟု ၎င်းက ဆက်ပြော သည်။တအာင်း (ပလောင်) လက် နက်ကိုင်အဖွဲ့ (TNLA)သည် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် အခြေ စိုက်လှုပ်ရှားနေပြီး ၂၀၁၂ ဝန်း ကျင်ကစတင်ကာ တပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားနေသည့် လက် နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၆ နှစ်ကုန်တွင် TNLA နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းပါဝင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့နှင့် တပ်မတော်ကြား ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် တိုက်ပွဲ များ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း နှစ် ဖက်ထိခိုက်ကျဆုံးမှု များပြားခဲ့ သလို အရပ်သားအချို့ သေဆုံးမှု များ၊ မြန်မာနိုင်ငံ နယ်စပ်ကုန် သွယ်ရေး၏ အဓိကလမ်းကြောင်း ဖြစ်သည့် မန္တလေး-မူဆယ်နယ် စပ် ကုန်သွယ်ရေးလမ်းကြောင်း ယာယီပြတ်တောက်သည်အထိ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ၂၀၁၆ ဒီဇင်ဘာတွင် TNLA အပါအဝင် လက်နက်ကိုင်အဖွဲ့သုံးဖွဲ့ကို မတရားအသင်းအဖြစ် ရှမ်းပြည် နယ်လွှတ်တော်က သတ်မှတ်ခဲ့ သည်။ သို့သော် ပြည်သူ့လွှတ် တော်တွင် TNLA အပါအဝင် လက်နက်ကိုင်သုံးဖွဲ့ကို မတရားအသင်း အဖြစ် သတ်မှတ်ခဲ့ခြင်းမရှိပေ။

TNLA နှင့် တပ်မတော်ကြား တိုက်ပွဲများ ရပ်တန့်ခြင်းမရှိသေး ဘဲ လက်ရှိအချိန်ထိ မကြာခဏဖြစ် ပွားနေဆဲဖြစ်သလို ပြီးခဲ့သည့်ကာ လတစ်လျှောက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများတွင်လည်း တပ် မတော်က TNLA ကို အသိအမှတ် ပြုခဲ့ခြင်းမရှိဘဲ သောင်းကျန်သူအ ဖြစ်သာ ဆက်တိုက်ခေါ်ဝေါ်သုံးစွဲခဲ့သည်။ ထိုသို့ တပ်မတော်နှင့် TNLA ကြား တင်းမာမှုမြင့်တက်နေချိန် တွင် TNLA က ပြုလုပ်သည့် မူး ယစ်ဆေးဝါးမီးရှို့ဖျက်ဆီးသည့် အခမ်းအနားသို့ သွားရောက် သတင်းယူခဲ့သည့် သတင်းထောက် သုံးဦးကို မတရားအသင်းနှင့် ဆက်သွယ်သည်ဟုဆိုကာ ဖမ်းဆီးခဲ့ ခြင်းဖြစ်၏။

၎င်းတို့ကို ဖမ်းဆီးခဲ့ခြင်းနှင့် ပတ်သက်၍ အကြမ်းဖက်သောင်း ကျန်းသူအဖွဲ့နှင့် ဆက်သွယ် ဆောင်ရွက်ခဲ့သူများကို ဖမ်းဆီး ထားသည်ဟု တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်ရုံးက ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။ နောက်ပိုင်းတွင် မည်သည့်အချက်အ လက်မျှ ထုတ်ပြန်ခြင်းမရှိပေ။

သတင်းသမားများအား မတရားအသင်းဥပဒေဖြင့် သီပေါတရားရုံးသို့ တရားစွဲဆိုရာတွင် တပ်မတော်ကိုယ်စားအနေဖြင့် မဟုတ်ဘဲ ခြေမြန်တပ်ရင်း (၅၀၃)၊ သီပေါမှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦးက တစ်ဦးတည်းအနေဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခြင်းဖြစ်သည်ဟု သီပေါမြို့ နယ်တရားသူကြီးက ပြောကြား သည်။

ဩဂုတ် ၁၈ ရက်က သီပေါ မြို့နယ်တရားရုံးအတွင်း အမှုစစ် ဆေးရာတွင် တရားလိုပြသက် သေအဖြစ် လာရောက်ထွက်ဆိုခဲ့ သည့် ခမရ (၅၀၆)မှ ဗိုလ်မှူး မြတ်မော်အောင်ကို တရားရုံးမှ အထွက်တွင် သတင်းသမားများ အား မတရားအသင်းအက်ဥပဒေ ဖြင့် ဖမ်းဆီးအှုဖွင့်ထားခြင်းနှင့်ပတ် သက်၍ တစ်စုံတစ်ခု မေးမြန်းရန် ကြိုးစားခဲ့ရာ ၎င်းက မည်သို့မှ တုံ့ ပြန်ပြောကြားခြင်းမပြုဘဲ လက် ကာပြခဲ့သည်။ သတင်းသမားများ ကို ဗိုလ်မှူးမြတ်မော်အောင်ကဦးဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်သည် ဟု ဖမ်းဆီးခံသတင်းထောက်များ က ပြောသည်။

(TNLA) က ၎င်းတို့ထံ လာ ရောက်သတင်းယူသည့် သတင်းထောက်များအား အပြန်လမ်းတွင် တပ်မတော်မှ ဖမ်းဆီးခဲ့ခြင်းကို ကန့်ကွက်ရှုတ်ချကြောင်း ဇွန်လ၂၇ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာ ခဲ့သည်။ ထိုသို့ ဖမ်းဆီးခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်ကို ကန့်သတ်ချုပ်ချယ်ခြင်းဖြစ်ကြောင်းနှင့် အမြန်ဆုံးလွတ်မြောက်ရန် သတင်းမီဒီယာအဖွဲ့များနှင့် လူ့အခွင့်အရေးအဖွဲ့များက ဝိုင်းဝန်းကြိုးစားပေးရန် တိုက်တွန်းကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

မတရားအသင်းအက်ဥပဒေ သည် နိုင်ငံတော်အစိုးရက မတရားအသင်းအဖြစ် သတ်မှတ်ထား သည့် လက်နက်ကိုင်အဖွဲ့အစည်း ကို လက်နက်ထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာထောက်ပံ့ခြင်းနှင့် တပ်သားအင်အားစုဆောင်းပေး ခြင်း စသည့်ဆက်သွယ်ကူညီသူကို အပြစ်ပေးအရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားပြီး မတရားအသင်း အက်ဥပဒေပုဒ်မ ၁၇(၁)ကို ကျူး လွန်ကြောင်း ပြစ်မှုထင်ရှားလျှင် ၂ နှစ်ထက်မနည်းသော၊ သုံးနှစ်ထက်မပိုသော ထောင်ဒဏ်နှင့်အ တူ ငွေဒဏ်ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

သတင်းစာပညာအရ သတင်းထောက်များသည် သတင်းရင်း မြစ်များကို ထိတွေ့ဆက်ဆံရန်လို အပ်ပြီး တပ်မတော်နှင့် တိုက်ပွဲဖြစ် ပွားနေသည့် လက်နက်ကိုင်အဖွဲ့ ထံ သွားရောက်၍ ဖမ်းဆီးသည်ဆို ခြင်းသည် မဖြစ်သင့်ကြောင်းမြန်မာဂျာနယ်လစ်ကွန်ရက်၏ အ တွင်းရေးမှူး၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီအဖွဲ့ဝင်လည်း ဖြစ်သူ ဦးဇေယျာလှိုင်က ပြော သည်။

‘‘သတင်းစာဆရာတွေက သတင်းစာကျင့်ဝတ်အရ၊ သတင်း စာဆရာတစ်ယောက်ရဲ့ ပရော် ဖက်ရှင်နယ်အရ သူ့သတင်းရင်း မြစ်ရှိတဲ့နေရာကို သွားတယ်။ သတင်းထောက်လှမ်းမေးမြန်း တယ်။ ပြည်သူလူထုကို တင်ပြ တယ်။ အဲဒီအလုပ်ကို ဆောင်ရွက် တယ်။ အဲဒီလိုဆောင်ရွက်တဲ့အ ပေါ်မှာ ဒီအဖွဲ့အစည်းကတော့ ဥပဒေအရ ထုတ်ပြန်ထားတဲ့ မတရားအသင်းဆိုပြီး အဓိပ္ပာယ် ဖွင့်ပြီး ဖမ်းဆီးတာကတော့ မဖြစ် သင့်ဘူးလို့ ကျွန်တော်မြင်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာတစ်နိုင်ငံလုံးမှာ တိုင်းရင်းသားဒေသတွေမှာ ဘာတွေဖြစ်နေတယ်၊ ဘယ်နေရာ မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အားလုံးသိဖို့လိုတယ်။ အဲဒီလိုသိ နိုင်ဖို့အတွက် သတင်းစာဆရာ တွေရဲ့ တာဝန်ဖြစ်တယ်။ အခုလို ဖမ်းတာကတော့ စဖမ်းကတည်း ကိုက မဖြစ်သင့်တဲ့ကိစ္စလို့ မြင်ပါ တယ်’’ဟု ဦးဇေယျာလှိုင်က ပြော သည်။

တပ်မတော်က သတင်း ထောက်သုံးဦးကို မတရားအသင်း ဆက်သွယ်သည်ဟုဆိုကာ ဖမ်း ဆီးတရားစွဲဆိုခြင်းသည် TNLA အပါအဝင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့်ပတ် သက်သည့် သတင်းဖော်ပြနေခြင်း များကို မကြိုက်နှစ်သက်ကြောင်း သတိပေးခြင်းဖြစ်နိုင်သည်ဟု ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်း အယ်ဒီတာ ဦးကျော်စွာမိုးက ပြော သည်။

‘‘ဒီလိုကိစ္စမျိုးတွေကို Report လုပ်တယ်။ Cover လုပ်တယ်ဆို ရင် သတိထားကြဆိုတဲ့ Message။သတင်းစကားပေါ့ဗျ။ ဒါတွေကို ပေးတယ်လို့ ကျွန်တော်တို့က တော့ ခံစားရတယ်။ သဘောက ဒီနယ်ဘက်တွေကိုသွားပြီးတော့ တိုက်ပွဲသတင်းတွေ၊ ပဋိပက္ခ သတင်းတွေကို ရေးနေခဲ့ကြတာ ပြီးခဲ့တဲ့ လေး၊ ငါး၊ ခြောက်နှစ် တောက်လျှောက်ပဲရေးခဲ့ကြတာ။ ဒါပေမဲ့ အခုတော့ ဒီသုံးယောက်ကို အဖမ်းပြလိုက်တာပေါ့ဗျာ။ အဲဒီတော့ ကျန်တဲ့သူတွေအတွက်ကို ပါ သတိပေးတဲ့ Message လို့ကျွန်တော်တို့ကတော့ ယူဆတယ်။တကယ်လို့သာ ၁၇(၁)နဲ့ဖမ်းရင်သတင်းထောက်တွေ အများကြီးအဖမ်းခံရမယ်’’ဟု ဦးကျော်စွာမိုးက မှတ်ချက်ပြုသည်။

တိုင်းရင်းသားဒေသများသို့ သွားရောက်သတင်းရယူသည့် သတင်းသမားများကို ဖမ်းဆီး တရားစွဲဆိုလိုက်ခြင်းကြောင့် ပြည် တွင်းငြိမ်းချမ်းဖြစ်စဉ်အပေါ် ရိုက် ခတ်မှုများရှိစေနိုင်သလို ပြည်တွင်း သတင်းမီဒီယာလွတ်လပ်မှုအပေါ် တွင်လည်း မေးခွန်းထုတ်စရာဖြစ် လာသည်ဟု သတင်းစာဆရာများ က ပြောသည်။

‘‘တကယ့်အစစ်အမှန်ကို မရနိုင်ရင်၊ သတင်းအချက်အလက် မှန်ကိုမရရင် ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် နားလည်မှုရဖို့ ပိုခက်ခဲစေ နိုင်တယ်။ Peace Process ဆို တာက နဂိုကတည်းက ရှုပ်ထွေး ပြီး နက်နဲတဲ့အတွက် သတင်းအ ချက်အလက်မှန်တွေမရရင် နား လည်မှု၊ ယုံကြည်မှုတွေ လျှော့ သွားစေနိုင်တယ်။ အဲဒါဆိုရင် ငြိမ်း ချမ်းရေးဖြစ်စဉ်အတွက် မကောင်းဘူးပေါ့’’ဟု ဦးကျော်စွာမိုးက ဆက်လက်ပြောသည်။

တပ်မတော်က သတင်း ထောက်များကို မတရားအသင်း ဥပဒေဖြင့် ဖမ်းဆီးအမှုဖွင့်ခဲ့ပြီး နောက်ပိုင်း ပြည်တွင်းသတင်းမီဒီ ယာများတွင် TNLA နှင့်ပတ်သက် သည့် သတင်းဖော်ပြမှုများ၊ TNLA နှင့်ချိတ်ဆက်၍ သတင်းရယူနေမှု များ သိသိသာသာလျှော့နည်းသွား သည်ဟု မြန်မာနိုင်ငံ သတင်းမီဒီ ယာကောင်စီအဖွဲ့ဝင် ဦးမြင့်ကျော် က ပြောသည်။

‘‘အပစ်ရပ်လက်မှတ်မထိုး ထားတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းတွေဆီကို သွား ဖို့ဆိုတာတော့ အားလုံးလည်း တွန့်သွားပြီ။ အဲဒါက အကျိုးသက်ရောက်မှုပဲလို့ မြင်တယ်’’ဟု ဦးမြင့် ကျော်က ဆိုသည်။

လက်ရှိတွင် သီပေါအကျဉ်း ထောင်အတွင်း ဖမ်းဆီးထိန်းသိမ်း ခံထားရပြီး မတရားအသင်းဥပဒေ ဖြင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများအတွက် အာမခံရရန် နှစ်ကြိမ်တိုင်တိုင် လျှောက် ထားခဲ့သော်လည်း သီပေါမြို့နယ် တရားသူကြီးက ပယ်ချထားပြီး တတိယအကြိမ် အာမခံကို ဩဂုတ်၂၅ ရက်က လျှောက်ထားခဲ့ကာ   စက်တင်ဘာ ၁ ရက်တွင် ပေး၊မပေး ဆုံးဖြတ်မည်ဖြစ်သည်။ အဆိုပါအမှုကို အပတ်စဉ် သောကြာနေ့တိုင်းတွင် ရုံးချိန်းစစ်ဆေးလျက်ရှိသည်။

လက်ရှိတွင် တရားလိုပြ သက်သေကိုးဦးအနက် နှစ်ဦးကို စစ်ဆေးပြီးစီးနေပြီး အမှုကို အမြန်ဆုံးနှင့် အမှန်ကန်ဆုံးဖြစ်အောင် စစ်ဆေးနေသည်ဟု သီပေါမြို့နယ် တရားသူကြီးက ပြောသည်။

TNLA က ပြုလုပ်သည့် မူး ယစ်ဆေးဝါးမီးရှို့ဖျက်ဆီးပွဲမှအ ပြန် ဖမ်းဆီးခံထားရသူများတွင် သတင်းသမားသုံးဦးနှင့်အတူ ကား သမားနှစ်ဦးနှင့် တီးဝိုင်းဆရာတစ် ဦးတို့လည်း ပါဝင်သည်။ အသက် (၃၀) ဝန်းကျင်အရွယ် တီးဝိုင်း ဆရာ မိုင်းထွန်းအေး၏ ဖခင် (၆၀)ကျော်အရွယ် ဦးမောင်ဌေးက မိသားစုတွင် အဓိကအားကိုးနေရသည့် သားဖြစ်သူ ဖမ်းဆီးခံထားရ ၍ အားကိုးမရှိတော့ဘဲ မိသားစုစားဝတ်နေရေး အခက်တွေ့နေရသည် ဟု ရင်ဖွင့်သည်။

ဖမ်းဆီးခံသတင်းထောက် ကိုလဝီဝမ်က ပြည်သူလူထုမဲပေး ရွေးချယ်မှုဖြင့် အာဏာရလာသည့် NLD လွှတ်တော်ကိုယ်စားလှယ် များနှင့် NLD အစိုးရအနေဖြင့် ခေတ်စနစ်နှင့် ကိုက်ညီမှုမရှိတော့ သည့် မတရားအသင်းအက်ဥပဒေ အပါအဝင် ပြည်သူလူထုအပေါ် ဒုက္ခပေးနေသည့်ဥပဒေကို ပယ် ဖျက်ပေးစေလိုသည်ဟု ပြော သည်။

‘‘NLD အစိုးရ၊ ပြည်သူတွေ က မဲပေးပြီးတော့ တက်လာတဲ့ အစိုးရက ဒီဟာကို ရှေ့ဆက်ဘယ် လိုလုပ်ကြမလဲ စဉ်းစားပေးကြပါ။ ပြည်သူတွေလည်း တော်တော် ဒုက္ခရောက်နေကြပြီ။ ဒီဥပဒေတစ် ခုကြောင့် ဒါကို ပြင်မလား၊ ဖျက် မလား ကျွန်တော်တို့ ကြားချင် တယ်’’ဟု ကိုလဝီဝမ်က တရားရုံး အချုပ်ခန်းအတွင်းမှ ပြောသည်။

ဖမ်းဆီးချုပ်နှောင်ခံထားရ၍ ခက်ခဲသည့်နေ့ရက်များကို ဖြတ် သန်းနေရသော်လည်း အချင်းချင်း အားပေးကာ အကောင်းဆုံးရင် ဆိုင်နေသည်ဟု သီပေါအကျဉ်း ထောင်တွင် ထိန်းသိမ်းခံထားရ သည့် သတင်းထောက်သုံးဦးက ပြောသည်။ သူတို့ဖမ်းဆီးခံရမှုအ ပေါ် အကြောင်းပြုကာ ကောင်းမွန် သည့်စနစ်တစ်ခုသို့ ပြောင်းလဲ သွားစေလိုသည်ဟု ဒီဗီဘီသတင်း ဌာနမှ ဦးအေးနိုင်က သူ၏မျှော် လင့်ချက်ကို ပြောသည်။

‘‘ကျွန်တော့်လို Conflict Reporter တွေ၊ အဓိကရုဏ်း သတင်းတွေကို ရေးနေတဲ့သတင်း ထောက်တွေကို ပြောချင်တယ်။ မကြောက်ပါနဲ့’’ဟု ကိုလဝီဝမ်က ပြောသည်။

7Day News Journal

နယ်စပ်ရှိ ရှမ်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ဆက်လက် ထောက်ပံ့ပေးရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို

နယ်စပ်ရှိ ရှမ်းဒုက္ခသည်များအတွက် စားနပ်ရိက္ခာများ ဆက်လက် ထောက်ပံ့ပေးရန် ရှမ်းအဖွဲ့အစည်းများ တောင်းဆို

ရှမ်းပြည်နယ်နှင့် ထိုင်း-မြန်မာနယ်စပ်များရှိ ဒုက္ခသည်များနှင့် ပြည်တွင်းမှ နေရပ်စွန့်ခွာလာသည့် ပြည်သူ  ၆၂၀၀ ကျော်အတွက် စားနပ်ရိက္ခာများထောက်ပံ့ပေးရန် ရှမ်းပြည်ဒုက္ခသည်များကော်မတီနှင့် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သြဂုတ်လ ၃၀ ရက်နေ့တွင်  ထိုင်းနိုင်ငံ ချင်းမိုင် တက္ကသိုလ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ တောင်းဆိုလိုက်သည်။

အခြေခံ စားနပ်ရိက္ခာ ဆန်၊ ဆီ၊ ဆားများ ထောက်ပံ့ပေးနေသော နယ်စပ်တလျှောက် ကယ်ဆယ်စောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBC)က လာမည့် စက်တင်ဘာလမှစတင်၍ စားနပ်ရိက္ခာများ ရပ်ဆိုင်းတော့မည်ဖြစ်၍ ဆက်လက် ကူညီထောက်ပံ့ပေးရန် နိုင်ငံတကာအဖွဲ့အစည်းများအား တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

“TBC က ၂၀၀၂ ခုနှစ်ကတည်းကနေ အကူအညီပေးခဲ့တာ ရှမ်းအိုင်ဒီပီတွေရော၊ ထိုင်းဘက်မှာရှိတဲ့ ကုန်းကျော်စခန်းက ဒုက္ခသည်တွေကိုရော ပေးနေတာ အခုက စက်တင်ဘာလကနေ ဖြတ်လိုက်တော့ သူတို့ မဖြတ်ခင်မှာ ကျနော်တို့က အခက်အခဲ အများကြီး ရှိတယ်။ တချို့ စခန်းတွေဆို ရှာစားလို့ရတဲ့ စိုက်ပျိုးဖို့လည်း တောင်တွေ အရမ်းမြင့်တော့ ဘာမှ စိုက်ပျိုးလို့ မရဘူး။ စပါးတွေ စိုက်လို့မရဘူး”ဟု ကုန်းကျော် ဒုက္ခသည်စခန်းမှ လုံးစိုင်းလင်းက မဇ္စျိမကို ပြောသည်။

ကုန်းကျော် ဒုက္ခသည်စခန်းသည် ၁၆ နှစ်ခန့် ကြာမြင့်ခဲ့ပြီး လက်ရှိ အခြေအနေတွင် နေရပ်ပြန်၍ မဖြစ်နိုင်သေးသဖြင့် စားနပ်ရိက္ခာများ ဆက်လက် ကူညီပေးကြရန် ယနေ့ သတင်းစာရှင်းလင်းပွဲတွင် အဓိကထားရှင်းပြခဲ့ကြသည်။

အဆိုပါ ဒုက္ခသည်များ နေထိုင်သော ဒုက္ခသည်စခန်းများတွင် တောင်ပေါ်တွင် တည်ရှိ၍ သီးနှံများ စိုက်ပျိုး စားသောက်ရန် ခက်ခဲခြင်းကြောင့် နိုင်ငံတကာ အဖွဲ့အစည်းများမှ ထောက်ပံ့သော ဆန်၊ ဆီ၊ ဆားများဖြင့် နေထိုင်လျက်ရှိသည်ဟု သိရသည်။

၁၉၉၉ ခုနှစ်ကတည်းက တည်ရှိသော ကောင်းမုန်မုန်း၊ လွိုင်တိုင်းလျှန်၊ လွိုင်လမ်၊ ကုန်းကျော်၊ လွိုင်ဆမ်ဆစ်၊ လွိုင်ကော်ဝမ်း စသည့် ဒုက္ခသည်စခန်း ၆ ခု ရှိပြီး အများအားဖြင့် အမျိုးသမီးနှင့် ကလေးများ ဖြစ်သည်ဟု သိရသည်။


Mizzima

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေကို ဒေသခံများကန့်ကွက်

အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေကို ဒေသခံများကန့်ကွက်

သြဂုတ်လ ၃ ရက်က အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည့် ကျောက်မျက်ဥပဒေပါအချက်အချို့သည် ဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်းကို ဦးစားမပေးခြင်းကြောင့် ၎င်းဥပဒေကို မိုးကုတ်မြို့ဒေသခံများက ကန့်ကွက်လျှက်ရှိကြောင်းသိရသည်။

ထိုသို့ကန့်ကွက်ခံနေရခြင်းသည် ၎င်းဥပဒေကြမ်းရေးဆွဲခဲ့စဉ်က ဒေသခံများဖြင့် ခြေခြေမြစ်မြစ် တွေ့ဆုံခဲ့ခြင်းမရှိသောကြောင့် ကန့်ကွက်မှုများ ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမျိုးသစ်ကပြောသည်။

"ဒီဥပဒေသည် မိုးကုတ်နဲ့လုံးဝသက်ဆိုင်တယ်။ ဒီကဥပဒေကြမ်းရေးတဲ့သူတွေက မိုးကုတ်ကဒေသခံနဲ့ ဘယ်နှစ်ယောက်များဆွေးနွေးခဲ့လဲပြန်ကြည့်ပါ။ ဥပဒေရဲ့ ရည်ရွယ်ချက်ကိုက ဒေသခံတွေ စားသောက်လုပ်ကိုင်ခွင့်ဆိုတာ အခွင့်အလန်းဆိုတာ ဘာမှမပါဘူး"ဟု ဝန်ကြီးဦးမျိုးသစ်ကပြောသည်။

ဆက်လက်၍ ဦးမျိုးသစ်က "ဒေသခံတွေမကြိုက်တဲ့ဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တယ်။သူတို့မကြိုက်ဘူး။ဒေသခံဆိုတာ အဲဒီထဲမယ် အခန်း (၅)၊ပုဒ်မ ၁၀ထဲမှာ ဒေသခံက တတိယဆိုတော့ဒါလေးတွေက အများကြီးစဉ်းစားသင့်တာပေါ့။ဥပဒေက ပြဋ္ဌာန်းပြီးရင် ခဏခဏပြင်လို့မကောင်းဘူးဗျ။

ဥပဒေလုပ်မယ်ဆိုလို့ရှိရင် အခြေအမြစ်ကျကျလေ့လာဖို့လိုပါတယ်" ဟုပြောသည်။

အဆိုပါအတည်ပြုလိုက်သည့် ကျောက်မျက်ဥပဒေထဲမှ အခန်း(၅)၊ပုဒ်မ ၁၀ (က)တွင် အလတ်စားတူးဖော်ထုတ်လုပ်ခြင်း လုပ်ကိုင်ခွင့်ပြုမည့် ကျောက်မျက်ရတနာလုပ်ကွက် တစ်ခုခြင်းအတွက်   နေရာပေါ်မူတည်၍ သင့်လျော်သော အတည်ပြုဈေးနှုန်းကို သတ်မှတ်ပေးရမည်။အကယ်၍လုပ်ကွက်တစ်ခုအတွက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းခြင်းများပေါ်ပေါက်လာပါက လိုအပ်သောရွေးချယ်မှု စည်းကမ်းချက်များကို သတ်မှတ်ပေးရမည်။ရွေးချယ်မှုစည်းကမ်းများနှင့်ညီညွှတ်သူ နှစ်ဦးအထက် ယှဉ်ပြိုင်အဆိုပြုလွှာ တင်သွင်းလာသည့်အခါ လွန်ခဲ့သော တူးဖော်ထုတ်လုပ်သည့်ကာလက   ဆောင်ရွက်မှုသာလွန်သော  ခွင့်ပြုမိန့်ရရှိသူကို ပထမဦးစားပေးအဖြစ်လည်ကောင်း၊အထက်ဖော်ပြပါ ပထမဦးစားပေးအချင်းချင်း တူညီနေပါက လက်ရှိ၊လက်ငုတ် တူးဖော် ထုတ်လုပ်ခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူတွေကို ဒုတိယ ဦးစားပေးအဖြစ်လည်းကောင်း၊ဒေသခံကို တတိယဦးစားပေးအဖြစ် လည်းကောင်း အကယ်၍ အထက်ဖော်ပြပါ ဦးစားပေးအချက်များ တူညီနေပါက ဈေးပြိုင်စနစ်ဖြင့် ပွင့်လင်းမြင်သာစွာရွေးချယ်ရမည် စသည်ဖြင့်ပါရှိသည်။

ထိုအထဲမှ ဒေသခံများကို တတိယဦးစားပေးအဖြစ်ထည့်သွင်းထားခြင်းကြောင့် ကျောက်မျက်ဥပဒေကို မိုးကုတ်ဒေသခံများက သြဂုတ်လ ၁၅ ရက်မှစတင်၍ လက်မှတ်များကောက်ခံပြီး ကန့်ကွက်မှုများပြုလုပ်နေခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဥပဒေကြမ်းထွက်လာခဲ့စဉ်ကပင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးမျိုးသစ်က အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီသို့ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလန်းများထည့်သွင်းပေးရန် စာပို့တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း ဝန်ကြီးကဆိုသည်။


Mizzima

ဟောင်းနွမ်းငွေစက္ကူများကို ဗုဒ္ဓဟူးနေ့တိုင်း ဘဏ်များတွင် လဲလှယ်နိုင်

ဟောင်းနွမ်းငွေစက္ကူများကို ဗုဒ္ဓဟူးနေ့တိုင်း ဘဏ်များတွင် လဲလှယ်နိုင်

ဟောင်းနွမ်းစုတ်​ပြဲ​နေသည့်​ ​ငွေစက္ကူများကို ​ငွေစက္ကူအသစ်​များဖြင့်​ နိုင်​ငံပိုင်​နှင့်​ ပုဂ္ဂလိက​ဘဏ်​များတွင်​ ဗုဒ္ဓဟူး​နေ့တိုင်း မည်​သူမဆို လဲလှယ်​နိုင်​ရန်​စီစဉ်​​ပေးသွားမည်​ဖြစ်​​ကြောင်း မြန်​မာနိုင်​ငံ​တော်​ဗဟိုဘဏ်​၏ ညွှန်​ကြားချက်​အရသိရသည်​။

ဟောင်းနွမ်းစုတ်​ပြဲ​ချွတ်​ယွင်း​နေသည့်​ ​ငွေစက္ကူများကို သတ်​မှတ်​စည်းမျဉ်းစည်းကမ်းများနှင့်​ ညီညွှတ်​လျှင်​ ဘဏ်​များက လက်​ခံလဲလှယ်​​​ပေးရန်​ ရည်​ညွှန်းချက်​ပါစာများဖြင့်​ ညွှန်​ကြားထား​သည့် ​ငွေ​ကြေးညွှန်​ကြားလွှာအမှတ်​ ၃/၂၀၀၇၊၂၀၀၈ ကို သြဂုတ်​၂၉ရက်​​နေ့က ထုတ်​ပြန်​ထားသည်​။

"ဘဏ်​တိုင်းမှာလဲ​ပေးတယ်​ဆိုတာက သူတို့အ​ပြောပဲရှိတယ်​​လေ ဘဏ်​တိုင်းက​တော့ အထိုက်​အ​လျောက်​​တော့ လဲ​ပေး​နေတာပဲ​လေ ခုန​ပြောသလို​တော့ အဓိက က မြန်​မာ့စီးပွား​ရေးဘဏ်က လဲဖို့​ကောင်​တာ​လေး​တွေထား​ပေးထားတယ်​​လေ၊...အဲဒီလိုမျိုး (ဘဏ်​အားလုံးမှာ​ငွေစက္ကူအပြဲ​တွေလဲ​ပေးတယ်​)​ ပြောထားတာ​တော့မသိ​သေးဘူး ပြန်​​မေးကြည့်​ရဦးမယ်​"ဟု က​မ္ဘောဇဘဏ်​မှ အကြီးတန်းအရာရှိ ဦးသန်းလွင်​က​ပြောသည်​။

မြန်​မာနိုင်​ငံ​တော်​ဗဟိုဘဏ်​မှ ပြည်​သူများအတွက်​ သစ်​လွင်​သန့်​ရှင်းသည့်​​ ငွေစက္ကူများ ကိုင်​​ဆောင်​သုံးဆွဲနိုင်​ရန်​အတွက်​ မူဝါဒချမှတ်​လုပ်​​ဆောင်​လျက်​ ရှိသည်​။

သို့​သော်​ "ဘဏ်​များမှ​ ဟောင်းနွမ်း​ငွေစက္ကူလဲလှယ် ​​ပြန်​လည်​အပ်​နှံသည့်​ ပမာဏမှာ များစွာနည်းပါးလျက်​ရှိကို​တွေ့ရသည်​"ဟု ညွှန်​ကြားချက်​တွင်​ ပါရှိသည်​။

Mizzima

နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားများ ဆက်လက်ရပ်တည်နိုင်ရေး အဆို အမျိုးသားလွှတ်တော်တွင် အတည်ပြု

နေရပ်စွန့်ခွာ ရခိုင်တိုင်းရင်းသားများ ဆက်လက်ရပ်တည်နိုင်ရေး အဆို အမျိုးသားလွှတ်တော်တွင် အတည်ပြု

မောင်တော၊ ဘူးသီးတောင်နင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေး အတွက် အရေးတယူ ဆောင်ရွက်ပေးရန်   ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ယနေ့ သြဂုတ်လ ၃၀ရက်နေ့တွင် အမျိုးသားလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အထက်ပါ အဆိုကို ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က သြဂုတ်လ ၉ ရက်နေ့ တင်သွင်းခဲ့ခြင်းပြီး ယနေ့အပြီးသတ် အထိ ကိုယ်စားလှယ် ၂၃ ဦးက ၀င်ရောက်ဆွေးနွေးခဲ့သည်။

ယနေ့ ကိုယ်စားလှယ်များ ဆွေးနွေးမှု အပြီးသတ်တွင် ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီးက " ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်အောင်စိုးက ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဘူးသီးတောင်မြိုနယ် ရသေ့တောင်မြို့နယ်များတွင် ဒေသလုံခြုံရေးနှင့် တည်ငြိမ် အေးချမ်းရေး အတွက် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့က လုံခြုံရေးအင်အား တိုးမြှင့်ထားပြီး၊ ဒေသခံ တိုင်းရင်းသားများ ကျေးရွာများ  ဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆက်လက်ရပ်တည်နိုင်ရေးကို ပြည်ထောင်စုဝန်ကြီးများနှင့် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ဆောင်ရွက်နေသည် '' ဟု ပြောသည်။

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်အောင် ရေရှည်အစီမံများဖြင့် ဆောင်ရွက်နေပြီး၊ ဒေသတွင်း လက်ရှိ အခြေအနေများအရ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် စစ်တွေခရိုင်နှင့် မောင်တောခရိုင်အတွင်းရှိ  ဆက်စပ်လမ်းတံတားများ၊ မေယုတောင်ကြောကို အရှေ့အနောက်ဆက်သွယ်ထားသည့် တောင်ကြောလမ်းပိုင်းများ ကို ဦးစားပေးလုပ်ဆောင်နေပြီး ၊ မီးမရရှိသေးသည့် မြို့ရွာများကို နိုင်ငံတော် လျှပ်စစ် ဓာတ်အားပေးစနစ်မှ ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။

ထို့နောက် ၎င်းအဆိုကို လွှတ်တော်ကသဘောတူ၊ မတူ အဆုံးအဖြတ်ရယူနိုင်ရန် စက်ခလုတ်အသုံးပြု၍ လျှို့ဝှက် ဆန္ဒပြု သည့် နည်းလမ်းဖြင့် မဲခွဲခဲ့ရာ ဆန္ဒမဲ ပေးခွင့်ရှိသူ ၁၉၇ ဦး အနက် ထောက်ခံမဲ ၁၈၇မဲ၊ ကန့်ကွက်မဲ ၁မဲ၊ ကြားနေမဲ ၃မဲ ဖြင့် ဦးခင်မောင်လတ် ၏ အဆိုကို အတည်ပြုခဲ့ပါသည်။

Mizzima

မဇ္စျိမသတင်းသတင်းထောက် အပါအ၀င် ၇ ဦး ၆၆ (ဃ) ဖြင့်တရားစွဲခံရ

မဇ္စျိမသတင်းသတင်းထောက် အပါအ၀င် ၇ ဦး ၆၆ (ဃ) ဖြင့်တရားစွဲခံရ

မကွေးတိုင်း အောင်လံမြို့နယ်၊ ငလောက်ကျေးရွာ အလယ်တန်းကျောင်းအုပ်က မဇ္စျိမသတင်းထောက်တစ်ဦး၊ အခြားနယ်သတင်းထောက်တစ်ဦး အပါအ၀င်  ၇ ဦးကို ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း အောင်လံမြို့နယ်မှ ရဲအုပ်သန်းဆွေထွန်းက မဇ္စျိမသို့ အတည်ပြုပြောသည်။

ငလောက်ကျေးရွာအလယ်တန်းကျောင်း နှင့် ပတ်သက်ပြီး ၂၀၁၆ခုနှစ် နိုဝင်ဘာလအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်သည့် ဒေသခံငါးဦးနှင့် သတင်းထောက် ၂ဦးကို အမှုဖွင့် ထားခြင်းဖြစ်သည်။

လတ်တလောတွင် အောင်လံဒေသခံနှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းလည်း အောင်လံမြို့နယ် ရဲစခန်းမှ အတည်ပြုသည်။

" သတင်းစာရှင်းလင်းပွဲလုပ်တဲ့ အောင်လံမြို့က ၅ ယောက်ကိုတိုင်တာ၊ အဲ့ဒီ ၅ယောက်နဲ့ ပူးပေါင်းပါဝင်သူကို ၆၆ နဲ့ အရေးယူပေးပါဆိုပြီး၊ မြို့နယ် ဥပဒေရုံးက ပြန်ကျလာတော့ သတင်းထောက်တွေပါ လာတာ။ အဲ့တာရှေ့နေချုပ်ရုံးကလည်း ကျလာပြီ " ဟု ရဲအုပ်သန်းဆွေထွန်းက ပြောသည်။

မဇ္စျိမသတင်းထောက်နိုင်ကျော်စွာမျိုး က ဆက်သွယ်ရေးကွန်ယက် (Facebook) ကိုအသုံးပြုကာ" ဒေါင်းလူ "  အမည်ရှိအကောင့်မှ  ရုပ်သံသတင်းဖိုင် တစ်ခုကို ထပ်ဆင့်ဖြန့်ဝေ (Share) ခဲ့ခြင်းကြောင့် ဂုဏ်သိက္ခာ ထိခိုက်စေသည်ဟုဆိုကာ ငလောက်ကျေးရွာအလယ်တန်းကျောင်းအုပ်က၆၆ (ဃ) ဖြင့်အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကွေးတိုင်းအောင်လံမြို့နယ်၊ ငလောက်ကျေးရွာအလယ်တန်းကျောင်းနှင့် ပတ်သက်ပြီး"ပြင်ပမှ လက်ထောက်ဆရာမငှားသင်ကြားပြီး ငွေကောက်ခံသောကြောင့် တချို့မိဘများက ၁၀၀ကို ၂၀တိုးနှင့် ငွေတိုးချည်းပြီး ကျောင်းထားနေရသည် " ဟု အောင်လံဒေသခံတချို့၏ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

အဆိုပါ သတင်းကို နိုင်ကျော်စွာမျိုး(ခ)ဒေါင်းလူကရေးသားရိုက်ကူးခဲ့ပြီး မဇ္ဈိမသတင်းဌာနတွင် ဖေါ်ပြခဲ့သည်။ အဆိုပါ သတင်းကို နိုင်ကျော်စွာမျိုး(ခ)ဒေါင်းလူက လူမှုကွန်ယက်စာမျက်နှာမှ တဆင့် ငွေတိုးချေးပြီး ကျောင်းထားနေရသတဲ့ ဟု ထပ်ဆင့်ရေးသားကာပြန် လည်မျှဝေခဲ့ခြင်းအပေါ် အမှုဖွင့်ခံရခြင်း ဖြစ်သည်။

Mizzima

မြန်မာနိုင်ငံက လာဘ်ပေးလာဘ်ယူမှု အခြေအနေ

မြန်မာနိုင်ငံက လာဘ်ပေးလာဘ်ယူမှု အခြေအနေ


အများပြည်သူတို့၏ အကျိုးနှင့်မှန်ကန်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်ရန် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အရပ်သားအစိုးရသည် မြန်မာနိုင်ငံမှာ အကျင့်ပျက်ခြစားမှု ကို နှိမ်နင်းရန် အလေးပေးကြိုး ပမ်းနေသည်။

၂၀၁၆ မှာ သူတို့အစိုးရတာဝန်ယူကတည်းက ရက်ပိုင်းအတွင်းမှာ အစိုးရတာဝန်ယူသူများ တန်ဖိုးကြီးလက်ဆောင်များ လက်ခံနေခြင်းကို ပိတ်ပင်သည့် စည်းမျဉ်းများကို သူက ထုတ်ပြန်ခဲ့သည်။ ထို့နောက် သူတို့အစိုးရအဖွဲ့ကို ပိုပြီးထိရောက်အကျိုးဖြစ်လာရန် တိုင်းပြည်၏ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဥပဒေကို ပြင်ဆင်ခဲ့သည်။ သို့သော်လည်းတိုးတက်မှုက နှေးကွေးနေဆဲဖြစ်သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး အစိုးရမဟုတ်သောအ ဖွဲ့အစည်း Transparency Inter-national (TI)က ၂၀၁၇ မတ်လမှာ သုတေသနစာတမ်းတစ်စောင်ထုတ်ပြန်ခဲ့ပြီး မြန်မာမှာ ရင်ဆိုင်နေရသည့် အကျင့်ပျက် ခြစားမှုများ၏ အတိုင်းအတာကို ထောက်ပြခဲ့သည်။

ထိုစစ်တမ်းကို တစ်နိုင်ငံလုံးကို ကိုယ်စားပြုသည့်သဘောဖြင့် အိမ်ထောင်စု ၁,၂၂၄ စုကို မျက် နှာချင်းဆိုင်မေးမြန်းပြီး ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ရှာဖွေတွေ့ရှိချက်များကို အာရှပစိဖိတ်ဆိုင်ရာ ပြည်သူနှင့် အကျင့်ပျက်ခြစားမှု ခေါင်းစဉ်ဖြင့် အဆိုပါအဖွဲ့က ပုံနှိပ်ထုတ်ပြန်ခဲ့သည်။ ထိုစစ်တမ်းသည် စီးပွားရေးအသိုင်းအ၀ိုင်းထက် သာမန်ပြည်သူများ၏ အမြင်များကိုသာ တင်ပြထားပါသည်။ သို့သော်လည်း သူတို့၏ အတွေ့အကြုံများက ကုမ္ပဏီများကို အစိုးရအရာရှိများနှင့် သူတို့ ဆောင်ရွက်ရာမှာ ကြုံတွေ့ရနိုင်သော အခက်အခဲများကို တိတိကျကျ ပိုနားလည်လာနိုင်စွမ်းကို ပေးနိုင်သည်။

အဓိကလာဘ်စားနေတာဘယ်သူတွေလဲ

စစ်တမ်းဖြေဆိုသူများသည် ပြီးခဲ့သည့်နှစ်က ရဲ၊ နိုင်ငံသားမှတ်ပုံတင်စာရွက်စာတမ်းလုပ်ပေးသည့် ၀န်ထမ်း၊ အစိုးရ၀န်ထမ်း များ၊ တရားရုံးများ၊ ဆေးရုံ၊ မီးဖိုး၊ ရေဖိုး၊ အမှိုက်ဖိုး ကောက်ခံသူများ နှင့် အစိုးရကျောင်းများ စသည့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာဌာန ခြောက်ခုအနက် တစ်ခုကို သူတို့ အဆက်အဆံရှိခဲ့သလားဟု မေးခွန်းထုတ်ခံရသည်။ ထိုအခါ အဆိုပါဌာနများက သူတို့ကို လာဘ် ပေးရန် တောင်းခဲ့သလားဟု မေး မြန်းခြင်းကို ခံရသည်။

သူတို့၏ အဖြေများအရ ရဲ နှင့် ပတ်သက်ခဲ့သော  လူများအ နက် ၄၉ ရာခိုင်နှုန်း၊ မှတ်ပုံတင် စာရွက်စာတမ်းလုပ်သူများအနက် ၄၀ ရာခိုင်နှုန်း၊ တရားရုံးနှင့် ဆက် စပ်နေသောကိစ္စများ လုပ်သူများ အနက် မပေးချင်ဘဲ လာဘ်ပေးခဲ့ ရသူက ၃၉ ရာခိုင်နှုန်း ရှိသည်ဟု သိရသည်။ ဆေးရုံတွေကိုပေးသူ က ၂၁ ရာခိုင်နှုန်း၊ မီးဖိုး၊ ရေဖိုးမီတာခအတွက်က ၂၀ ရာခိုင်နှုန်းနှင့် စာသင်ကျောင်းကို ပေးရသူများက ၁၆ ရာခိုင်နှုန်းရှိပြီး နောက်ဆုံးကနေ လိုက်သည်။  သည်ပေးရမှုအရ သိသာထင်ရှားသည်မှာ အဆိုပါ အဖွဲ့အစည်းများသည် လူထုကို အဓိကအရေးပါသော၊ လူထုဝန်ဆောင်မှုပေးနေကြသော အဖွဲ့အစည်းများ ဖြစ်နေခြင်းပင်။ ပျမ်းမျှတွက်ကြည့်လျှင် အဆိုပါစာရင်းများအရ စစ်တမ်းကောက်ခဲ့သော လူဦးရေ၏ ၃၂ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့်နှစ်က လာဘ်ပေးခဲ့သည်ဆိုသည်ကို ပြနေသည်။

သို့သော်လည်း ဒေသအတွင်း အမြင်ဖြင့်ကြည့်လျှင် Transpa- rency International (TI) အဖွဲ့က သုတေသနပြုထားသော အရှေ့တောင်အာရှနိုင်ငံ ခြောက် နိုင်ငံမှာထဲမှာ မြန်မာက အဆိုးဆုံး တော့မဟုတ်ပါ။ ဗီယက်နမ်နိုင်ငံ သည် မြန်မာထက် နှစ်ဆခန့်ရှိပြီး စစ်တမ်းဖြေဆိုသူ ၆၁ ရာခိုင်နှုန်း သည် လာဘ်ပေးခဲ့ကြောင်း ၀န်ခံ ပြောကြားခဲ့သည်။

သာမန်ပြည်သူတွေအနေနဲ့ဘာများလုပ်နိုင်သလဲ

 အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်ဖို့ လူတွေက ဘာတွေလုပ်ပေးနိုင်သော အရာများကို စာရင်းလုပ်မေးရာမှာ ဖြေဆိုသူများနက် ၆၂ ရာခိုင်နှုန်းက သာမန်လူ များအနေဖြင့် ဘာမှမလုပ်ပေးနိုင်ပါဟု ဖြေကြ၏။ နောက်ထပ် ဒုတိ ယအဖြေအများဆုံးမှာ လာဘ်ပေးရန် ငြင်းဆိုမည်ဖြစ်သည်။ သို့ သော် မြန်မာနိုင်ငံက စစ်တမ်းဖြေဆိုသူများအနက် ၁၀ ရာခိုင်နှုန်းကပဲ အဆိုပါအဖြေကို ရွေးချယ်ခဲ့သည်။ အင်ဒိုနီးရှားက ထိုအဖြေကို ရွေးချယ်မှု ၃၃ ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံမှာ ၃၇ ရာခိုင်နှုန်း ရှိသည်။ အကြောင်းမှာ သာမန် ပြည်သူများက သူတို့မှာ ရွေးစရာ လမ်းမရှိဟု ယူဆကြ၍ဖြစ်သည်။

ဖြေဆိုသူ ၉ ရာခိုင်နှုန်းက အကျင့်ပျက်ခြစားမှုကို တိုင်တန်းလျှင် အကျိုးသက်ရောက်မှုရှိမည်ဟု ထင်ကြသည်။ ဘာကြောင့် လာဘ်ပေး၊ လာဘ်ယူလုပ်တာကို မတိုင်သလဲဆိုသည့်အခါ ၂၉ ရာ ခိုင်နှုန်းက တိုင်ရင်လည်း ဘာမှ ထူးမည်မဟုတ်ဟု ဖြေကြသည်။

နောက်ထပ် စစ်တမ်းဖြေသူ ၂၄ ရာခိုင်နှုန်းက ဖြစ်ပေါ်လာမည့်အကျိုးဆက်ကို လူတွေက ကြောက်လို့ လာဘ်ပေး၊ လာဘ်ယူခြင်းကို မတိုင်ခြင်းဟု ဖြေကြားသည်။ စစ်တမ်းမှာ အသေးစိတ်မဖော်ပြထား သော်လည်း လာဘ်ပေးမှုမှာ ပါဝင်ပတ်သက်နေသော အာဏာရှိ သော အစိုးရတာဝန်ရှိသူများနှင့် ဆက်နွှယ်သူ အုပ်စုများက သူတို့အား တစ်နည်းတစ်ဖုံ လက်တုံ့ ပြန်ကြမည်ကို စိုးသည့်အတွက်ဟု အလွယ်တကူ ခန့်မှန်းနိုင်သည်။

စီးပွားရေးအမြင်

သာမန်မြန်မာပြည်သူများ၏ တာဝန်ရှိသူများနှင့် ဆောင်ရွက် လုပ်ကိုင်မှုကနေ ရလာသော ဒုက္ခအတွေ့အကြုံများသည် မြန်မာနှင့် ပိုကျယ်ပြန့်သော အရှေ့တောင် အာရှဒေသတွင်းမှာ လုပ်ကိုင်နေ ကြသော နိုင်ငံတကာကုမ္ပဏီများ ၏ အတွေ့အကြုံနှင့်လည်း ပုံစံတူ ပင် ဖြစ်ပါလိမ့်မည်။

ဥပမာ အမေရိကန် ကုန်သည်ကြီးများအဖွဲ့ စင်ကာပူအခြေစိုက်နှင့် အမေရိကန်အခြေစိုက်တို့၏ ၂၀၁၆-၁၇ အရှေ့တောင်အာရှစီးပွားရေးအမြင် စစ်တမ်းတွင် ဖြေဆိုသူ ၅၀ ရာခိုင်နှုန်းကျော်က အစိုးရပုံမှန်ဝန်ဆောင်မှုများအတွက် တာဝန်ရှိသူတွေကို လာဘ်ပေးရမည်ဆိုသည့် အနေအထားက သူတို့၏ စီးပွားရေးလုပ်ငန်းများကို တချို့ခက်ခဲမှုများ (သို့မဟုတ်) အလွန့်အလွန်ခက်ခဲမှုများ ဖြစ်စေသည်ဟု ဆိုသည်။ ထို အခက်အခဲများက အဖွဲ့အစည်း အား ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း ရသည့် အကြောင်းမဖြစ်စေသော်လည်း နေ့တိုင်းလုပ်ငန်းဆောင်ရွက်လည်ပတ်မှုများကို အတားအဆီးဖြစ်စေသည်။

အလားတူပင် ၂၀၁၄ ကမ္ဘာ့ ဘဏ်၏လုပ်ငန်းများ စစ်တမ်းအရ အခွန်အရာရှိများကို တွေ့ရ သည့်အခါ သူတို့ဆီက လက် ဆောင်ပေးရမည် မျှော်လင့်ကြ တာကို ခံရသည်ဟု မြန်မာကုမ္ပဏီ ၃၇ ရာခိုင်နှုန်းက ဖြေကြားသည် ဟု သိရသည်။ လုပ်ငန်းလိုင်စင် လျှောက်လျှင်လည်း သူတို့ဆီက လက်ဆောင်ရမည်ဟု မျှော်လင့် နေကြတာကို ခံရကြောင်း ကုမ္ပဏီ ၃၉ ရာခိုင်နှုန်းက ဖြေကြားသည်။ ထိုစစ်တမ်းသည် လက်ရှိအစိုးရ အာဏာမရခင်က ကောက်ယူခဲ့ ခြင်းဖြစ်သည်။ ရေရှည်တွင်ပြုပြင် ပြောင်းလဲမှုများက အစိုးရလုပ်ထုံး လုပ်နည်းများတွင် အကျင့်ပျက်ခြ စားမှုများအတွက် အခွင့်အရေး များကို လျှော့ချနိုင်လိမ့်မည်။ သို့ သော် ချက်ချင်းလက်ငင်းတော့ ဖြစ်လာမည်မဟုတ်။

သည်အတောအတွင်း၌ ပြည်တွင်းဝန်ထမ်းများ အကြားတွင် အစိုးရတာဝန်ရှိသူများ လာဘ် တောင်းရမှာကို ထုံးစံဟု မြင်ချင် သည့် ဆန္ဒများလည်း ရှိကောင်း ရှိမည်။ သို့သော်လည်း မြန်မာအစိုးရ၏ အကြီးတန်းတာဝန်ရှိသူများအဆင့်မှာ လာဘ်ယူသည်ကို ထုံးစံဆိုသည့် အမြင်ဆက်ရှိနေတော့မည်မဟုတ်ပါ။ သည်အခြေအနေက နိုင်ငံတကာလာဘ်စားမှု တိုက်ဖျက်ရေးဥပဒေနှင့် ကိုက်ညီ ဖို့ ခက်လှ၏။

အနိမ့်ဆုံးအဆင့်အဖြစ် ရုံး လုပ်ငန်းစဉ်များမှာ အကုန်အကျ ပိုများပြီး နှောင့်နှေးမှုများရှိသည် ဆိုလျှင်ပင် လာဘ်တောင်းလာ လျှင် မပေးရန် နည်းဗျူဟာကို ကုမ္ပဏီများက သူတို့ဝန်ထမ်းများကို လေ့ကျင့်ပေးထားဖို့ လိုသည်။

အောက်ပါပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအတွက် ပြီးခဲ့သည့်နှစ်အတွင်း ငွေကြေးပေးကမ်းခဲ့ရပါသလား။ (လာဘ်ထိုးခဲ့ရပါသလား)

ဘာကို စောင့်ကြည့်ရမလဲ

တခြား အစိုးရပြဿနာများကဲ့သို့ လာဘ်ပေး၊ လာဘ်ယူတိုက် ဖျက်ရေးမှာလည်း မြန်မာနိုင်ငံအ နေဖြင့် သည်အတိုင်းရပ်ကြည့်နေ လို့မရပါ။ သည်နေရာမှာက မေး စရာရှိတာက နိုင်ငံအနေဖြင့် တ ဖြည်းဖြည်းရှေ့ကို ချီတက်သွား မှာလား (သို့မဟုတ်) အစိုးရ၏ ထိ ရောက်သော စွမ်းဆောင်မှုအား နည်းမှုကြောင့် တကယ်ပဲ အခွင့် အရေးကို အဆုံးရှုံးခံသွားမလားဆိုတာပဲ ဖြစ်သည်။

အောက်ပါတို့က လာဘ်ပေး၊ လာဘ်ယူတိုက်ဖျက်ရေးမှာ အဓိ စောင့်ကြည့်ရမည့် အချက်သုံးခု ဖြစ်သည်။

-ပထမအချက်က လက်တွေ့အကျဆုံးဖြစ်သည်။ နှေးကွေးပြီးရှုပ်ထွေးသော အစိုးရလုပ်ထုံး၊ လုပ် နည်းများက လာဘ်စားလို့ရမည့် အခြေအနေတွေကို ဖန်တီးပေး၏။  ထို့ကြောင့်လည်း မြန်မြန်ဆန်ဆန် လုပ်ကိုင်ပေးရေးအတွက် တာဝန် ရှိသူများကို လာဘ်စားအောင် အ ခွင့်အရေးပေးသလို ဖြစ်စေသည်။ တိုးတက်မှုများ ထိရောက်ရေးနှင့် နည်းပညာစွမ်းဆောင်ရည်များကို လက်တွေ့မှာ ဘယ်လောက်မျှော် မှန်းနိုင်ပါသလဲ။ မြန်မာမှာတော့ ချက်ချင်း သိသာတိုးတက်သည့် အခြေအနေများကို မတွေ့ရသေး ပါ။ ၂၀၁၇ ကမ္ဘာ့ဘဏ်၏ နှစ်စဉ် စီးပွားရေးအစီရင်ခံစာအရ ဆောက်လုပ်ရေး လိုင်စင်အတွက် လျှောက်ထားခြင်းကဲ့သို့ စီးပွားရေး ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခြင်းက မဖြစ်စ လောက်သာ ဖြစ်သည်။ မြန်မာ သည် စီးပွားရေးလုပ်ရန် လုပ်ထုံး လုပ်နည်းများကို လျှော့ပါးပေး သည့် နိုင်ငံ ၁၉၀ အနက် အဆင့်(၁၇၀)မှာ ရှိနေသည်။ ယမန်နှစ် က(၁၇၁)နေရာမှာ ရှိသည်။

- ဒုတိယအချက်က စည်းမျဉ်းဥပဒေနှင့်အညီ လိုက်လုပ်မှုရှိ၊ မရှိ ဆိုတာ ဖြစ်သည်။ လာဘ်စားသူ အရာရှိများကို အရေးယူမည်ဟု မြန်မာအစိုးရက ကြေညာထား သော်လည်း ယခုအချိန်ထိ တကယ် ဘယ်လောက် ဆောင်ရွက်နေပါသလဲ။ ယခုအချိန်အထိ လက်တွေ့အကောင်အထည်ဖော် ဆောင် ရွက်တိုးတက်မှုက အကန့်အသတ် ဖြင့်သာ ရှိနေသေးသည်ကို တွေ့ရသည်။

-တတိယအချက်က မြန်မာကုမ္ပဏီများဖြစ်သည်။ နိုင်ငံတကာအကျင့်ပျက်ခြစားရေး စံချိန်စံညွှန်းများကို လိုက်နာကျင့်သုံးဖို့ သူတို့မှာ ဘယ်လောက်အထိ လုပ်လိုစိတ်ရှိသလဲ။ ၂၀၁၆ မြန်မာ့စီးပွားရေးလုပ်ငန်းများ ပွင့်လင်းမြင် သာမှု အစီရင်ခံစာအရ မြန်မာက ထိပ်တန်းကုမ္ပဏီကြီး ဆယ်ခုက နေ ၁၅ ခုလောက်က နိုင်ငံတကာ အကောင်းဆုံးလုပ်ထုံး လုပ်နည်းများကို ကျင့်သုံးရန်ကြိုးစားနေကြသည်။ ဥပမာလာဘ်ပေးမှု မရှိဘဲလုပ်ထားသည်ဆိုတာမျိုးဖြစ်၏။

သည်လိုဆောင်ရွက်ခြင်းဖြင့် သူတို့အတွက် မက်စရာမှာ အဆင့်အတန်းမြင့်သော နိုင်ငံတကာ ကုမ္ပဏီကြီးများနှင့်အတူ လုပ်ခွင့်ရရေးအတွက် ဖြစ်သည်။ သို့ရာ တွင် ယခုအချိန်အထိ မြန်မာကုမ္ပဏီအများစုကြီးက သူတို့ ဥပမာ အတိုင်း လိုက်လုပ်ကြသည်ကို အနည်းငယ်သာ တွေ့ရသည်။

 နိုင်ငံတကာ ကုမ္ပဏီများ သည် စတုတ္ထမြောက် စောင့်ကြည့်လိုက်နာစရာ တစ်ခုဖြစ်သည်။ မြန်မာသည် နိုင်ငံခြားကုမ္ပဏီများ၏ နိုင်ငံတကာက ဥပဒေစည်းမျဉ်းများနှင့် လိုက်နာမှုရှိ၊ မရှိကို စောင့်ကြည့်အရေးယူခံရမည့် ပစ်မှတ်များ ဖြစ်လာမလား။ ထိုကဲ့သို့ အရေးယူခံရသည်မှာ ယခုအချိန်အထိ ဥပမာအသေးစားတစ်ခုသာ ရှိပါသေးသည်။

၂၀၁၁ မှာ အမေရိကန်က မြန်မာနှင့် ဆောင်ရွက်သည့် အာမခံပွဲစားကုမ္ပဏီတစ်ခုကို သင့် တော်သော ထိန်းချုပ်ဆောင်ရွက်မှုမရှိဘဲ လုပ်ဆောင်နေသည်ဟု အမေရိကန်က တခြားနိုင်ငံများ ကြားမှာ မြန်မာကို ထုတ်ဖော်ပြပြီး အရေးယူခြင်း တစ်ခါသာရှိဖူး သည်။ နောင်အချိန်ကာလတွေမှာလည်း မြန်မာကို အဓိကထားပြီး ပထမဆုံး နိုင်ငံတကာလုပ်ထုံးလုပ်နည်းများအရ အရေးယူသည့် ဖြစ်စဉ်များလည်း ရှိလာနိုင်သည်။

(Forbes မဂ္ဂဇင်းပါ John Bray ရေးသားသော Myanmar Facing Up To Bureaucratic Bribery ကို ထားထားမြင့် ဘာသာပြန်သည်။ )

7Day News Journal

ရာထူးတိုးအပြောင်းအရွှေ့ ချောမွေ့ပါရဲ့လား

ရာထူးတိုးအပြောင်းအရွှေ့ ချောမွေ့ပါရဲ့လား

ချင်းပြည်နယ်ထဲက ထန် ပါခွေ ကျောင်းလေးတွင် တာဝန်ထမ်း ဆောင်နေသည့် အထက်တန်းပြ ဆရာ၊ ဆရာမခုနစ်ဦးအနက် ခြောက်ဦးသည် ရာထူးတိုးဖြင့် အခြားဒေသသို့ ပြောင်းရွှေ့ရတော့ မည်ဖြစ်သည်။ ၎င်းတို့နေရာသို့ အ စားထိုးရောက်လာမည့် ဆရာ၊ ဆရာမများကို ထန်ပါခွေကျောင်းမှ တိုင်းရင်းသားကလေးငယ်များ စောင့်မျှော်နေကြသည်။ ထန်ပါခွေတွင် တာဝန်ထမ်းဆောင်ချိန်စေ့၍ မြေပြန့်ပြန်ရမည့် ဆရာ၊ ဆရာမများသည်လည်း အစားထိုး ရောက်လာမည့် ဆရာ၊ ဆရာမ လေးများ ရောက်မလာသေး၍ ကျောင်းသားများ၏ စာသင်ချိန်များ လစ်ဟာမည်ကိုတွေးကာ မြေပြန့်ဆင်းရမည့်အရေး စိတ်တထင့် ထင့်ဖြစ်ရသည်။
မြေပြန့်မှ တောင်ပေါ်လာရမည့် ဆရာ၊ ဆရာမများထန်ပါခွေသို့ မရောက်လာသေးသည်မှာ လည်း အကြောင်းရှိသည်။ ချင်းပြည်နယ် ထန်ပါခွေသို့ရောက်ရန် ပထမဆုံး ခန္တီးမြို့သို့လေကြောင်း (သို့မဟုတ်)ရေကြောင်းဖြင့် သွား ရသည်။ ခန္တီးမြို့တစ်ဖက်ကမ်းဆင်သေရွာကို ကူးပြီးနာဂတောင်ကို ဆက်တက်ရသည်။ ဆင်သေမှ မိုင် ၅၀ ကျော်အကွာအဝေးရှိ နာဂတောင်တန်းပေါ်တွင်ထန်ပါခွေမြို့နယ်ရှိသည်။ လမ်းခရီးကမိုးရေနှင့် တောင်ကျရေသံကြောင့် အတော် ပျက်စီးသွားပြီး ကျောက်ကြမ်း လမ်းသာသာရှိတော့သည်။ ဆင် သေ-ထန်ပါခွေလမ်းပေါ်ရှိ ကျောက်တောင်ချောင်းတံတား အပါအ၀င် တံတားအချို့မှာလည်း ယခုနှစ်ဇွန်လအတွင်းကပင် မိုး သည်းထန်၍ တောင်ကျရေနှင့် မျောပါသွားရာ ယာယီသစ်လုံးတံတားကိုသာ အားပြုနေရသည်။ ထိုအခြေအနေမျိုးတွင် ထန်ပါခွေကျောင်းသို့ တာဝန်ထမ်းဆောင်ရမည့်ဆရာ၊ ဆရာမများ ရောက်မလာသေးသည်မှာ အပြစ်မဆိုသာ ပေ။

ပညာရေးဝန်ကြီးဌာနကယခု ၂၀၁၇-၁၈ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များရှိ ဆရာ၊ဆရာမ များ၏ ရာထူးတိုး၊ အပြောင်းအ ရွှေ့များကို ဩဂုတ် ၃ ရက်က စ တင်ထုတ်ပြန်ပေးခဲ့သည်။ မိုးဥတု အလယ်တည့်တည့်အချိန် မိုးတ အုန်းအုန်းရွာကာ မြန်မာနိုင်ငံ၏ မြေပြန့်၊ တောင်ပေါ်ဒေသအတော် များများတွင် ရေကြီးရေလျှံမှုများ ကြုံတွေ့နေရချိန်၌ ရာထူးတိုး၊ အ ပြောင်းအရွှေ့အမိန့်စာများလက်ခံ ရခြင်းသည် ဆရာ၊ ဆရာမများအ တွက် ၀မ်းသာဝမ်းနည်းအခြေအ နေပင်ဖြစ်သည်။ ရာထူးတိုးအမိန့် စာ စောင့်လာခဲ့သည်မှာ စာသင် နှစ်လေးပုံတစ်ပုံခန့်ပင် ကြာခဲ့ပြီမို့ ပျော်ရွှင်ဝမ်းသာရသော်လည်း မိုး တွင်းကာလ အထုပ်အပိုးတစ်ပုံ တစ်ပင်နှင့် တောင်ပေါ်ဝေးလံဒေ သသွားရမည့် အရေး၊ တောင် အောက်မြေပြန့်ဒေသဆင်းရမည့် အရေးသည် နယ်မြေမကျွမ်းသော ဆရာ၊ ဆရာမများအတွက် ရင် မောစရာပင်ဖြစ်သည်။

‘‘ရာထူးတို့လို့ ပြောင်းချင်တဲ့ နေရာ ပြောင်းရမှာမို့ ပျော်ကြပေမယ့် ဝေးလံခေါင်ဖျားကိုစလာရမယ့် ဆရာ၊ ဆရာမတွေရော၊ မြေ ပြန့်ပြန်ရမယ့် ဆရာ၊ ဆရာမတွေရော ဒုက္ခအကြီးအကျယ်ရောက် တဲ့အချိန်ပါ’’ ဟု ချင်းပြည်နယ်နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ထန်ပါခွေအထက်တန်းကျောင်းမှ ဆရာဦးတင့်နိုင်ထွန်းက ဆိုသည်။

လွန်ခဲ့သော တစ်နှစ်ကျော်က ချင်းတွင်းမြစ်အတွင်းအောင် စိုးမိုးကျော် အမြန်ရေယာဉ်တိမ်း မှောက်မှု၌ ဇာတိဒေသနှင့်ဝေးရာ ချင်းတောင်တန်းပေါ်တွင် တာဝန် ထမ်းဆောင်နေရင်း သီတင်းကျွတ် ကျောင်းပိတ်ရက် ဇာတိမြေသို့ ခေတ္တပြန်သည့် ဆရာ၊ဆရာမများ အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းဖြစ်စဉ်က အသက်စွန့်တာဝန်ထမ်း ဆောင်ရသော ဆရာ၊ ဆရာမများ ၏ ၀မ်းနည်းထိတ်လန့်ဖွယ်ရာအ ဖြစ်အပျက်သာဓကတစ်ခုဖြစ်ခဲ့ သည်။ ယခုဩဂုတ်လအတွင်းတွင် ချင်းပြည်နယ်တိုင်ငံရွာ၌ တာဝန်ထမ်းဆောင်နေသော ဆရာမတစ်ဦး အပြောင်းအရွှေ့အမိန့်ရသဖြင့် မြေပြန့်သို့ပြန်စဉ်ထန်ပါခွေ-တိုင်ငံလမ်း တိုင်မောင်းချောင်းအနီး ချောက်ထဲပြုတ်ကျခြင်းမျိုး ကြုံ တွေ့ခဲ့ရသည်။ ကံကောင်း ထောက်မ၍သာ အသက်မသေခဲ့ ခြင်းဖြစ်သည်။

မိုးတွင်းကာလတွင် ရေကြီး ရေလျှံမှုများ၊ မြေပြိုမှုများကြောင့် ဝေးလံခေါင်သီသော တောင်ပေါ် ဒေသများသို့ တာဝန်ထမ်းဆောင်ရန် သွားလာရသည့် ဆရာ၊ဆရာမများသည် လမ်းခရီးတစ်လျှောက် လမ်းပန်းဆက်သွယ်ရေး အခက် အခဲများ ကြုံတွေ့ရသည်။ တောင် ပေါ်ဒေသများတွင် တာဝန်ထမ်း ဆောင်ချိန်စေ့၍ မြေပြန့်သို့ ပြန်ရ မည့် ဆရာ၊ ဆရာမများသည်လည်း အလားတူအခက်အခဲများ ရင်ဆိုင်ရသည်။

‘‘မိုးထဲရေထဲ မြစ်ရေကြီးချိန် ရေကြောင်းနဲ့လာရင်လည်း ရေယာဉ်စက်ချွတ်ယွင်းရင်၊ ၀န်ပိုတင် တာကြုံရရင် အန္တရာယ်များတယ်။ ကုန်းလမ်းကလာလည်း တောင် ပေါ်လမ်းတွေပြို၊ ကမ်းပါးတွေပြို၊ တောင်ကျရေနဲ့ တံတားကျိုးကျ ချိန်မှာ တောင်ပေါ်တက်လာကြ ရတယ်။ အန္တရာယ်အရမ်းများပါတယ်။ အခုအချိန်အပြောင်းအ ရွှေ့သွားရတာ’’ ဟု ဆရာဦးတင့် နိုင်ထွန်းက မိုးတွင်းကာလတာဝန် ပြောင်းရွှေ့ထမ်းဆောင်ရသည့် ဆရာ၊ ဆရာမများ၏ အခက်အခဲ ကို ပြောသည်။

ဆရာ၊ ဆရာမများ၏ ရာထူး တိုး၊ အပြောင်းအရွှေ့နှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးဝင်းမော်ထွန်းက ‘‘ပညာရေးဝန်ကြီးဌာနအနေဖြင့်  အခြေခံပညာကျောင်းများမှ ဆ ရာ၊ ဆရာမများရဲ့ရာထူးတိုး၊ အ ပြောင်းအရွှေ့ကိစ္စများကို နွေရာ သီ ကျောင်းပိတ်ရက်ကာလအ တွင်းမှာသာ ဆောင်ရွက်ပြီး ဇွန်လ ကျောင်းဖွင့်ချိန်အမီ လုပ်ငန်းခွင် ၀င်ရောက်ရေး ကျွန်တော်တို့ပညာ ရေးဝန်ကြီးဌာနက ဒီနှစ်ကစပြီး အဓိကထား ဆောင်ရွက်ခဲ့ပါ တယ်’’ ဟု ၂၀၁၆ ဒီဇင်ဘာ ၈ရက် ကကျင်းပသည့် ပြည်သူ့လွှတ် တော်အစည်းအဝေး၌ တွံတေးမဲ ဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်၏ မေးခွန်းကို ဖြေ ကြားခဲ့သည်။

‘‘မေလလောက် မလုပ်နိုင်ရင်တောင်မှ ဇွန်လဆန်းမှာ အ ပြောင်းအရွှေ့လုပ်သင့်ပြီထင်ပါတယ်။ ပညာရေးဝန်ကြီးကိုယ်တိုင်က စောစောလုပ်ပေးမယ်ပြောခဲ့ပြီး ဩဂုတ်လမှ လုပ်ပေးခဲ့တာ မျက် မြင်ပါပဲ’’ ဟု ဆရာဦးတင့်နိုင်ထွန်း က ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ဇွန်လကျောင်းဖွင့်ချိန်အမီ ပညာရေးဝန်ထမ်းဆရာ၊ဆရာမ များ၏ ရာထူးတိုးပြောင်း ကိစ္စရပ်များကို ဆောင်ရွက်ပါသည်ဟု ယခင်ပညာသင်နှစ်ပြီးဆုံးပြီးခါစ က ဒုဝန်ကြီးက ပြောကြားခဲ့သော် လည်း ယခုပညာသင်နှစ်တွင် ဖြေကြားထားသကဲ့သို့ အချိန်မီ မ ဆောင်ရွက်နိုင်ဘဲ ကြန့်ကြာခဲ့ခြင်း ဖြစ်သည်။

ယခုပညာသင်နှစ်တွင် အ ခြေခံပညာကျောင်းများ၌အထက် တန်းပြ ၆,၄၆၉ ဦး၊ အလယ်တန်း ပြ ၂၃,၉၀၀ ဦးနှင့် မူလတန်းပြ ၂၁,၈၉၄ ဦးလိုအပ်နေကြောင်း အခြေခံပညာဦးစီးဌာန၏ စာရင်း များအရ သိရသည်။

ဆရာအင်အားအများဆုံးလိုအပ်သည့် ဒေသမှာ ဧရာဝတီတိုင်း ဒေသကြီးရှိ အခြေခံပညာကျောင်း များဖြစ်ပြီး ကျန်ပြည်နယ်နှင့်တိုင်း ဒေသကြီးများရှိ ဝေးလံခေါင်ဖျား သည့် ကျေးလက်ဒေသများ၊ တောင်ပေါ်ဒေသများ၌လည်း ဆရာလိုအပ်ချက် မြင့်မားနေဆဲ ဖြစ်သည်။ ဆရာ၊ ဆရာမအဖြစ် ဒေသခံများကိုဦးစားပေးခန့်ထား ရေးမူကျင့်သုံးနေသော်လည်း လုံ လောက်မှုမရှိခြင်းကြောင့် အခြား ဒေသမှ ဆရာ၊ ဆရာမများကို စေ လွှတ်နေရသည့် အနေအထားဖြစ် သည်။

အခြေခံပညာကျောင်းများရှိ ဆရာ၊ဆရာမများ၏ရာထူးအဆင့်အလိုက် ရာထူးတိုးမြှင့်ခန့်ထား ခြင်း၊ ကျောင်းတစ်ကျောင်းမှ တစ် ကျောင်းသို့ ပြောင်းရွှေ့ခန့်ထား ခြင်းကိစ္စရပ်များကို ပညာရေးဝန် ကြီးဌာန အခြေခံပညာဦးစီးဌာန က တစ်နှစ်တစ်ကြိမ်ပြုလုပ်လေ့ရှိ သည်။ ရာထူးတိုးပြောင်းကိစ္စရပ်များကို ယခင်အစဉ်အဆက်က နွေရာသီကျောင်းပိတ်ရက် မေလအတွင်းဆောင်ရွက်လေ့ရှိသော်လည်း ၂၀၁၆-၁၇ ပညာသင်နှစ် ရော၊ ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင်ပါကျောင်းဖွင့်ပြီး စာသင် နှစ်လေးပုံတစ်ပုံခန့် ကုန်ဆုံးချိန်၊ မိုးဥတုရေကြီးချိန်မှသာ ဆောင် ရွက်ခဲ့ခြင်းကြောင့်  ဆရာ၊ ဆရာမ အသိုင်းအ၀ိုင်းတွင် ဝေဖန်မှုများ ညံနေသည်။

‘‘အခုလို စာသင်ကြားနေဆဲ ကာလ မိုးတွင်းအလယ်တည့်တည့်မှာ လုပ်လိုက်တဲ့အတွက် ဆရာ၊ ဆရာမတွေ သွားရေး၊ လာရေး ခက်ခဲတယ်။ ရွှေ့ပြောင်းရတဲ့ ဒုက္ခ ရောက်တယ်။ အကယ်၍ အဲဒီ ဆရာ၊ဆရာမတွေရဲ့ ကလေးတွေ က ကျောင်းနေအရွယ်ဖြစ်နေရင် ကလေးတွေပါ ကျောင်းလိုက် ပြောင်းရမယ်။ ရွှေ့ ပြောင်းရမယ်။ လက်ရှိသူတို့သင်ကြားပေးနေတဲ့ ကလေးတွေမှာလည်း ဆရာအကူး အပြောင်းကြားထဲမှာ ဆရာလစ် လပ်သွားတဲ့အတွက်သင်ကြားရေးနှောင့်နှေးတယ်’’ ဟု အလက (၂)မိတ္ထီလာမှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

ဆရာ၊ဆရာမများ၏ ရာထူးတိုး၊ အပြောင်းအရွှေ့များကို ကျောင်းဖွင့်ချိန်မှသာ ဆောင်ရွက် ခြင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများရှိနေသည်ဟု ဆရာ၊ ဆရာမအချို့က ဆိုသည်။

‘‘လက်ရှိဆရာက စသင်နေ ပြီး အသားကျခါမှ နောက်ဆရာ တစ်ဦးလာတော့ ကလေးတွေ အ နည်းနဲ့အများ ဒုက္ခရောက်ရပါ တယ်။ အပြောင်းအရွှေ့နဲ့ အနည်းဆုံးနှစ်ပတ်လောက်ကတော့ သင်ကြားရေးထိခိုက်တယ်’’ ဟု တနင်္သာရီတိုင်းဒေသကြီး ထား ၀ယ်မြို့နယ်မှ အထက်တန်းပြ ဆရာမတစ်ဦးက ပြောသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် ရာထူးတိုးအပြောင်းအရွှေ့ ကိစ္စရပ်ဆိုင်ရာ မူဝါဒများ၊ ညွှန် ကြားချက်များကို တိတိကျကျချမှတ်ပြီး အချိန်မီအကောင်အထည် ဖော်ရန် လိုအပ်သည့်အပြင် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် ဆရာ၊ ဆရာမများကို ချပြရန် အရေးကြီး သည်ဟု ပညာရေးအသိုင်းအ၀ိုင်း မှ ဆရာ၊ ဆရာမများက ထောက် ပြသည်။

‘‘ပညာရေးဝန်ကြီးကို အကြံ ပြုချင်တာက ပြတ်သားတဲ့အရေးယူမှုတွေလုပ်၊ တိကျတဲ့ညွှန်ကြားချက်တွေပေးပြီးတော့ အချိန်သတ်မှတ်ပြီးတော့ ဘယ်ကာလအတွင်း ပြီးပြတ်အောင်၊ အမှားအယွင်း နည်းအောင်ဆောင်ရွက်ဖို့ ညွှန် ကြားချက်တွေလုပ်ဖို့လိုပြီ’’ ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်အတွင်းရေးမှူး၊ ကျောက်ဆည်တက္ကသိုလ်မှ ကထိကဒေါက်တာဇော်မျိုးလှိုင်က ပြောသည်။

ရာထူးတိုးပြောင်းရွှေ့မိန့်သည် တစ်နှစ်တစ်ခါသာပြုလုပ်၍ ကြိုတင်ပြင်ဆင်ချိန်ရကြောင်း၊ သို့ ဖြစ်ရာ ရာထူးတိုးပြောင်းကိစ္စ အ ပေါ်စီမံခန့်ခွဲမှုသည် လိုအပ်ချက် ရှိနေ၍ သက်ဆိုင်ရာပညာရေး ၀န်ကြီးဌာနက ကြီးကြပ်စီမံရမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

အခြေခံပညာဦးစီးဌာနအ နေဖြင့် ဦးစီးဌာနအောက်ရှိ သင်ကြားရေးနှင့် စီမံခန့်ခွဲရေးရာထူး အဆင့်အချို့၏ ရာထူးတိုးများကို ယခုကဲ့သို့ လုပ်သက်တစ်ခုတည်း အပေါ် ဆုံးဖြတ်ဆောင်ရွက်ခြင်း မဟုတ်ဘဲ အရည်အသွေးကိုဆန်း စစ်သည့်အနေဖြင့် ရာထူးတိုး လျှောက်ထားသည့်ရည်ရွယ်ချက်၊ ရာထူးတိုးပြီးပါက ဆောင်ရွက် မည့်လုပ်ငန်းစဉ်များကို တင်ပြစေ ပြီးမှ ရာထူးတိုးပေးသည့် မူဝါဒ အသစ်ကို ယခုနှစ်တွင် စတင်ကျင့် သုံးခြင်းကြောင့် အထက်အဆင့်မှ အောက်အဆင့်သို့ တစ်ဆင့်ချင်း ဆောင်ရွက်ရသဖြင့် ရာထူးတိုး၊ အပြောင်းအရွှေ့ကိစ္စများ နှောင့် နှေးသွားခြင်းဖြစ်သည်ဟု အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအောင်နိုင်စိုးက ပြောသည်။

‘‘ဒီနှစ်ကတော့ ဆရာတို့ဘက်က ရာထူးတိုးကိစ္စမှာ တချို့အဆင့်တွေကို လုပ်သက်တစ်ခုတည်းမဟုတ်ဘဲ Performance  ပါကြည့်တဲ့မူဝါဒအသစ် စသုံးလိုက်တဲ့အတွက် နှောင့်နှေးသွား တာပါ။ ဆရာ၊ ဆရာမတွေ အ ခက်အခဲဖြစ်သွားတာကိုလည်း နားလည်ပါတယ်။ ဆရာထင်ပါတယ် နောက်နှစ်တွေတော့ ကျောင်းမဖွင့်ခင် ဆောင်ရွက်ပေး နိုင်မှာပါ’’ ဟု ၎င်းကဆက်လက် ပြောကြားသည်။

ပညာရေးဝန်ကြီးဌာနအနေ ဖြင့် လာမည့်ပညာသင်နှစ်များတွင် ကျောင်းဖွင့်ချိန်အမီ ရာထူးတိုး၊ အပြောင်းအရွှေ့များဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊မရှိ စောင့်ကြည့်ရမည်ဖြစ်သည်။

7Day News Journal

ကျပ် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃၂၀၆ ချီးမြှင့်မည်

ကျပ် ၅၀၀ တန် အောင်ဘာလေထီဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃၂၀၆
ချီးမြှင့်မည်

၂၀၁၇၊ စက်တင်ဘာ ၁ ရက်နေ့တွင် ဖွင့်လှစ်ကျင်းပမည့် ၆ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆုဖွင့်ပွဲတွင် ဆုမဲပေါင်း ၁၂၃၂၀၆ ဆုကို ခွဲဝေချီးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။

ကျပ်သိန်းတစ်သောင်း ၁ ဆု၊ ကျပ်သိန်းငါးထောင် ၂ ဆု၊ ကျပ်သိန်း သုံးထောင် ၃ ဆု၊ ကျပ်သိန်းတစ်ထောင် ၆ ဆု၊ ကျပ်သိန်းငါးရာ ၁၀ ဆု၊ ကျပ်သိန်းသုံးရာ ၁၁ ဆု၊ ကျပ်သိန်းတစ်ရာ ၁၁ ဆု၊ ကျပ်သိန်းငါးဆယ် ၁၅ ဆု၊ ကျပ်သိန်းသုံးဆယ် ၂၂ ဆု၊ ကျပ်ဆယ်သိန်း ၂၅ ဆု၊ ကျပ်သုံးသိန်း ၁၀၀ ဆု၊ ကျပ်နှစ်သိန်း ၁၀၀၀ ဆု၊ ကျပ်တစ်သိန်း ၁၂၀၀၀ ဆု၊ ကျပ်ငါးသောင်း ၁၁၀၀၀၀ ဆု စုစုပေါင်း ဆုမဲအရေအတွက် ၁၂၃၂၀၆ ရှိကြောင်း သိရသည်။

ကျပ် ၅၀၀ တန်ထီလက်မှတ်များကို ၂၀၁၇ ခုနှစ်၊ မတ် ၁ ရက်တွင် စတင်ရောင်းချရာ အမြင့်ဆုံးဆုမဲ ကျပ်သိန်း တစ်သောင်း ပါဝင် လာခြင်းကြောင့် ပြည်သူများ စိတ်ဝင်စားခဲ့ကြပြီး ထီထိုးသူများပြားခဲ့သည်။

The Ladies News

ယင်လပ်က နိုင်ငံရေးခိုလှုံခွင့် ရရှိလိမ့်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ပြော

ယင်လပ်က နိုင်ငံရေးခိုလှုံခွင့် ရရှိလိမ့်မည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ် ချန်အိုချာ ပြော

ရာဇဝတ်မှုမြောက်သော ပေါ့ဆမှုဖြင့် စစ်ဆေးခံနေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ်ရှင်နာဝတ်ထရာသည် တရားရုံး၏ စီရင်ချက်ချမည့်   နေ့မတိုင်မီ  နိုင်ငံတွင်းက ရုပ်ရှင်ဆန်ဆန် လွတ်မြောက်သွားခဲ့ရာ ၄င်းအနေဖြင့် ပြည်ပနိုင်ငံတစ်နိုင်ငံတွင် နိုင်ငံရေးခိုလှုံခွင့် အခွင့်အရေး ရရှိလိမ့်မည်ဟု မထင်ကြောင်း ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောလိုက်သည်။

လက်ရှိတွင် ယင်လပ်မှာ မည်သည့်နိုင်ငံတွင် ရောက်ရှိနေသည်ဆိုခြင်းနှင့် ပတ်သက်ပြီး ကျိန်းသေ ပြောနိုင်ခြင်း မရှိသေးပေ။

ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သော တာဝန်ပေါ့ဆမှုဖြင့် တရားစွဲဆိုခံရသည့် ယင်လပ်သည် သြဂုတ် ၂၅ ရက် တရားရုံး စီရင်ချက် ချမည့်နေ့သို့ လာရောက်ခဲ့ခြင်း မရှိဘဲ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

ထိုအတွက် တရားရုံးက ဖမ်းဝရမ်းထုတ်ထားရသော ယင်လပ်က ဒူဘိုင်းသို့ ရောက်နေပြီး ယူကေသို့ နိုင်ငံရေးခိုလှုံခွင့် ကြိုးစားဖွယ်ရှိသည်ဟု စစ်အစိုးရသတင်းရင်းမြစ်တစ်ရပ်က အေအက်ဖ်ပီသို့ သြဂုတ် ၂၆ ရက်က ပြောသည်။

စစ်အစိုးရအဖွဲ့မှ အမည်မဖော်သော ရာထူးကြီးသတင်းရင်းမြစ်က ယင်လပ်သည် ကိုယ်ပိုင်လေယာဉ်ဖြင့် ထိုင်းမှ စင်ကာပူသို့ သွားကာ ယင်းမှတစ်ဆင့် ၎င်း၏ အစ်ကို  ပြည်ပြေးဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ထရာ ရှိနေသော ဒူဘိုင်းသို့ ကူးသွားဖွယ်ရှိသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ်က စစ်တပ်၏ အာဏာသိမ်းခြင်း ခံရသော အစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဟောင်း ယင်လပ်သည် စင်ကာပူမှ တစ်ဆင့် ဒူဘိုင်းသို့ ကူးသွားခြင်းကို ၄င်း၏ ပြူထိုင်းပါတီမှ သတင်းရင်းမြစ်များကလည်း ပြောထားသည်။

ဒူဘိုင်းတွင် ယင်လပ်၏ အစ်ကို သက်ဆင်က အကျင့်ပျက်ခြစားမှုဖြင့် ၂၀၀၈ ခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံရမည်ကို ရှောင်တိမ်းကာ ခိုလှုံနေခြင်းလည်းဖြစ်သည်။ သက်ဆင်၏ အစိုးရကိုလည်း ၂၀၀၆ ခုနှစ်အတွင်းက စစ်တပ်က ဖြုတ်ချကာ အာဏာသိမ်းခဲ့ခြင်းပဲ ဖြစ်သည်။

သို့သော်လည်း ထိုင်းကာကွယ်ရေး ဝန်ကြီး ပရာယွတ်ဝေါင်ဆူဝမ်က ယင်လပ်မှာ မည်သည့်အရပ်၊ မည်သည့်နိုင်ငံဒေသသို့ ရောက်ရှိနေသည်ကို မသိရှိပါဟု သြဂုတ် ၂၈ ရက်က ပြောကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ယင်လပ်အစိုးရ လက်ထက်တွင် လယ်သမားများအား ကူညီထောက်ပံ့ရန် ဆန်စပါး အမတော်ကြေးအစီအစဉ် ဆောင်ရွက်ခဲ့ရာ၌ အာဏာတာဝန် အလွဲသုံးစား လစ်ဟင်းမှုများ ကျူးလွန်ခဲ့သည်ဆိုကာ ယင်လပ်အား စစ်အစိုးရက တရားစွဲဆိုထားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံသည် ကျေးလက်ဆင်းရဲသားပြည်သူများ အားကိုးသော ရှင်နာဝတ်ထရာ နိုင်ငံရေးအသိုင်းအဝန်းနှင့် ဘုရင့်ဘက်တော်သား စစ်တပ်ထောက်ခံသည့် အထက်တန်းလွှာ နိုင်ငံရေးအုပ်စုကြား အကွဲအပြဲက ကြီးမားစွာ ရှိနေသည်။

Mizzima