Latest News

Thursday, July 13, 2017

YBS ယာဉ်သစ်များတွင် တာဝန်ထမ်းဆောင်မည့် ယာဉ်မောင်းခေါ်ယူမှုပြီးဆုံး


YBS ယာဉ်သစ်များတွင် တာဝန်ထမ်းဆောင်မည့် ယာဉ်မောင်းခေါ်ယူမှုပြီးဆုံး

ရန်ကုန် ဇူလိုင် ၁၂

တိုင်းဒေသကြီးအစိုးရအဖွဲ့က ၀ယ်ယူထား သော ၀ိုင်ဘီအက်စ်မော်တော်ယာဉ်သစ်များ တွင် တာဝန်ထမ်းဆောင်ရန် လျှောက်လွှာ တင်ထားသည့် ယာဉ်မောင်းဦးရေမှာ ဇူလိုင် ၁၁ ရက်အထိ ၄၀၀ ခန့် ရရှိထားပြီးဖြစ်သဖြင့် လျှောက်လွှာလက်ခံမှုကို ရပ်နားလိုက်ပြီဖြစ် ကြောင်း သိရသည်။
ဝိုင်ဘီအက်စ်ယာဉ်လိုင်းများတွင် ပါဝင် ပြေးဆွဲမည့် ယာဉ်သစ်များအတွက် ယာဉ်မောင်း များကို ဇူလိုင်လဆန်းမှ စတင်ခေါ်ယူနေခြင်း ဖြစ်ပြီး အခြေခံပညာအလယ်တန်းအဆင့်နှင့် (ခ) လိုင်စင်ရှိသူများကိုသာ လျှောက်ထားခွင့် လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာချုပ်ချုပ်

"၄၀၀ ထဲကနေ ၁၀၀ ကို စိတ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးနဲ့ပတ်သက်တဲ့ သင်တန်း တွေကို တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး နှင့် အများနှင့်သက်ဆိုင်သော ကုမ္ပဏီကနေ သင်တန်းပို့ချသွားမယ်။ နောက်ပြီး သတ်မှတ် ထားတဲ့ စည်းကမ်းချက်တွေနဲ့ ပတ်သက်ပြီး လည်း စာချုပ်ချုပ်ဆိုသွားမယ်" ဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲ မှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောဆိုသည်။

တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီက ၀ယ်ယူ ထားသည့် မော်တော်ယာဉ်သစ် အစီးရေ ၁,၀၀၀ အနက်မှ အစီးရေ ၅၀၀ အား ၀ိုင်ဘီ အက်စ်ယာဉ်လိုင်းတွင် ပါဝင်ပြေးဆွဲနိုင်ရန် ယာဉ်မောင်းများကို ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။

ညှိနှိုင်းမည်

"ပြီးခဲ့တဲ့လက ဆိပ်ကမ်းရောက်ထားတဲ့ ကားတွေထဲကနေ ၀ိုင်ဘီအက်စ်မှာ ပါဝင်ပြေးဆွဲ နိုင်ဖို့ ယာဉ်မောင်းတွေကို ခေါ်နေတာပါ။ ကားတွေကိုလည်း မှတ်ပုံတင်လုပ်နေပါတယ်။ ဆိပ်ကမ်းရောက်ကားတွေထဲက ဘယ်လောက် ပြေးဆွဲမယ်ဆိုတာကိုတော့ ဆွေးနွေးညှိနှိုင်း ရဦးမှာပါ" ဟု ဒေါက်တာ မောင်အောင်က ပြောဆိုသည်။

တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးနှင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီက ၀ယ်ယူ ထားသည့် ကားသစ်စီးရေမှာ ၁,၀၀၀ ခန့်ရှိ နေပြီဖြစ်ပြီး ၀ိုင်ဘီအက်စ်ယာဉ်လိုင်းများတွင် ပြေးဆွဲမည့် မော်တော်ယာဉ်အစီးရေကို အတိ အကျသတ်မှတ်နိုင်ရေး တိုင်းဒေသကြီး အစိုးရ နှင့် ညှိနှိုင်းသွားရန်ရှိကြောင်း သိရသည်။

အန္တရာယ်မဖြစ်

"၀ိုင်ဘီအက်စ်မှာမောင်းနှင်ဖို့ ယာဉ်မောင်း သစ်တွေ ခေါ်ယူတဲ့နေရာမှာတော့ သတ်မှတ် ချက်နဲ့ ကိုက်ညီတဲ့သူတွေပဲဖြစ်ရမှာပါ။ မောင်း တဲ့အခါမှာ အန္တရာယ်မဖြစ်စေဖို့အတွက်ကတော့ တစ်ယောက်ချင်းစီရဲ့ဆုံးဖြတ်ချက်နဲ့ စိတ်နေ စိတ်ထားပေါ်မှာပဲ မူတည်ပါတယ်" ဟု ၀ိုင်ဘီ အက်စ် ယာဉ်လိုင်းလုပ်ငန်းရှင်တစ်ဦးက ပြော ဆိုသည်။

တိုင်းဒေသကြီးအစိုးရက မှာယူထားသော မော်တော်ယာဉ်သစ် အစီးရေ ၁,၀၀၀ ခန့်မှာ ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပြီး လက်ရှိတွင် မြို့တွင်းဝိုင်ဘီအက်စ် ယာဉ်လိုင်းများကို မော်ဒယ်စုံယာဉ်အစီးရေ ၄,၀၀၀ ဖြင့် ပြေးဆွဲနေကြောင်း သိရသည်။
သူရ (မြစ်မခ)

No comments:

Post a Comment